ဘဏ်အတိုးနှုန်း ၃ ရာခိုင်နှုန်း လျှော့ပေးရန် ဘဏ်များအသင်း အစိုးရထံတောင်းဆို

ဘဏ်အတိုးနှုန်း ၃ ရာခိုင်နှုန်း လျှော့ပေးရန် ဘဏ်များအသင်း အစိုးရထံတောင်းဆို - Property News in Myanmar from iMyanmarHouse.com
2 Jan 2018 10:26 am တွင် တင်ခဲ့သည်
6898 ကြိမ် ကြည့်ရှု့ပြီး
ပုဂ္ဂလိကကဏ္ဍတွင် ဖြစ်ပေါ်နေသော လက်ရှိအခက်အခဲများကို ဖြေရှင်းနိုင်ရန်အတွက် ချေးငွေအပေါ် အတိုးနှုန်းလျှော့ချရန်နှင့် ဘဏ်အပ်ငွေအပေါ်၌လည်း အတိုးနှုန်းလျှော့ချရန် မြန်မာနိုင်ငံ ဘဏ်များအသင်းက အစိုးရထံ တောင်းဆိုထားကြောင်း ယင်းအသင်းထံမှ သိရသည်။

ဘဏ်ချေးငွေနှင့်ပတ်သက်၍ လက်ရှိကောက်ခံနေသည့် ၁၃ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းသို့ လျှော့ချပေးရန်နှင့် ဘဏ်အပ်ငွေအတွက်မူ လက်ရှိ ၈ ရာခိုင်နှုန်းမှ သင့်တင့်သော နှုန်းထားဖြစ်သည့် ၅ ရာခိုင်နှုန်းသို့ လျှော့ချပေးရန်တင်ပြခဲ့ကြောင်း မြန်မာနိုင်ငံဘဏ်များအသင်းထံမှ သိရသည်။

“ ဒီအချိန်မှာ ချေးငွေအပေါ်လျှော့ရင် အပ်ငွေမှာပါ လျှော့မှာပါ။ ဒီကိစ္စဟာ အရမ်းကို ဆတ်ဆတ်ထိမခံတဲ့ ကိစ္စတွေပါ။ ဒါပေမဲ့လည်း လက်ရှိစီးပွားရေးအခြေအနေအရတော့ ဘဏ်တိုးနှုန်းဟာ လျှော့ချလို့ရတယ်ဆိုတာ ပညာရှင်တွေကလည်း သုံးသပ်ကြတယ် ”ဟု မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောကြားသည်။

ဗဟိုဘဏ်က ဘဏ်အတိုးနှုန်းများနှင့်ပတ်သက်၍ ဘောင်အကျဉ်းအကျယ် (လက်ရှိ ၈ ရာခိုင်နှုန်းမှ ၁၃ ရာခိုင်နှုန်းအကြား သတ်မှတ်ချက်အပေါ် ပြင်ဆင်ရေး) တစ်ခုလုပ်နိုင်ရေး ဖြေလျှော့ပေးရန် စဉ်းစားနေကြောင်း၊ သို့သော်လည်း ဘဏ်အပ်ငွေများ စုပြုံထုတ်မည်ဆိုလျှင် ဘဏ်များအနေနှင့် အကျပ်ရိုက်နိုင်သည့်အတွက် အားလုံးအဆင်ပြေမည့် နည်းလမ်းကို စီစဉ်နေကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

“ လုပ်ငန်းရှင်တွေ၊ ဘဏ်တွေဘက်ကလည်း ဘဏ်အတိုးနှုန်းနဲ့ပတ်သက်ပြီး ပြောကြတာရှိပါတယ်။ အခုဆိုလည်း နိုင်ငံခြားဘဏ်တွေလည်း ဝင်လာပြီဖြစ်တဲ့အတွက် အတိုးနှုန်းကို လက်ရှိထက်လျှော့ဖို့ အစီအစဉ် ရှိပါတယ် ”ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ပြည်တွင်းဘဏ်များထံမှ ငွေချေးရန်မလွယ်ကူသဖြင့် ပြည်တွင်းရှိ နိုင်ငံခြားဘဏ်ခွဲများထံမှ ချေးငွေရရှိရန် တောင်းဆိုနေကြပြီး ပြည်ပမှ တိုက်ရိုက်ငွေချေးရန် လုပ်ငန်းရှင်များက လိုလားကြသည်။

လက်ရှိ၌ အနိမ့်ဆုံး အပ်ငွေအတိုးနှုန်းအဖြစ် ၈ ရာခိုင်နှုန်းနှင့် အမြင့်ဆုံးချေးငွေ အတိုးနှုန်းအဖြစ် ၁၃ ရာခိုင်နှုန်းထားရှိရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတ်မှတ်ထားသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

CarsDB
Shwe Moe Kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service