ပုဂံမှာ ဒေသခံတွေ တစ်ပိုင်တစ်နိုင် တည်းခိုခန်းဝန်ဆောင်မှုခွင့်ပြုမည်

ပုဂံမှာ ဒေသခံတွေ တစ်ပိုင်တစ်နိုင် တည်းခိုခန်းဝန်ဆောင်မှုခွင့်ပြုမည် - Property News in Myanmar from iMyanmarHouse.com
2 Jan 2018 12:03 pm တွင် တင်ခဲ့သည်
4836 ကြိမ် ကြည့်ရှု့ပြီး
ပုဂံဒေသက ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းမှာပါဝင်ရင်လည်း ဒေသခံတွေကို ရွှေ့ပြောင်းဖို့ လုပ်ဆောင်သွားမှာမဟုတ်ဘဲ တစ်နိုင်တစ်ပိုင်တည်းခိုခန်း (Home Stay)လုပ်ငန်းတွေ ဆောင်ရွက်ခွင့်ပြုသွားမယ်လို့ သိရပါတယ်။

ဟုမ်းစတေးပေါ့၊ သူတို့တစ်ပိုင်တစ်နိုင်ပေါ့၊ ဖြစ်စေချင်တာကတော့ ယူနက်စကိုရော၊ ကျွန်တော်တို့ဝန်ကြီးဌာနရော၊ အစိုးရရောက ဒေသခံတွေရဲ့လူမှုစီးပွား ရေးဘဝကိုဖွံ့ဖြိုးတိုးတက်စေချင်ပါတယ်၊ ငွေကြေးပြည့်စုံချမ်းသာတဲ့လူတွေကပဲ ရန်ကုန်- မန္တလေးကလာပြီးမှ ငွေရင်းနှီးမြှုပ်နှံ၊ ဒေသခံတွေက နေ့စားအလုပ်သမားဘဝကမတက်တဲ့အနေအထားမျိုးကိုတော့ မဖြစ်စေချင်ပါဘူးလို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောပါတယ်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုမြို့တော်ထဲမှာပါဝင်နေတဲ့ကျေးရွာတွေက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက တည်ရှိလာခဲ့တဲ့ကျေးရွာတွေဖြစ်တာကြောင့် အစိုးရအနေ နဲ့ ရွှေ့ပြောင်းဖို့ဆောင်ရွက်သွားမှာမဟုတ်ဘူးလို့လည်း သိရပါတယ်။ကျေးရွာမှာနေထိုင်ကြတဲ့ ဒေသခံပြည်သူတွေကို တစ်ပိုင်တစ်နိုင်စားသောက်ဆိုင်လုပ်ငန်းတွေ၊ ရိုးရာအသုံးအဆောင်ပစ္စည်းတွေ ထုတ်လုပ်ရောင်းချခြင်း၊ အထိမ်းအမှတ်ဆိုင်တွေ ဖွင့်လှစ်ခြင်းနဲ့ တစ်ပိုင် တစ်နိုင် ဟုမ်းစတေးအပါအဝင် တည်းခိုခန်းဖွင့်လှစ်မှုတွေကိုလည်း လက်ခံခွင့်ပြုသွားမှာဖြစ်ပါတယ်။

ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ဒါကြောင့်မလို့ ခုနကပေါ့၊ နိုင်ငံတော်အတိုင်ပင်ခံရဲ့ လမ်းညွှန်ချက်ရှိပါတယ်၊ ပုဂံဒေသကို ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဝင်ဖို့ကိစ္စသည် ဒါသည်အမျိုးသားရေးဂုဏ်သိက္ခာအတွက်ရအောင်ဝင်နိုင်အောင်ကြိုးစားရမှာဖြစ်ပါတယ်၊ အဲဒီလိုဂုဏ်သိက္ခာအတွက်ကြိုးပမ်းတဲ့နေရာ မှာ ယူနက်စကိုရဲ့လိုလားချက်ရှိပါတယ်၊ နောက် ဒီဘက်ကဒေသခံပြည်သူတွေလိုလားချက်ရှိပါတယ်၊ ဒီလိုလားချက် ဆန္ဒနှစ်ခုကို ဟိုဘက် ဒီဘက်မျှခြေကိုဖြစ် အောင် စီမံပေးဖို့လိုအပ်လို့ရှိရင်လဲရေးဆွဲပြဋ္ဌာန်းထားတဲ့ ၁၉၉၈ ခုရှေးဟောင်းအမွေအနှစ်များထိန်းသိမ်းကာကွယ်ရေးဥပဒေကိုလဲလိုအပ်ရင်ပြင်ဖို့ဆိုပြီးတော့မှ လမ်းညွှန်ချက်ပေးထားတာရှိပါတယ်လို့ ပြောပါတယ်။

၁၉၉၈ ခုနှစ် ရှေးဟောင်းအမွေအနှစ်များ ထိန်းသိမ်းကာကွယ်ရေးဥပဒေကို ပြန်ပြင်ဖို့အတွက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကတာဝန်ပေးထားတဲ့ဝန်ကြီးဦးမြတ်သူ ဦးဆောင်တဲ့ ဥပဒေပညာရှင်များပါဝင်တဲ့အဖွဲ့နဲ့ ပြင်ဆင်ရေးဆွဲနေပြီလို့သိရပါတယ်။ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးအဖွဲ့ ယူနက်စကိုက  ၂၀၁၇ ခုနှစ်မှာ အဆိုပြုလွှာမူ ကြမ်းကိုတင်သွင်းခဲ့ပြီး အဆိုပါမူ ကြမ်းမှာတော့ ပုဂံဒေ သမှာကျေးရွာပေါင်း ၂၀ လောက်ရှိကြောင်း အဲသည်ရွာတွေက လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀ဝ၀ ပုဂံခေတ်သမိုင်းကြောင်းနဲ့အတူစီးမျောပါလာတဲ့ လူ့အဖွဲ့ အစည်းဖြစ်တယ်။ နောက်မှတည်တဲ့ရွာသစ်တွေမဟုတ်ပါဘူးလို့ပါရှိကြောင်းသိရပါတယ်။

ခွင့်ပြုထားပြီး

အဲဒီအပြင် သဘာဝပတ်ဝန်းကျင်ပျက်စီးစေမယ့် စက်ရုံကြီးတွေ၊ စက်မှုဇုန်တွေ၊ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေကို တုန်ခါမှုကြောင့်ဖြစ်စေထိခိုက်နိုင်စေမယ့် စက်ရုံတွေဆောက်တာကလွဲရင် အသေးစား အလတ်စား စက်မှုလုပ်ငန်းများကိုလဲလုပ်ကိုင်ခွင့်ပြုမှာဖြစ်ပါတယ်၊ နောက်ပြီးတော့လဲ အဲရွာသားတွေရဲ့ဆန္ဒကတော့ သူတို့မိသားစု တစ်ပိုင်တစ်နိုင်ပေါ့၊ စားသောက်ဆိုင်လုပ်ငန်းတွေလုပ်ဖို့၊ ရိုးရာအသုံးအဆောင်ပစ္စည်းတွေထုတ်လုပ်ရောင်းချဖို့၊ အထိမ်းအမှတ်ဆိုင်တွေလုပ်ဖို့ ဒါတွေသူတို့တောင်းဆိုတာကိုလဲ ဒီအဆိုပြုလွှာထဲမှာခွင့်ပြုထားပြီးဖြစ်ပါတယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။

အခုလက်ရှိမှတော့ ပုဂံညောင်ဦးမြို့ပေါ်တွေမှာ အဆောက်အအုံတွေရဲ့အမြင့်ကို ပေ ၃၀ သုံးထပ်အမြင့်အထိခွင့်ပြုထားပြီး ရှေးဟောင်းအမွေအနှစ် သာသနိက အဆောက်အအုံတွေကို မြင်ကွင်းကွယ်ပိတ်မသွားစေဖို့အတွက် ကန့်သတ်ချက်နဲ့ခွင့်ပြုထားတာ ဖြစ်ပါတယ်။အဆောက်အအုံတွေရဲ့ဧရိယာ အကျယ်အဝန်းကိုတော့ စတုရန်း ပေ ၂၄၀ဝ အထိခွင့်ပြုပေးထားပြီး ပုဂံဒေသတွင်းက ကျေးရွာတွေမှာလည်း အဆိုပါသတ်မှတ် ချက်တွေအဆောက်အအုံအမြင့်၊ ဧရိယာအကျယ်အဝန်းတွေအတိုင်းဆောက်လုပ်ခွင့်ပြုပေးသွားမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ဒီဇင်ဘာလအစောပိုင်းမှာ ပုဂံဒေသကအရှေ့ဖွားစော၊ အနောက်ဖွားစော၊ မင်းနန်သူ အပါအဝင်ကျေးရွာငယ်ခြောက်ရွာမှ ဒေသခံတွေက ပုဂံဒေသကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဒေသအဖြစ်တင်သွင်းဖို့ ကိစ္စနဲ့ပတ်သက်ပြီး ဆန္ဒဖော်ထုတ်မှုတွေပြုလုပ်ခဲ့ကြပါတယ်။၎င်းတို့အနေနဲ့ ပုဂံဒေသရှေးဟောင်းအမွေအနှစ် စာရင်းဝင်သွားပါက လွတ်လပ်စွာစီးပွားလုပ်ဆောင်ခွင့်၊ အဆောက်အအုံ ပြင်ဆင်တိုးချဲ့ခွင့်တွေဆုံးရှုံးသွားနိုင် တာကြောင့် သူတို့ကိုရှေးဟောင်းအမွေအနှစ်နယ်မြေရဲ့မော်ကျူးမန့်ဇုန်ထဲကိုမထည့်ဖို့နဲ့ ကာကွယ်ထိန်းသိမ်းမယ့် ပရိုတက်တစ်ဇုန်ထဲမှာပဲထည့်ဖို့ဆန္ဒဖော်ထုတ်ခဲ့ တာဖြစ်ပါတယ်။

သူတို့က မသိနားမလည်လို့လဲဖြစ်ပါတယ်၊ နောက်ပြီးတော့လဲ ဒီပုဂံဒေသ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ဖြစ်မှာကိုမလိုလားတဲ့ ပုဂ္ဂိုလ်အဖွဲ့အစည်းတချို့လဲရှိပြီး တော့မှ သူတို့ရဲ့သွေးထိုးမြှောက်ပင့်မှုလဲပါဝင်တယ်လို့ မြေပြင်သတင်းတွေရရှိပါတယ်လို့ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောပါတယ်။အခုက ကျေးရွာခြောက်ရွာရဲ့ တောင်းဆိုမှုအပါအဝင် ပုဂံဒေသကျေးရွာတွေ၊ ပုဂံ-ညောင်ဦးမြို့မှ ဒေသခံတွေရဲ့အကျိုးစီးပွားကိုဦးစားပေးပြီး ယူနက်စကိုက အဆိုပြုလွှာမူကြမ်းကိုတင်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပြုလွှာ မူချောကိုတော့ ၂၀၁၈ ခုနှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီလအတွင်းတင်သွားမှာဖြစ်ပြီး ယူနက်စကိုမှ ပညာရှင်တွေကလည်းကွင်းဆင်းလေ့လာ စစ်ဆေးသွားမှာဖြစ်ပါတယ်။ လက်ရှိမှာတော့ ယူနက်စကိုက ပုဂံဒေသကို မြေပြင်ကွင်းဆင်းလေ့လာမှုတွေ၊ တွေ့ရှိချက်တွေကို အသေးစိတ်တွက်ချက်မှတ်တမ်းယူလျက်ရှိပြီး အားလုံးစစ်ဆေး ပြီးမှ အမွေအနှစ်စာရင်းပါသင့် မပါသင့်ကိုထုတ်ပြန်ကြေညာသွားမှာဖြစ်ပါတယ်။တစ်နိုင်တစ်ပိုင်တည်းခိုခန်းဖွင့်လှစ်မှု (Home Stay)  လုပ်ငန်းတွေဆောင်ရွက်ခွင့်ပြုနိုင်ဖို့အတွက် ကွင်းဆင်းလေ့လာမှုတွေဆောင်ရွက်သွားမှာဖြစ်ပြီး ၂၀၁၉ ခုနှစ်အတွင်း ခွင့်ပြုချက်ပေးသွားနိုင်အောင် ဆောင်ရွက်နေတယ်လို့သိရပါတယ်။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...
တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ
ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ
တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ
တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်
မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
CarsDB
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service