လယ်ယာမြေပေါ်မှာ ‘ အဆောက်အဦး ' ဆောက်လိုပါလျင်……….

လယ်ယာမြေပေါ်မှာ ‘ အဆောက်အဦး ' ဆောက်လိုပါလျင်………. - Property News in Myanmar from iMyanmarHouse.com
2 Jan 2018 12:15 pm တွင် တင်ခဲ့သည်
6027 ကြိမ် ကြည့်ရှု့ပြီး
၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေပေါ်ပေါက်လာပြီး နောက်ပိုင်း၌ လယ်ယာမြေအရောင်းအဝယ်များသည် အိမ်ခြံမြေရောင်းအဝယ်များနှင့် အပြိုင်အဆိုင်ဖြစ်လာခဲ့သည် ။

အိမ်ခြံမြေဈေးနှုန်းကြီးမားလာသည့်အခါ အိမ်ခြံမြေလောကမှာ ဝယ်ရောင်းသမားများသည် ဈေးနှုန်းချိုသာသော လယ်ယာမြေများ ဧကလိုက် ဝယ်ယူ၍ အိမ်ကွက်များဖော်ထုတ်ကာ တစ်ဆင့်ပြန်လည် ရောင်းချခဲ့ကြသည်။
မသိနားမလည်သူအချို့မှာ ထိုသို့ ဈေးနှုန်းချိုသာသည့် ထိုလယ်ကွက်များကို ဝယ်၍ အခြေချနေထိုင်လျက်ရှိကြသည်ကိုလည်း တွေ့ရသည်။
အမှန်တကယ်ဆိုရလျင် လယ်ယာမြေမှ တစ်ဆင့် လူနေထိုင်ခွင့်ရဖို့ရန် လျှောက်ထားရယူရန်မှာ အဆင့်ဆင့်လျှောက်ထားရပါသည်။

အခြားနည်းအသုံးပြုခွင့်ရနိုင်သည့် အထောက်အထားများ

ယခင်က “ လယ်မြေပြေစာ “ သာရှိသော လယ်ယာမြေကွက်ကို လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် (ပုံစံ-၇) ရရန်ဦးစွာ လျှောက်ရသည် ။ပုံစံ-(၇) ရမှသာလျင်တရားဝင်ပြန်လည်ရောင်းချခွင့်ရှိပါသည်။ ယင်းသို့ (ပုံစံ-၇) ရ ရှိပြီး လယ်မြေအား အခြားနည်းအသုံးပြုခွင့် (လူနေထိုင်ခွင့် ) ရဖို့ရန် အတွက်မှာ မူ တိုးပွားလာသော လူဦးရေနှင့် အိမ်ထောင်စုများအတွက် နေရာပေးရန်အတွက် ဖြစ်စေ စာသင်ကျောင်း ၊ ဆေးရုံ ၊ ဆေးခန်း ၊ စာကြည့်တိုက် ၊ ဈေး ၊ သုဿန်စသည်တို့အတွက် အမှန်လိုအပ်လျင်ဖြစ်စေ ၊ စက်မှုလယ်ယာအတွက်ဂိုဒေါင်နှင့် အဆောက်အအုံများလိုအပ်လျင်ဖြစ်စေ စသည့် အချက်အလက်များ ပြည့်စုံမှသာ အခြားနည်းအသုံးပြုခွင့်ပေးသည်ကို တွေ့ရပါသည်။
အခြားနည်း အသုံးပြုခွင့်ရထားပြီး လုပ်ငန်းမလုပ်ဆောင်ပြန်လျင်လည်း ပြန်လည် သိမ်းယူခြင်းခံရပါသည် ။
ယင်းသို့ အရေးယူဆောင်ရွက်ပုံအဆင့်ဆင့်ကို လေ့လာတင်ပြလိုက်ပါသည်။
လယ်ယာမြေများအား ပုဂ္ဂလိကလုပ်ငန်းရှင်များမှ အသုံးပြုခွင့်လျှောက်ထားရာတွင် လယ်သမားများထံ မှ လယ်မြေများဝယ်ယူပြီး လုပ်ငန်းအမျိုးမျိုးကိုလုပ်ကိုင်ရန် လျှောက်ထားကြပါသည် ။ ယင်းသို့ လျှောက်ထားမှုကြောင့် လယ်ယာမြေများ စိုက်ပျိုးနိုင်မှုမရှိဘဲ ၊ ဆုံးရှုံးနေရသည်များရှိနေပါသည်။

အခြားနည်းအသုံးပြုခွင့်ပြုသည့်နေမှ (၆ )လအတွင်း လုပ်ငန်းစတင်ရန်လို

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အဓိကထားသည့် နိုင်ငံဖြစ်ခြင်းကြောင့် လယ်ယာမြေများ အချိန်မှီထိန်းသိမ်းနိုင်ရန်လိုအပ်လျက်ရှိပါသည် ။ လယ်ယာမြေဥပဒေပုဒ်မ-၃၁ အရ အခြားနည်းအသုံးပြုရန်ခွင့်ပြုချက်ရရှိပြီးနောက် ခွင့်ပြုသည့်နေရက်မှ (၆)လအတွင်း လယ်ယာမြေကို သတ်မှတ်သည့်နည်းလမ်းအတိုင်း အသုံးပြုရမည်ဖြစ်သည်။အသုံးပြုခဲ့လျင်လည်း သတ်မှတ်ကာလတွင် လုပ်ငန်းများပြီးအောင် ဆောင်ရွက်ရမည်ဖြစ်သည်။

ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ (၆) လတစ်ကြိမ်စိစစ်တင်ပြရ

ထိုသို့ဆောင်ရွက်ခြင်းမပြုပါက လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အနေဖြင့် လယ်ယာမြေကို ပြန်လည် သိမ်းယူနိုင်ပါသည် ။ ထို့ကြောင့် လယ်ယာစီမံခန့်ခွဲမှုအနေဖြင့် လယ်ယာမြေ အခြားနည်းအသုံးပြုခွင့် ရရှိပြီး လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို စစ်ဆေး၍ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ (၆)လ တစ်ကြိမ်စိစစ်တင်ပြပေးရပါသည် ။

(၆)လအတွင်းတင်ပြခြင်းမရှိသည့် လယ်ယာမြေဗဟိုမှ အရေးယူဆောင်ရွက်

(၆) လအတွင်း တင်ပြခြင်းမရှိသည့် လယ်ယာမြေအခြားနည်းအသုံးပြုခွင့်ရရှိသောလယ်ယာမြေများကို ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့မှ အရေးယူဆောင်ရွက်သွားပါသည် ။ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ လုပ်ထုံးလုပ်နည်းနှင့် အညီ ဆက်လက်တင်ပြရပါသည်။

လယ်ယာမြေပေါ်မှာ ခွင့်ပြုချက်မရှိသည့် အဆောက်အဦးဖယ်ရှားခံရမည်

လယ်ယာမြေဥပဒေ ပုဒ်မ ၃၀ (က)နှင့် ၃၀ (ခ) အရ လယ်ယာမြေ အခြားနည်းအသုံးပြုခွင့် လျှောက်ထားဆဲကာလတွင် လုပ်ငန်းလည်ပတ်နေသော လုပ်ငန်းရှင်များအား လယ်ယာမြေဥပဒေ ပုဒ်မ ၁၉ (လဝ) အရ လယ်ယာမြေပေါ်တွင် ခွင့်ပြုချက်မရရှိဘဲ ဆောက်လုပ်ထားသော အဆောက်အဦးများကို ဖယ်ရှားရန် ဝန်ကြီးဌာနက ဤကိစ္စအလိုငှါ ခန့်အပ်သည့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ အမိန့်ချမှတ်ရမည်ဖြစ်သည်။

ဖယ်ရှားခြင်းမပြုပါက တရားရုံး၌ ဦးတိုက်လျောက်ထား

လယ်ယာမြေဥပဒေပုဒ်မ ၂၀ အရ လိုက်နာခြင်းမရှိလျင် တရားရုံးသို့ ဦးတိုက်လျှောက်ထားတရားစွဲဆိုသွားရန် ဆောင်ရွက်သွားမည်ဖြစ်သည် ။ယင်းသို့ တရားစွဲဆိုရာတွင် အဖက်ဖက်မှ သုံးသပ်ကာ ဥပဒေနှင့်အညီဆောင်ရွက်လျက်ရှိပါသည်။

မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ မြို့နယ်တရားရုံးသို့ တရားစွဲးဆိုလာတာတွေ့ရ

ယခုအခါ မြို့နယ်လယ်ယာစီမံခန့်ခွဲမှုအဖွဲ့တို့မှ သက်ဆိုင်ရာ မြို့နယ်တရားရုံး သို့ လယ်ယာမြေဥပဒေပုဒ်မ-၂၀ အရ ယင်းတို့အား တရားစွဲဆိုဆောင်ရွက်ရန် တိုင်ကြားလျှောက်ထားခြင်းများလည်းရှိလာသည်ကို တွေ့ရသည် ။

လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ သဘောရိုးဖြင့်ဆောင်ရွက်ချက်အရေးယူ၍မရ

၂၀၁၂-ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၁၁) ဖြင့် ပြဌာန်းထားသောလယ်ယာမြေဥပေဒအရ ဖွဲ့စည်းတာဝန်ပေးခဲ့သောလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အား လယ်ယာမြေဥပဒေပုဒ်မ ၄၀ အရ ဥပဒေနှင့်အညီ ဖြစ်စေ ဥပဒေအရ ပြုသည့်နည်းဥပဒေနှင့်အညီ ဖြစ်စေ သဘောရိုးဖြင့်ဆောင်ရွက်သည့် ကိစ္စတစ်ရပ်တွင် ၄င်းအဖွဲ့အား အရေးယူဆောင်ရွက်၍မရချေ ။

ဝန်ထမ်း မရိုးမဖြောင့်လုပ်ပါက နိုင်ငံဝန်ထမ်းဥပဒေနှင့်နည်းဥပဒေ အရ အရေးယူ

ပြစ်မှုထင်ရှာပါကလည်း သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ၊ ဌါနဆိုင်ရာ မှ စုံစမ်းစစ်ဆေးပြီး နိုင်ငံဝန်ထမ်းဆိုင်ရာ ဥပဒေနည်းဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည် ဟု သိရသည်။

အခြားနည်းအသုံးပြုခွင့်ရလျက် လုပ်ငန်းမဖော်ပြနိုင် ၊ ပုဒ်မ -၂၀ အရ အရေးယူ

ထို့ကြောင့် အမှန်တကယ် စိုက်ပျိုး၍ရနိုင်သော လယ်ယာမြေအား အခြားနည်းသုံးစွဲခွင့်ရရှိထားသောလည်းလုပ်ငန်းဖော်ဆောင်မှုမရှိပါက ၊ လယ်ယာမြေဥပဒေပုဒ်မ-၂၀ အရ အရေးယူဆောင်ရွက်ခြင်းခံရမည်ကို သိရှိလာရပါသည် ။

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...
တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး
ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး
စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်
စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။
လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း
ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
Royal Theikdi Condo
Shwe Moe Kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service