စင်ကာပူနိုင်ငံ Orchard Road နဲ့ ၃၉ ကီလိုမီတာသာဝေးတဲ့ Forest City အိမ်ရာ စီမံကိန်းရှိ ရုံးခန်းနဲ့ Service Apartment တွေကို မြန်မာကျပ်ငွေ သိန်း၂၀၀၀ စပြီး ၀ယ်ယူနိုင်မှာ ဖြစ်ပါတယ်လို့ KAE ကသိရပါတယ်။
စင်ကာပူနိုင်ငံနဲ့ မလေးရှားနိုင်ငံကြား လူလုပ်ကျွန်းပေါ်မှာ တည်ရှိပြီး Forest City အိမ်ရာစီမံကိန်းကြီးမှာ ပါဝင်တဲ့ Landmark Tower 1 မှာမြန်မာငွေ သိန်း ၂၀၀၀ နဲ့ ရုံးခန်းပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။စုစုပေါင်း ဧက ၅၀၀၀၀ ကျော်ရှိပြီး အရှေ့တောင်အာရှရဲ့ အကြီးမားဆုံးစီမံကိန်း ဖြစ်ပါတယ်။
အဲသည်စီမံကိန်းမှာဆိုရင် အလွှာပေါင်း ၄၅ လွှာရှိပြီး တစ်လွှာကနေ ငါးလွှာအထိ ရှော့ပင်းစင်တာ၊ ခြောက်လွှာကနေ အလွှာ ၃၀ အထိရုံးခန်း၊ ၃၁လွှာကနေ ၄၅ လွှာအထိ Service Apartment ဖြစ်တယ်လို့ သိရပါတယ်။ရုံးခန်းတွေ ရဲ့ အကျယ်အ၀န်းက ၄၇၄ စတုရန်းပေကနေ ၂၁၈၅ စတုရန်းပေအကျယ်ရှိပြီး ၂၀၂၁ ခုနှစ် ပြီးစီးမှာဖြစ်တယ်။ ချန်ဂီလေဆိပ်ကနေ မိနစ် ၃၀ ၊ဆီနိုင်းလေဆိပ် (မလေးရှား)ကနေ မိနစ် ၃၀ အကွာမှာ ရှိတယ်လို့ သိရပါတယ်။
ငွေပေးချေစနစ်တွေက လက်ငင်းငွေချေစနစ် ၊ ခြောက်လအတိုးမဲ့ ၊ နှစ်နှစ် (အတိုးမဲ့) ၊သုံးနှစ် (အတိုးမဲ့) ၀ယ်ယူနိုင်မှာဖြစ်ပါတယ်။Forest City မှာနေထိုင်သူတွေအတွက် စင်ကာပူ-မလေးရှား နှစ်နိုင်ငံ ကူးသန်းနိုင်ဖို့ ပြည်တွင်းလူဝင်မှု စစ်ဆေးတဲ့ ဂိတ်တွေ Imm-igraition Check Point လည်းသီးသန့်ထားရှိမှာ ဖြစ်ပါတယ် ။
Forest City Landmark Tower 1 မိတ်ဆက်ပွဲအခမ်းအနားကို ဆရာစံလမ်းမပေါ်ရှိ Acacia Tea Salon မှာ ဒီဇင်ဘာ ၂၈ ရက် ကျင်းပမှာဖြစ်ပြီး အရောင်းပွဲကို ၂၀၁၈ ခုနှစ်ဖေဖော်ဝါရီကျင်းပမှာ ဖြစ်ပါတယ်။
ရုံးခန်းဝယ်ယူသူတွေအနေနဲ့ Landmark Tower 1 မှာပါဝင်တဲ့ facilities တွေကိုလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ရုံးခန်းဝယ်ပြီး ကမ္ဘာ့အဆင့်မီ ကြယ်ငါးပွင့်ဟိုတယ်တွေမှာ ပါရှိတဲ့ facities တွေခံစားနိုင်မှာ ဖြစ်ပါတယ်။
မိတ်ဆက်ပွဲကို လာရောက်ပြီး Booking ယူကြတဲ့ ၀ယ်ယူသူတွေကို စင်ကာပူ-မလေးရှား သုံးရက်နှစ်ညအိပ်ကို USD.300 (ဗီဇာဖရီး လေယာဉ်လက်မှတ်ဖိုး) လိုက်ပါခွင့်ရမှာဖြစ်ပါတယ်။သိန်း ၂၀၀၀ တန်ရုံးခန်းဝယ်ယူထားပြီး ပြန်ငှားသူတွေအတွက် လစဉ် ၁၀ သိန်းကနေ ၁၅ သိန်းကြားရနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ သိန်း ၂၀၀၀ တန် Service Apatrment ၀ယ်ယူထားရင်လည်း လစဉ်ခုနှစ်သိန်းခွဲကနေ ၁၁သိန်းခွဲကြား ရရှိနိုင်မှာဖြစ်ပါတယ်။
Credit: The Modern