ကမ္ဘာကျော် ဝတ္ထုကြီးဖြစ်သော မိုဗီဒစ်ဝတ္ထုစာအုပ်ကို စာအုပ်စင်မှ ယူဆောင်မှသာ Master Bedroom အခန်းတံခါးပွင့်သည့် အမေရိကန်ရှိ နေအိမ် အရောင်းဈေးကွက်ဝင်လာ

ကမ္ဘာကျော် ဝတ္ထုကြီးဖြစ်သော မိုဗီဒစ်ဝတ္ထုစာအုပ်ကို စာအုပ်စင်မှ ယူဆောင်မှသာ Master Bedroom အခန်းတံခါးပွင့်သည့် အမေရိကန်ရှိ နေအိမ် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
2 Jan 2018 11:32 am တွင် တင်ခဲ့သည်
6017 ကြိမ် ကြည့်ရှု့ပြီး
အမေရိကန်ပြည်ထောင်စု မြောက်ကယ်ရိုလိုင်းနားပြည်နယ်တွင် Bald Head ကျွန်းဟု အမည်ရသည့် ကျွန်းတစ်ကျွန်းရှိလေသည်။

အဆိုပါ ကျွန်းပေါ်တွင် ကက်စ်တယ်လိုဒယ်လာ ဘာလီနာ (ဝေလငါးရဲတိုက်) အမည်ရှိ တစ်ခုတည်ရှိရာ လူတို့၏ ပြုပြင်မွန်းမံမှုများကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်းမရှိသေးသည့် ပင်လယ်ရှုမျှော်ခင်းများကို တွေ့မြင်နိုင်သည်။

ပင်လယ်ရေမျက်နှာပြင်အထက် ၁၅မီတာ အမြင့်တွင် တည်ရှိပြီး နေအိမ်ကို ၂၀၀၅ ခုနှစ်တွင် အပြီးသတ်ဆောက်လုပ်ခဲ့ခြင်းဖြစ်ကာ ကန်ဒေါ်လာ ၁၂ သန်း ဈေးခေါ်ထားသည်။

အဖြူရောင်အမိုးခုံးများမှာ ဝေလငါး၏ ကျောကုန်းနှင့် ဆင်တူနေသည်။
အမိုးကုန်းတစ်ခုနှင့်တစ်ခုကြားတွင် ပင်လယ်ရေပြင်ကို စီးမိုးကြည့်မြင်နိုင်သည့် ပြတင်းပေါက်တစ်ခုစီ ထည့်သွင်းထားသည်။

မိသားစု နားနေခန်း၏ အလယ်တွင် ထင်းသုံးမီးလင်းဖိုတစ်ခု တည်ရှိသည်။
ဧည့်ခန်း၏ အဆုံးတွင် မီးဖိုဆောင် တည်ရှိသည်။

ကမ္ဘာကျော် ဝတ္ထုကြီးဖြစ်သော မိုဗီဒစ်ဝတ္ထုစာအုပ်ကို စာအုပ်စင်မှ ယူဆောင်မှသာ အထူးအိပ်ခန်း (Master Bedroom) အခန်းတံခါးပွင့်မည် ဖြစ်သည်။
ခြံအကျယ်အဝန်းမှာ ၁ ဟက်တာခန့်သာရှိပြီး နေအိမ် အကျယ်အဝန်းမှာ စတုရန်းမီတာ ၅၁၂ ရှိကာ အိပ်ခန်း၅ခန်း၊ ရေချိုးခန်း ၅ခန်းပါဝင်သည်။

ကြမ်းခင်းများမှာ ဘရာဇီးချယ်ရီသားများဖြင့် ခင်းကျင်းထားခြင်းဖြစ်သည်။
နေအိမ်မှ ပင်လယ်ဆီသို့ သီးသန့် သစ်သားတံတားတစ်ခု ဖောက်လုပ်ထားသည်။

ကားနှစ်စင်းဆန့် ကားဂိုဒေါင်တစ်ခုပါဝင်ပြီး နေအိမ်အတွင်းတွင် ဓာတ်လှေကားတစ်ခုလည်း ပါဝင်သည်။Bald Head ကျွန်းသို့ လှေဖြင့်သာ သွားရောက်နိုင်ပြီး ကျွန်းပေါ်တွင် ကားစီးခွင့် မရှိချေ။

နေထိုင်သူများအပါအဝင် သွားရောက်လည်ပတ်သူအားလုံးသည် ကျွန်းပေါ်တွင် ခြေလျင်၊ စက်ဘီး (သို့မဟုတ်) လှည်းငယ်ဖြင့်သာ သွားလာခွင့်ပေးထားသည်။ကျွန်းပေါ်တွင် အဆောက်အအုံများ တိုးချဲ့ဆောက်လုပ်ခွင့်လည်း မရှိချေ။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ကမ္ဘာကျော် ဝတ္ထုကြီးဖြစ်သော မိုဗီဒစ်ဝတ္ထုစာအုပ်ကို စာအုပ်စင်မှ ယူဆောင်မှသာ Master Bedroom အခန်းတံခါးပွင့်သည့် အမေရိကန်ရှိ နေအိမ် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော် ဝတ္ထုကြီးဖြစ်သော မိုဗီဒစ်ဝတ္ထုစာအုပ်ကို စာအုပ်စင်မှ ယူဆောင်မှသာ Master Bedroom အခန်းတံခါးပွင့်သည့် အမေရိကန်ရှိ နေအိမ် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

Shwe Moe Kaung
CarsDB Showroom Opening

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service