တိုက်ခန်းဝယ်သူတွေပါ အာမခံချက်ရှိစေမယ့် တိုက်ခန်းအဆောက်အအုံဆိုင်ရာ ဥပဒေ ထွက်ရှိဖို့ ဆောင်ရွက်နေ

တိုက်ခန်းဝယ်သူတွေပါ အာမခံချက်ရှိစေမယ့် တိုက်ခန်းအဆောက်အအုံဆိုင်ရာ ဥပဒေ ထွက်ရှိဖို့ ဆောင်ရွက်နေ - Property News in Myanmar from iMyanmarHouse.com
2 Jan 2018 12:07 pm တွင် တင်ခဲ့သည်
4809 ကြိမ် ကြည့်ရှု့ပြီး
အိမ်ခြံမြေကဏ္ဍမှာ တိုက်ခန်း၊ အဆောက်အအုံဆိုင်ရာ ဥပဒေထွက်ရှိဖို့လိုအပ်နေတာကြောင့် တိုက်ခန်း၊ အိမ်ရာအဆောက်အအုံဆိုင်ရာ  ဥပဒေထွက်ရှိဖို့ ကြိုးပမ်းဆောင်ရွက်နေကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က ပြောပါတယ်။

အိမ်ရာကဏ္ဍ ဆောင်ရွက်တဲ့ တည်ထောင်သူ၊ တည်ဆောက်သူတွေအပြင်နေထိုင်သူတွေအတွက်ပါ ဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်။ အဲသည် ဥပဒေသာထွက်လာရင်တည်ဆောက်သူတွေအတွက်ရော နေထိုင်သူတွေအတွက်ပါအကျိုးရှိပြီး အိမ်ရာကဏ္ဍမှာများစွာအထောက်အပံ့ရလာမှာဖြစ်တယ်။ ဒါ့အပြင် ဆောက်လုပ်ရေးကဏ္ဍအတွက်ပါ အထောက်အပံ့ကောင်းတွေရရှိလာမှာဖြစ်တယ်လို့ သူက ပြောပါတယ်။

အခုဆိုရင် ဥပဒေရဲ့ မူကြမ်းကို မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်းကပြုစုပြီး ဌာနကိုတင်ပြတယ်၊ ကျွန်တော်တို့အနေနဲ့လဲ လိုအပ်နေတဲ့တိုက်ခန်းအိမ်ရာဥပဒေကြမ်းဟာ လိုအပ်နေတဲ့ ဥပဒေတစ်ခုဖြစ်တဲ့အတွက်ဆွေးနွေးမှုတွေပြုလုပ်သွားမှာပါလို့ ဦးမင်းထိန်က ပြောပါတယ်။ အဲသည် ဥပဒေသာထွက်လာရင် အိမ်ရာကဏ္ဍနဲ့ ပတ်သက်နေတဲ့ဆောက်လုပ်ရေးကဏ္ဍတွေမှာ နိုင်ငံတကာက ရင်းနှီးမြှုပ်နှံမှုတွေများစွာမျှော်လင့်ထားပြီး အခွင့်အလမ်းကောင်းတွေပေါ်ထွက်လာမှာဖြစ်တယ်လို့သိရပါတယ်။

ဥပဒေမထွက်ခင်မှာဆိုရင် လက်ရှိတိုက်ခန်းအိမ်ရာဆောက်လုပ်မှုတွေနဲ့ပတ်သက်ပြီး အခက်အခဲတွေရှိနေပါတယ်။ အဲသည်အခက်အခဲကတော့ အိမ်ရာတည် ဆောက်သူတွေက မြေပိုင်ရှင်တွေနဲ့ အကျိုးတူဆောင်ရွက်တာတွေရှိပြီးနေထိုင်သူတွေအနေနဲ့ ပိုင်ဆိုင်မှုအာမခံချက်မခိုင်မာတာတွေတွေ့ရပါတယ်။ ဥပဒေ ထွက်လာရင်နေထိုင်သူတွေအတွက် အာမခံချက်ရလာမယ်။ အာမခံချက်တွေပေါ်မူတည်ပြီး ဘဏ်စနစ်နဲ့ချိတ်ဆက်ပြီးတော့လည်း ငွေကြေးလိုအပ်ချက်တွေကိုလည်း ဖြည့်ဆည်းပေးသွားနိုင်မှာဖြစ်ပါတယ်လို့ သူက ပြောပါတယ်။

အဲသည်လို တိုက်ခန်းအိမ်ရာဥပဒေ၊ Apartment Law ဟာ အာမခံချက်ကို ပိုခိုင်မာလာနိုင်ပြီးဆောက်လုပ်ရေးလုပ်ငန်းရှင်တွေရော ရောင်းချသူ၊ နေထိုင် သူတွေရောပိုပြီးစိတ်ချယုံကြည်စွာနဲ့ အရောင်းအဝယ်ပြုလုပ်တဲ့အခါ အဆင်ပြေလွယ်ကူစေမယ့် ဥပဒေတစ်ခုဖြစ်ကြောင်းသိရပါတယ်။

လက်ရှိမှာ တိုက်ခန်းပိုင်ဆိုင်မှုကို မြေပိုင်ရှင်တွေကသာပိုင်နေပြီး တိုက်ခန်းဝယ်ယူသူတွေက အပျောက်စနစ်စာချုပ်နဲ့သာပိုင်ဆိုင်နေရပါတယ်။ ပိုင်ဆိုင်မှုအထောက်အထားပိုပြီး ခိုင်မာလာဖို့ ဥပဒေမူကြမ်းကိုရေးဆွဲနေတာဖြစ်တယ်လို့ သိရပါတယ်။ တိုက်ခန်းအိမ်ရာဆိုင်ရာအဆောက်အအုံ ဥပဒေပြဋ္ဌာန်းပြီးရင်ကွန်ဒိုတွေလိုပဲ ပိုင်ဆိုင်မှုမှတ်ပုံတင်နိုင်ပြီး ဘဏ်တွေမှာအပေါင်ပစ္စည်းအနေနဲ့ ငွေချေးယူနိုင်မှာဖြစ်တယ်။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်

CarsDB
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service