ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်များ (၁၃) ကြိမ်မြောက်တွေ့ဆုံပွဲမှာ ဆောက်လုပ်ရေးကဏ္ဍနဲ့ သက်ဆိုင်တဲ့ အခက်အခဲတွေတင်ပြတောင်းဆိုခဲ့တယ်လို့ Myanmar Builders Guide ကသိရပါတယ်။
၁။ ဗဟိုဘဏ်က ထုတ်ပြန်ခဲ့တဲ့ စည်းမျဉ်းသစ်တွေအရ ဘဏ်တွေက Term Loan ကို သုံးနှစ်ချေးပေးပေမဲ့ သုံးလတစ်ကြိမ် အရင်းနဲ့ အတိုးငွေကို ပြန်ပေးသွင်းဖို့ညှိနှိုင်းပြီး သုံးလတစ်ကြိမ်အရင်းကို ပြန်ပေးရင် ဆောက်လုပ်ရေးလုပ်ငန်းတွေ ရင်းနှီးမြှုပ်နှံမှု၊ လုပ်ငန်းလည်ပတ်မှုတွေ ကြီးကြီးမားမား ထိခိုက်ပြီး လုပ်ငန်းတွေ ရပ်ဆိုင်းရတဲ့အထိ ဖြစ်ပေါ်နိုင်။
၂။ ဗဟိုဘဏ်က ၂၀၁၇ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ ချေးငွေဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ၊ ဘဏ်လုပ်ငန်းနဲ့ နိုင်ငံတော်အတွက် ရေရှည်ပိုကောင်းမွန်စေနိုင်မယ့် စည်းမျဉ်းတွေဖြစ်ပေမဲ့ အခုအချိန်ကာလမှာ နိုင်ငံစီးပွားရေးရဲ့ လုပ်ငန်းအများစု ကို ထိခိုက်မှုတွေ ဖြစ်ပေါ်နိုင်ပြီး နိုင်ငံ့စီးပွားရေးကို ပါရိုက်ခတ်လာနိုင်လို့ ပြန်သုံးသပ် စဉ်းစားပေးရန်။
၃။ လုပ်ငန်းသစ်စတင်လိုသူတွေနဲ့ လုပ်ငန်းတိုးချဲ့လိုသူတွေ အာမခံပစ္စည်းအပေါ်မူတည်ပြီး ချေးငွေရတဲ့ အစီအစဉ်တွေအပြင် နိုင်ငံတော်က ဦးဆောင်တဲ့ SME ချေးငွေ အစီအစဉ်တွေ၊ Project Finance, Hire Purchase, Invoice Discounting နဲ့ Trade Finance စတဲ့ ဘဏ်လုပ်ငန်းဝန်ဆောင်မှု အစီအစဉ်တွေကို ထိရောက်မြန်ဆန်အောင်ခွင့်ပြုပေးရန်။
၎။ ၂၀၁၇ ဥပဒေအရ အခွန်ကောက်ခံတဲ့ မြေရောင်းချတာတွေအတွက် အခွန်တံဆိပ်ခေါင်းကို လေးရာခိုင်နှုန်း၊ သိန်း ၁၀၀၀ နဲ့ အထက်အတွက် ၀ယ်ခွန် ၃၀ ရာခိုင်နှုန်း သတ်မှတ်ထားတဲ့ ကွန်ဒိုရောင်းချတာတွေအတွက် အခွန်တံဆိပ်ခေါင်းနှစ်ရာခိုင်နှုန်း သတ်မှတ်ပေးရန်။
၅။ ဆောက်လုပ်မယ့် ကွန်ဒို တိုက်ခန်းတွေကို စာချုပ်စာတမ်း မှတ်ပုံတင်ဝယ်ယူတဲ့အခါ အခွန်တံဆိပ်ခေါင်းကို နှစ်ရာခိုင်နှုန်းသတ်မှတ်ပြီး နိုင်ငံခြားသားနဲ့ နိုင်ငံသားတွေ တန်ဖိုးတူညီမှု ရရှိစေဖို့ ရောင်းချသူက ၀ယ်ယူသူတွေအတွက် ၀ယ်ခွန်ငါးရာခိုင်နှုန်းကို ပုံသေသွင်းမယ့်စနစ်ခွင့်ပြုပေးရန်။
၆။ ကွန်ဒိုတိုက်ခန်းမဟုတ်တဲ့ ဆောက်လုပ်ဆဲနဲ့ ဆောက်လုပ်ပြီး တိုက်ခန်းတွေကို ရောင်းချသူက ၀ယ်ခွန်ငါးရာခိုင်နှုန်းပုံသေပေး.သွင်းတဲ့စနစ်ကို ခွင့်ပြုအကောင်အထည်ဖော်ပေးရန် အတွက် ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဌ ဦးရှိန်ဝင်းနဲ့ အသင်းဝင် ဦးမောင်ဝိတ်က တင်ပြခဲ့ပါတယ်။
Credit: Myanmar Builders Guide