တရုတ်ပြည်၏ အချမ်းသာဆုံးသူဌေးကြီးများတွင် အပါအဝင်ဖြစ်သော ဝမ်ကျန်းလင်ကို တရားမဝင်ဂေါက်ကွင်းများ တည်ဆောက်လုပ်ကိုင်ခြင်းအတွက် သဘာဝပတ်ဝန်းကျင် ဝန်ကြီးဌာနက အပြင်းအထန်ရှုတ်ချ

တရုတ်ပြည်၏ အချမ်းသာဆုံးသူဌေးကြီးများတွင် အပါအဝင်ဖြစ်သော ဝမ်ကျန်းလင်ကို တရားမဝင်ဂေါက်ကွင်းများ တည်ဆောက်လုပ်ကိုင်ခြင်းအတွက် သဘာဝပတ်ဝန်းကျင် ဝန်ကြီးဌာနက အပြင်းအထန်ရှုတ်ချ - Property News in Myanmar from iMyanmarHouse.com
3 Jan 2018 11:40 am တွင် တင်ခဲ့သည်
3015 ကြိမ် ကြည့်ရှု့ပြီး
တရုတ်ပြည်၏ အချမ်းသာဆုံးသူဌေးကြီးများတွင် အပါအဝင်ဖြစ်သော Dalian Wanda Group ၏ ပိုင်ရှင်ဖြစ်သူ ဝမ်ကျန်းလင်နှင့် ကျိလင်းပြည်နယ် အုပ်ချုပ်ရေးအဖွဲ့ကို တရားမဝင်ဂေါက်ကွင်းများ တည်ဆောက်လုပ်ကိုင်ခြင်း၊ အားပေးအားမြှောက်ပြုလုပ်ခြင်းတို့ အတွက် တရုတ်သဘာဝပတ်ဝန်းကျင် ဝန်ကြီးဌာနက အပြင်းအထန် ရှုတ်ချလိုက်ကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေ သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

တရုတ်နိုင်ငံတွင် မကြာသေးမီနှစ်များအတွင်း သဘာဝပတ်ဝန်းကျင်ထိခိုက်စေသည့် ဂေါက်ကွင်းများ ဖောက်လုပ်ခြင်းကို ပိတ်ပင်ထားသည်။

ကျိလင်းပြည်နယ် အရှေ့မြောက်ပိုင်း၊ ချန်ပိုင်တောင်ပေါ်တွင် Dalian Wanda Group က ပိုင်ဆိုင်ထားသည့် ဇိမ်ခံဂေါက်ကွင်းနှစ်ခုမှာ ဒေသတွင်းအစိုးရအဖွဲ့၏ အကူအညီဖြင့် ဖောက်လုပ်ခဲ့ကာ အချိန်အတန်ကြာ လည်ပတ်လုပ်ကိုင်ခဲ့ကြောင်း တရုတ်သဘာဝပတ်ဝန်းကျင် ဝန်ကြီးဌာန၏ စုံစမ်းစစ်ဆေးမှုအစီရင်ခံစာတွင် ဖော်ပြသည်။

တရုတ်သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနမှ စုံစမ်းစစ်ဆေးခဲ့ပြီးနောက်ပိုင်း ပြီးခဲ့သော အောက်တိုဘာလအတွင်း အဆိုပါ ဂေါက်ကွင်းနှစ်ခုကို ပိတ်သိမ်းစေခဲ့ခြင်း ဖြစ်သည်။

Dalian Wanda Group က ချန်ပိုင်တောင်တွင် နိုင်ငံတကာနှင်းလျှောစီးစခန်းစီမံကိန်း အကောင်အထည်ဖော် ဆောက်လုပ်စဉ်အတွင်း လုပ်ထုံးလုပ်နည်းများကို ချိုးဖောက်ကာ ဂေါက်ကွင်း ၂ ခုနှင့် လူနေအိမ် ၉၃ လုံးဆောက်လုပ်ခဲ့ကာ အချိန်အတန်ကြာ လည်ပတ် လုပ်ကိုင်ခဲ့ကြောင်း စုံစမ်းစစ်ဆေးတွေ့ရှိခဲ့သည်ဟု ဆိုသည်။

အဆိုပါဥပဒေချိုးဖောက်မှုကို မသိကျိုးကျွံပြုနေသည့် ပြည်နယ်အစိုးရအဖွဲ့ကိုလည်း သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနက ဝေဖန်ရှုတ်ချခဲ့သည်။
တရုတ်သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနသည် အဆိုပါစီမံကိန်း၏ ဥပဒေချိုးဖောက်မှုများကို ဖော်ထုတ်ရန် ၂၀၁၁ ခုနှစ်ကတည်းက များစွာကြိုးပမ်းခဲ့ကြသည်။

သို့ရာတွင် ပြည်နယ်အစိုးရက အဆိုပါကြိုးပမ်းမှုများကို ပိတ်ဆို့ဟန့်တားခဲ့သည့်အပြင် ဖုံးကွယ်ရန်ပင်ကြိုးစားခဲ့ကြသည်ဟု ဆိုသည်။

Dalian Wanda Group ၏ အပန်းဖြေစခန်းစီမံကိန်းတွင် ဇိမ်ခံဂေါက်ကွင်း ၂ ခုမှာ အရေးပါပြီး ၂၀၀၈ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကာ ယွမ်ငွေ ၂၆ ဘီလီယံ (ကန်ဒေါ်လာ ၃ ဒသမ ၉ ဘီလီယံ) ရင်းနှီးမြှုပ်နှံခဲ့သည်ဟု ဆိုသည်။

အပန်းဖြေစခန်းအတွင်း ဂေါက်ကွင်းများ၊ နှင်းလျှောစီးစခန်း၊ စီးပွားရေးလုပ်ငန်းဆိုင်ရာ အဆောက်အအုံများ၊ ကျန်းမာရေးနှင့်အားကစားဆိုင်ရာ စင်တာများ ပါဝင်သည်။

သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနက ၂၀၁၁ ခုနှစ်တွင် ယင်းစီမံကိန်းနှင့် ပတ်သက်သည်များကို ဖော်ထုတ်ရန် လမ်းညွှန်ခဲ့သော်လည်း ဒေသတွင်းအစိုးရအဖွဲ့က ယင်းဂေါက်ကွင်းများကို ပိတ်သိမ်းစေကာ ဖျက်သိမ်းခဲ့ပြီးဖြစ်ကြောင်း ကြိမ်ဖန်များစွာ အခိုင်အမာ ပြောဆိုခဲ့ကြသည်။

သို့ရာတွင် ၂၀၁၆ ခုနှစ်၊ ဇွန်လတွင် ဂေါက်ရိုက်ပြိုင်ပွဲတစ်ခုပင် လက်ခံကျင်းပခဲ့သေးကာ အောက်တိုဘာလကမှ ပိတ်သိမ်းသွားခဲ့ခြင်းလည်း ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ

ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service