ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်ရန် ကုမ္ပဏီသုံးခု ဆန်ခါတင်အောင်မြင်

ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်ရန် ကုမ္ပဏီသုံးခု ဆန်ခါတင်အောင်မြင် - Property News in Myanmar from iMyanmarHouse.com
2 Jan 2018 10:33 am တွင် တင်ခဲ့သည်
10927 ကြိမ် ကြည့်ရှု့ပြီး
JICA ချေးငွေဖြင့် ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်း ဆောင်ရွက်ရန် တင်ဒါဝင်ရောက်ယှဉ်ပြိုင်သည့် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီ ဖက်စပ် ကုမ္ပဏီ ရှစ်ခုအနက် သုံးခုကိုသာ ဆန်ခါတင် ရွေးချယ်ပြီးဖြစ်ကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။

လက်ရှိ ဆန်ခါတင် ရွေးချယ်ထားသော ကုမ္ပဏီများမှာ ဂျပန်နှင့် ဖက်စပ် ဆောင်ရွက်သည့်ကုမ္ပဏီများ ပါဝင်ပြီး နောက်ဆုံး ရွေးချယ်ခံရသော ကုမ္ပဏီသည် ရထားသံလမ်း အဆင့်မြှင့်ခြင်းနှင့် အချက်ပြစနစ် တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်သည်။

ရန်ကုန်-မန္တလေး ရထားလမ်း အဆင့် မြှင့်တင်ရေးစီမံကိန်းအတွက် ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက် ရေး အေဂျင်စှီဲုဃဗ ချေးငွေ ၂၇၁ ဒသမ ၆၄ ဘီလီယံသုံးစွဲမည်ဖြစ်ပြီး ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းတွင် ကုမ္ပဏီတစ်ခုတည်းကို စိစစ်ရွေးချယ်ကာ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းကိုပါ လုပ်ဆောင်မည်ဖြစ်ကြောင်း မြန်မာ့မီးရထား တာဝန်ရှိသူထံ မှ သိရသည်။

ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် ရန်ကုန်-တောင်ငူ၊ တောင်ငူ-ရမည်းသင်း၊ တောင်ငူ-မန္တလေး လမ်းပိုင်းဟူ၍ အပိုင်း သုံးပိုင်းခွဲထားပြီး ပထမအဆင့်အနေနှင့် ရန်ကုန်-တောင်ငူ၊ တောင်ငူ-မန္တလေး လမ်းပိုင်းကို စတင် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း မြန်မာ့မီးရထား (အောက်မြန်မာပြည်) ရုံးမှ တာဝန်ရှိသူက ပြောကြားသည်။

“JICA က ချေးငွေ ဂျပန်ယမ်း ၂၇၀ ကျော် ဘီလီယံ အသုံးပြုမှာဖြစ်သလို အစိုးရအနေနဲ့လည်း ၄၂၈ ဘီလီယံ အသုံးပြုမှာပါ”ဟု ၎င်းက ဆိုသည်။

ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းကို မြန်မာ့မီးရထားနှင့် JICA တို့ ပူးပေါင်း ဆောင်ရွက်ပြီး တောင်ငူ-မန္တလေး ရထားလမ်းပိုင်းအတွက် ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ခြင်း (EIA) ကို လုပ်ဆောင်ထားပြီးဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

အဆင့်မြှင့်တင်ခြင်း အနေနှင့် ရထား လမ်းအဆင့်မြှင့်တင်ခြင်း၊ တံတားများ ပြုပြင်ခြင်း၊ စက်ခေါင်း မောင်းနှင်ခြင်းအတွက် နည်းပညာပိုင်း ပို့ချခြင်းနှင့် လိုအပ်သည့် စက်ကိရိယာများ တပ်ဆင် အသုံးပြုစေခြင်း၊ ကုန်တင် ကုန်ချပြုလုပ်မည့် ခေတ်မီ စက်ယန္တရား တပ်ဆင်ခြင်းများ ဆောင်ရွက်မည် ဖြစ်သည်။

ရန်ကုန်-မန္တလေး ရထားလမ်းမှာ ၃၈၅ ဒသမ ၅ မိုင်ရှည်ပြီး စီမံကိန်းကာလအနေနှင့် ၂၀၁၈ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ရေရှည် လုပ်ဆောင်ရမည့် စီမံကိန်းအဖြစ် သတ်မှတ်ထားကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ မြန်မာ့မီးရထားထံမှ သိရသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

Shwe Moe Kaung
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service