နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်ရန် နိုင်ငံခြားကုမ္ပဏီများ အပါအ၀င် ဖက်စပ်ကုမ္ပဏီများ အား ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းခြောက်မျိုးကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနက ဒီဇင်ဘာလကုန်က စတင်ပြီး ပြည်တွင်းသို့ ထပ်မံ တင်သွင်းဖြန့်ဖြူးခွင့်ပြုခဲ့သည်။
နိုင်ငံခြားဖက်စပ်ကုမ္ပဏီများ ကို ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်း ၁၄ မျိုး ပထမဦးဆုံးခွင့်ပြု ပြီးနောက် တစ်နှစ်အကြာတွင် အဆိုပါပစ္စည်း ခြောက်မျိုး တင်သွင်းရန် နိုင်ငံခြားကုမ္ပဏီနှင့် ဖက်စပ်ကုမ္ပဏီများကို ၀န်ကြီးဌာနက ထပ်မံခွင့်ပြုခဲ့သည်။
‘‘နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ်ချင်လို့ နိုင်ငံခြားကုမ္ပဏီ တွေကို တိုက်ရိုက်ထပ်တိုးပေး လိုက်တာ’’ဟု အထက်ပါဝန်ကြီး ဌာန ညွှန်ကြားရေးမှူး ဦးမြင့်ချို က ပြောသည်။
ခွင့်ပြုသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများသည် ကျောက်တုံး၊ ကျောက်ပြား၊အိမ်သုတ်ဆေး၊ ပတ်တီး၊ မှန်၊ လုပ်ငန်းသုံး သံချောင်း၊ သံမဏိ၊ သံပိုက်အမျိုးမျိုးနှင့် အလူမီနီယံ တိုင်ကီတို့ဖြစ်သည်။
နိုင်ငံခြားကုမ္ပဏီနှင့် ဖက်စပ်ကုမ္ပဏီများကို စတင်ခွင့်ပြုခဲ့သည့် ဆောက်လုပ်ရေးလုပ်ငန်း သုံးပစ္စည်းများတွင် ဘိလပ်မြေ၊ အလှဆင်ကျောက်၊ ပလတ်စတစ် ပိုက်၊ အထပ်သား၊ ကြွေပြား၊ စက်ရုံသုံးအုတ်၊ ဘိလပ်မြေအုတ်၊ အလှဆင်မှန်၊ စတီးပိုက်၊ ၀ိုင်ယာ ချောင်း၊ ကြေးပိုက်စသည့် ပစ္စည်း များပါဝင်သည်။
နိုင်ငံခြားကုမ္ပဏီများကို ကုန်သွယ်ခွင့်ပြုခြင်းသည် ပြည်တွင်း လုပ်ငန်းရှင်များ အခက်အခဲဖြစ်ကြောင်းနှင့် နိုင်ငံခြားကုမ္ပဏီများက ငွေအင်အားနှင့် နည်းပညာသာလွန်၍ ပြည်တွင်းကုမ္ပဏီများယှဉ်နိုင်ရန် ခက်ခဲကြောင်း စီးပွားရေးလုပ်ငန်းရှင် ဦးမြတ်အောင်က ပြောသည်။
နိုင်ငံခြားဖက်စပ်ကုမ္ပဏီများကို ယခင်က ၀န်ဆောင်မှုလုပ်ငန်း သာ လုပ်ကိုင်စေသော်လည်း ယခင်အစိုးရ လက်ထက်တွင် ဓာတ်မြေသြဇာ၊ မျိုးစေ့၊ ပိုးသတ် ဆေးနှင့် ဆေးရုံသုံးကိရိယာများ ကို နိုင်ငံခြားသားဖက်စပ်ကုမ္ပဏီ များအား ပထမဆုံးကုန်သွယ်ခွင့် ပြုခဲ့သည်။ ဒုတိယအကြိမ်အဖြစ် ဆောက်လုပ်ရေးလုပ်ငန်းများကို ဖက်စပ်ကုမ္ပဏီများအား ကုန်သွယ်ခွင့်ပြုခဲ့သည်။
Credit: 7Daydaily