Online မှ လုပ်ငန်း လိုင်စင် လျှောက်ထားရာတွင် လုပ်ငန်းရှင် အနေဖြင့် အောက် ဖော်ပြပါ အချက်များ၊ အထောက်အထားများအား ပူးတွဲ တင်ပြ ရပါမည်။
၁။ လုပ်ငန်း အမျိုးအစား နှင့် သက်ဆိုင်သော ၀န်ကြီး ဌာန ၏ ခွင့်ပြုမိန့် (လုပ်ငန်း အမျိုးအစား နှင့် သက်ဆိုင်သော ၀န်ကြီး ဌာန၏ ခွင့်ပြုမိန့် လိုအပ်ချက် များအား အောက်ပါ Link တွင် ၀င်ရောက် ကြည့်ရှု နိုင်ပါသည်။
https://app.ycdc.gov.mm/business_license/information.php… )
၂။ စက်မှုဇုံ ကော်မတီ၏ ထောက်ခံချက် နှင့် အနီးဆုံး ပတ်ဝန်းကျင် (၁၀)ဦး ထောက်ခံချက်
၃။ လုပ်ငန်း တည်နေရာ အတွက် ပိုင်ဆိုင်ခွင့် အထောက်အထား (ဥပမာ−အငှား စာချုပ်)
၎။ လုပ်ငန်းရှင်(နိုင်ငံသား ဖြစ်ပါက) နိုင်ငံသား စိစစ်ရေးကတ်၊ (နိုင်ငံခြားသား ဖြစ်ပါက) ပတ်စ်ပို့ မိတ္တူ၊ လိုင်စင် ဓါတ်ပုံ (၃)ပုံ
၅။ လုပ်ငန်း တည်နေရာ (မျက်နှာစာ / ပြင်ပ/ အတွင်း) ဓါတ်ပုံ(၃)ပုံ
၆။ လုပ်ငန်း တည်နေရာပြ မြေပုံ (location map)
၇။ အခြား အထောက်အထား စာရွက်စာတမ်းများ အား လိုအပ်ပါက ထပ်မံ တင်ပြရမည် ဖြစ်ပါသည်။
Online Application လက်ခံ ရရှိပါက သက်ဆိုင်ရာ ခရိုင် / မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးမှ ကွင်းဆင်း စစ်ဆေးမည့် ရက်အား အကြောင်းကြားမည် ဖြစ်ပါသည်။ ယင်းသို့ ကွင်းဆင်း စစ်ဆေးစဉ် ထပ်မံ တင်ပြရန် အထောက်အထားများ လိုအပ်ပါက တပြိုင်တည်း တောင်းခံပါမည်။
အချက်အလက် ပြည့်စုံပြီး လိုအပ်ချက် မရှိပါက ယင်းရက်မှ (၂) ပတ် အတွင်း (ရုံးပိတ်ရက် မပါ) လိုင်စင်ခွင့်ပြုကြောင်း အကြောင်းကြားမည်။
ခွင့်ပြုချက် ရရှိ၍ မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးတွင် ငွေပေးသွင်း ပြီးပါက လိုင်စင်ကတ်ပြား ထုတ်ပေးမည် ဖြစ်ပါသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ခွင့်ပြုချက်ဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများ အတွက် အဆင်သင့် တင်ပြ ခွင့်ပြုချက် ရယူပြီးမှ သာ လုပ်ငန်း လိုင်စင် ခွင့်ပြုပေးမည် ဖြစ်ပါသည်။
အောက်ပါ Link တွင် လျှောက်ထား နိုင်ပါသည်။
https://app.ycdc.gov.mm/business_licen…/license_business.php
Credit: EYangon