အိမ်ခြံမြေ တစ်ပေပတ်လည်နှုန်း ပေါက်ဈေးနှင့် ကိုက်ညီစေရန် နှစ်စဉ်ပြင်ဆင်ပေးသင့်ဟုဆို

အိမ်ခြံမြေ တစ်ပေပတ်လည်နှုန်း ပေါက်ဈေးနှင့် ကိုက်ညီစေရန် နှစ်စဉ်ပြင်ဆင်ပေးသင့်ဟုဆို - Property News in Myanmar from iMyanmarHouse.com
5 Jan 2018 9:56 am တွင် တင်ခဲ့သည်
6987 ကြိမ် ကြည့်ရှု့ပြီး
မြန်မာတစ်နိုင်ငံလုံးရှိ အိမ်ခြံမြေ တစ်ပေပတ်လည်နှုန်း ထားများကို ပေါက်ဈေးနှင့် ကိုက် ညီမှုရှိစေရန် နှစ်စဉ်ပြင်ဆင်ပေးသင့်ကြောင်း မြန်မာနိုင်ငံ အိမ်ခြံ မြေဝန်ဆောင်မှု အသင်း အတွင်း ရေးမှူး ဒေါ်မို့မို့အောင်က ပြော ကြားသည်။

၂၀၁၁ မှ ၂၀၁၃ အထိ အိမ် ခြံမြေ ဈေးကောင်းခဲ့သော်လည်း နောက်ပိုင်းတွင် အိမ်ခြံမြေဈေး များ ၄၀ ရာခိုင်နှုန်းအထိ ကျဆင်းလာသဖြင့် လက်ရှိပေါက်ဈေးနှင့် ကိုက်ညီစေရန် ပြင်ဆင်ပေးစေလို ကြောင်း ၎င်းကဆိုသည်။

‘‘အိမ်ခြံမြေဈေးတက်ရင် တက်သလို၊ ကျရင်ကျသလို ပြင် ဆင်ပေးစေချင်ပါတယ်။ ကာလ ပေါက်ဈေးနဲ့အညီ ဖြစ်စေချင်တာပါ။ အရင်နှုန်းထားအတိုင်း လုပ် နေရင် ပြည်သူတွေလည်း အခွန်ထမ်းရတာ အဆင်မပြေပါဘူး။ ပြီးတော့ ပေါက်ဈေးတွေကိုလည်း တိုင်းနဲ့ပြည်နယ်အလိုက် ပွင့်လင်း မြင်သာမှုရှိစွာ အခွန်ရုံးမှာကပ် ထားစေချင်ပါတယ်’’ ဟု ဒေါ်မို့မို့ အောင်က ဆိုသည်။

ရန်ကုန်တိုင်းနှင့် မန္တလေး တိုင်းကလွဲ၍ ကျန်တိုင်းနှင့်ပြည် နယ်တို့တွင် အိမ်ခြံမြေပေါက် ဈေး တစ်ပေပတ်လည်နှုန်းထား များကိုသက်ဆိုင်ရာ အစိုးရရုံးများတွင် ကပ်ထားမှုမရှိသဖြင့် အိမ်ခြံ မြေဝယ်ယူသူများသည် ဆောင်ရမည့် အခွန်နှုန်းထားကို မသိရှိ ကြောင်း ၎င်းကဆိုသည်။

‘‘ဈေးနှုန်းတွေဆိုတာက အ ချိန်နဲ့အမျှ ပြောင်းလဲနေတာပါ။ တစ်နှစ်တစ်ခါ ပြောင်းတယ်ဆို တာ အလှမ်းဝေးနေသေးတယ်။ ဖြစ်နိုင်ရင် ခြောက်လတစ်ကြိမ် လောက် ပြောင်းသင့်တယ်။ ဈေးတွေဆိုတာကလည်း တစ်လမ်းတည်းမှာတင် ဈေးက ငါးမျိုးလောက်ရှိတယ်’’ ဟု ရွှေအိမ်ကမ္ဘာ အကျိုးဆောင်လုပ်ငန်းတည် ထောင်သူ ဦးသိန်းလှညိုက ဆို သည်။

အိမ်ခြံမြေ တည်နေရာ၊အိမ် မျက်နှာမူသည့် အရပ်မျက်နှာ၊ လမ်းအနေအထား၊ ဈေးနှင့်နီးမနီး စသည့်အချက်များအပေါ် မူတည်၍ ဈေးနှုန်းကွာခြားကြောင်း ၎င်း ကဆိုသည်။

အိမ်ခြံမြေတစ်ပေပတ်လည် နှုန်းထားများကို ပေါက်ဈေးနှင့် ညီစေရန် ပြင်ဆင်ပေးပါက ရောင်းဝယ်သူများ ရောင်းမှား ဝယ်မှား ဖြစ်မှု နည်းပါးမည်ဖြစ်ကြောင်းဦးသိန်းလှညိုက ဆိုသည်။

ရန်ကုန်မြို့ရှိ တစ်ပေပတ် လည်နှုန်းထားများသည် အများဆုံး ကျပ်လေးသိန်းမှ ရန်ကုန်မြို့ စွန်များတွင်ငါးထောင်ကျပ်ခန့်သာရှိကြောင်း အိမ်ခြံမြေဝန် ဆောင်မှုအသင်း မှတ်တမ်းများ တွင် ဖော်ပြထားသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ

တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

Royal Theikdi Condo
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service