ရွှေ ဗဟိုဈေးကွက် ပေါ်ပေါက်လာရင် အကျိုးအမြတ် ဖြစ်ထွန်းနိုင်

ရွှေ ဗဟိုဈေးကွက် ပေါ်ပေါက်လာရင် အကျိုးအမြတ် ဖြစ်ထွန်းနိုင် - Property News in Myanmar from iMyanmarHouse.com
2 Jan 2018 11:58 am တွင် တင်ခဲ့သည်
5045 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်တိုင်းအတွင်းမှာ ဖော်ဆောင်မယ့် ရွှေဗဟိုဈေးကွက် ပေါ်ပေါက်လာရင် အလုပ်အကိုင်အခွင့်အလမ်းတွေအပြင် ထူးခြားတဲ့အကျိုးအမြတ်တွေ ရရှိနိုင်မယ်လို့ ရွှေလုပ်ငန်းရှင်အချို့က သုံးသပ်ကြပါတယ်။

သည်ဈေးကွက်ပေါ်ပေါက်လာရင် ပြည်ပကို ရွှေတရားဝင်တင်ပို့ခွင့်ရမှာ ဖြစ်တယ်။ ရွှေတုံး၊ ရွှေခဲနဲ့အတူ ရွှေနဲ့ပြုလုပ်ထားတဲ့ လက်ဝတ်ရတနာတွေကိုပါ တင်ပို့နိုင်မှာဖြစ်လို့ ပျောက်ကွယ်တော့မယ့် ရွှေပန်းထိမ် လုပ်ငန်းတွေ အကျိုးရှိနိုင်မယ်လို့ ခန့် မှန်းထားပါတယ်။

မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အတွင်းရေးမှူး ဦးကျော်ဝင်းက “ဘယ်တော့ ဖွင့်မယ်ဆိုတာက တိတိကျကျပြောလို့ မရသေးဘူး၊ပြည် ထောင်စုအဆင့်က လုပ်နေတာဆို တော့၊ နိုင်ငံတကာမှာလဲ ရွှေဗဟိုဈေးကွက်ဆိုတာရှိတယ်၊ ကမ္ဘောဒီးယား မှာတောင် ရှိတယ်၊ဒီလိုဈေးကွက်မျိုး ဖော်ဆောင်မယ်ဆိုရင် အားလုံး အတွက် အကျိုးရှိတယ်၊ ဒီဈေးကွက်က ရှိဖို့လိုတယ်”လို့ ပြောပါတယ်။

သည်ဈေးကွက်အတွက် နည်းပညာတွေကို ပြည်ပကပညာရှင်တွေက အကူအညီပေးနေပါတယ်။ နောက်ပိုင်းမှာ ပြည်တွင်းကျွမ်းကျင်သူတွေနဲ့ပဲ သည်ဈေးကွက်ကို ဦးဆောင်မှာ ဖြစ်ပါတယ်။
ရွှေဗဟိုဈေးကွက်မှာ ဝင်ရောက် အရောင်းအဝယ် ပြုလုပ်လိုသူတွေအနေနဲ့ မိမိအရောင်းအဝယ်ပြုလုပ်လိုတဲ့ ငွေပမာဏ deposit တင်ရ မယ့် စနစ် ပါဝင်မှာ ဖြစ်တယ်။ အ ရာင်းအဝယ်ပြုလုပ်နေစဉ်အတွင်း ငွေကြေးလိမ်လည်မှု၊ ရောင်းမှားဝယ်မှားဆိုင်ရာကိစ္စတွေကို ကာကွယ်နိုင် မယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ရွှေဗဟိုဈေးကွက်ပေါ်ပေါက်ဖို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊သယံဇာ တရေးရာဝန်ကြီးဌာန၊ ဗဟိုဘဏ်၊ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန တို့နဲ့ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင် များအသင်းက မူဝါဒရေးရာ ဆွေးနွေးနေပေမဲ့ ဘယ်တော့ဖွင့်မယ်ဆိုတာကို တိတိကျကျမပြောနိုင်သေးပါဘူး။

ရွှေဗဟိုဈေးကွက်ပေါ်ပေါက်လာရင် ရရှိမယ့် အကျိုးအမြတ်နဲ့ ပတ်သက်ပြီး ဦးကျော်ဝင်းက မြန်မာ နိုင်ငံမှာ ဂျီဒီပီတွက်တဲ့အခါမှာ အတိ အကျပိုရလာနိုင်တာ၊ နိုင်ငံရဲ့သယံဇာတကို ပိုပြီး ထိန်းထိန်းသိမ်း သိမ်းလုပ်လို့ ရနိုင်တာကြောင့် ပြည် သူအတ∑က် ပိုပြီးအကျိုးရှိလာနိုင်မယ်လို့ ဆိုပါတယ်။

သည် ရွှေဗဟိုဈေးကွက်အတွင်း ရင်းနှီးမြှုပ်နှံဖို့ နိုင်ငံပေါင်း ၃၀ ကျော်က စိတ်ဝင်စားနေတယ်လို့ မြန်မာ နိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းက သိရပါတယ်။
သည်ဈေးကွက်ပေါ်ပေါက်လာရင် ပြည်ပကို တင်ပို့နိုင်မယ့် ပမာဏဟာ မှန်းရခက်နေသေးတယ်လို့ မြန်မာ့ရွှေ ဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမဏီက ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာရဲသူအောင်က မြန်မာ နိုင်ငံအတွင်း ဖော်ဆောင်မယ့် နိုင်ငံ တကာ အဆင့်မီ ရွှေ၊ ရွှေနဲ့ ပြုလုပ်ထားတဲ့ လက်ဝတ်ရတနာပစ္စည်း များ ဖော်ဆောင်ရေး အလုပ်ရုံဆွေးနွေးပွဲမှာ ပြောကြားထားပါတယ်။

အရည်အသွေး
သူက“ကျွန်တော်တို့ တင်ပို့လိုက်တဲ့ပစ္စည်းက ပဲကြီးလှော်လို ပစ္စည်းတွေ မဟုတ်ပါဘူး၊ တကယ့်ကို တန်ဖိုးကြီးတဲ့ပစ္စည်းတွေ ဖြစ်ပါတယ်၊ ကွာလတီပိုင်းကို သေချာအကောင် အထည်ဖော်ဖို့ နံပါတ်တစ်အရေးကြီး ပါတယ်၊ နိုင်ငံတကာ လက်မခံနိုင်တဲ့ ကွာလတီကို ပို့လိုက်ရင် ဈေးနှိမ်ခံရမှာ”လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ရွှေဗဟိုဈေး ကွက်ဖော်ဆောင်ဖို့ ၂၀၁၃ ခုနှစ် က တည်းက စတင်ဆောင်ရွက်ခဲ့တာပါ။ မူဝါဒအပိုင်းအဆင်မပြေသေးတာနဲ့ ဥပဒေပိုင်း ပြင်ဆင်ဖို့နဲ့ အခွန်စနစ် ပြင်ဆင်ဖို့ စတာတွေ လိုအပ်နေတာ ကြောင့် လက်ရှိအချိန်အထိ ဆွေး နွေးနေဆဲလို့ သိရပါတယ်။

မြန်မာ့ရွှေနဲ့ သတ္တုလုပ်ငန်းရှင် များအသင်းချုပ်၊ မြန်မာ့ရွှေနဲ့ ကျောက်မျက်သတ္တုဗဟိုဈေးကွက် ဖြစ်မြောက်ရေးကော်မတီအတွင်း ရေးမှူး ဦးခင်မောင်ဟန်က အစိုးရကလည်း နည်းဥပဒေတွေ ပံ့ပိုးမယ်ဆိုရင် ခြောက်လနဲ့တစ်နှစ်အတွင်းမှာ အကောင်အထည်ဖော်နိုင်မယ်လို့ ရွှေလုပ်ငန်းရှင်များနဲ့တွေ့ဆုံပွဲမှာ ပြောပါတယ်။

ရွှေကိုလက်ဝယ်ရောင်းစနစ် မဟုတ်ဘဲ တိကျသေချာတဲ့ဈေးကွက်တစ်ခုနဲ့ ရောင်းဝယ်နိုင်ဖို့ ရွှေ ဗဟိုဈေးကွက်ဖော်ဆောင်နေတာ ၅၀ ရာခိုင်နှုန်းပြီးစီးနေပြီလို့ မြန်မာ နိုင်ငံရွှေလုပ်ငန်းရှင်များအသင်းက သိရပါတယ်။
ရွှေဗဟိုဈေးကွက်ပေါ်ပေါက်လာရင် အွန်လိုင်းကနေဘဏ်တွေနဲ့ ချိတ်ဆက်ပြီးဝယ်တာ ရောင်းတာ (online trading market) ဆောင်ရွက်နိုင်မှာပါ။

မြန်မာနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံတွေကလည်း ရွှေအသုံးများတဲ့ နိုင်ငံတွေ ဖြစ်လို့ သည်ဈေးကွက်ကနေ အရည်အသွေးမီတဲ့ ရွှေတွေကို အိန္ဒိယဈေးကွက်နဲ့၊ တရုတ်ဈေးကွက်ကို တင်ပို့ခွင့်ရဖို့ ရည်မှန်းထားပြီး အ မြန်ဆုံးအကောင်အထည်ဖော်ဖို့ လုပ် ဆောင်နေတယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့မှာ ဘာပြဿနာရှိလဲဆိုတော့ နိုင်ငံခြားကို ပို့ဖို့ချည်း ပဲ ဦးစားပေးနေတယ်ဆိုရင် ပြည်တွင်းမှာ ရှားပါးမှုတို့ ဈေးနှုန်းကြီး မြင့်မှုတို့ ဖြစ်မှာစိုးလို့ ပို့ကုန်လိုင်စင် ကို ထိန်းချုပ်သွားမှာ”လို့ ဒေါက်တာ ရဲသူအောင်က ပြောပါတယ်။
ရွှေဗဟိုဈေးကွက်ကို နိုင်ငံတကာဈေးကွက်ပုံစံ ဆောင်ရွက်မှာပါ။ မြန်မာနိုင်ငံနဲ့ အနီးစပ်ဆုံးတူတဲ့ ရှန်ဟိုင်းဂိုးလ်အိတ်ချိန်းမားကက်ပုံစံ ဆောင်ရွက်မှာဖြစ်တယ်။ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းက ရှန် ဟိုင်းဂိုးလ်အိတ်ချိန်းကို သွားရောက် လေ့လာမှာဖြစ်ပြီး ရှန်ဟိုင်းဂိုးလ် အိတ်ချိန်းဥက္ကဋ္ဌနဲ့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်တယ်။

ရွှေဗဟိုဈေးကွက်ကို လုံခြုံရေး ကောင်းတဲ့နေရာ၊ဆက်သွယ်ရေး ဘဏ်စတာတွေနဲ့ နီးတဲ့နေရာမှာ ဖွင့်လှစ်မှာ ဖြစ်တယ်။

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုး မင်းသိန်းကတော့ ရွှေဗဟိုဈေးကွက်ကို စနှစ်တကျလေ့လာမှု မရှိသေးခင် ခွင့်ပြုလိုက်မယ်ဆိုရင် လောင်းက စားဈေးကွက်လို တစ်အားလှုပ်ခတ် ပြီး အရှိန်အဟုန်နဲ့တိုးတက်သွားပြီးမှ မိုးပျံပူဖောင်းလို ပေါက်ကွဲသလိုဖြစ် သွားခဲ့ရင် မြန်မာပြည်ရဲ့ ဈေးကွက် ဆောင်ရွက်ရာမှာ နစ်နာသွားနိုင်တယ်လို့ ပြောဆိုထားပါတယ်။

ရွှေဗဟိုဈေးကွက်ကို ရန်ကုန် ပြီးရင် ဒုတိယဦးစားပေးအနေနဲ့ မန္တလေးမြို့မှာ ဖော်ဆောင်မှာ ဖြစ်ပြီး အထက်မြန်မာပြည်ဈေးကွက်နဲ့ အောက်မြန်မာပြည်ဈေးကွက် ချိတ်ဆက်မှာ ဖြစ်ပါတယ်။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...
တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ
စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်
စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်
တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ
တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ
ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း
ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ
တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ
Shwe Moe Kaung
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service