မွန်ပြည်နယ်တွင် ၂၀၁၆ ဖေဖော်ဝါရီမှ ၂၀၁၇ ဒီဇင် ဘာ ၁၅ ရက်အထိ (၂ နှစ်ခန့်) အ တွင်း အစိုးရက ပြန်လည်စွန့်လွှတ် မြေဧက ၁၆,၀၀၀ ကျော်ရှိသည် ဟု မွန်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးတင်ထူးက ပြောသည်။
ထိုစွန့်လွှတ်မြေတွင် သက်ဆိုင်ရာမြေပိုင်ရှင်များထံ ပြန်လည်လွှဲပြောင်းပေးအပ်ပြီးသည့် မြေဧက ၁၆,၀၀၀ကျော်ရှိပြီး လွှဲပြောင်းပေးရန် ပြန်လည်စိစစ်ဆဲ မြေ ၁၄၄ဧကကျော်ရှိကြောင်း ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနစာရင်းများတွင် ဖော်ပြထားသည်။
‘‘ဒီပြန်လည်စွန့်လွှတ်မြေက မြေယာကိစ္စအရှုပ်အရှင်းကင်းတဲ့ မြေကိုပဲ ပြန်စွန့်ပေးတယ်။ အမွေ ကိစ္စတို့၊ ပုဂ္ဂိုလ်ရေးရာကိစ္စတို့ရှိနေရင် ၂၀၁၂ လယ်ယာမြေဥပဒေအ တိုင်း မြို့နယ်လယ်စီတွေကနေ အဆင့်ဆင့် စိစစ်ပြီးမှ ပြန်ချပေး နိုင်မယ်’’ဟု ဦးတင်ထူးက ပြော သည်။
စွန့်လွှတ်မြေဧက ၁၆,၀၀၀ ကျော်သည် ကျိုက်ထိုမြို့နယ်တွင် ဧက ၁၁,၂၉၀ ၊ ပေါင်မြို့နယ်တွင် ၂၂၄ ဧက၊ သံဖြူဇရပ်မြို့နယ် တွင် ၆၆ ဧက၊ ရေးမြို့နယ်တွင် ၉၉၁ ဧက၊ မုဒုံမြို့နယ်တွင် ၂၅၁ ဧက၊ မော်လမြိုင်မြို့နယ်တွင် ၆၆၅ ဧက၊ ဘီးလင်းမြို့နယ်တွင် ၅၁၄ ဧက၊ သထုံမြို့နယ်တွင် ၁,၄၁၂ ဧက၊ ချောင်းဆုံမြို့နယ် တွင် ၄၇ ဧကနှင့် ကျိုက်မရောမြို့ နယ်တွင် ဧက ၁,၃၇၀ တို့ ဖြစ် သည်။
ထို့အပြင် ကာကွယ်ရေးဝန်ကြီးဌာန ပြန်လည်စွန့်လွှတ်မြေ များ နိုင်ငံတော်သို့ အပ်နှံပြီးစီးမှုအခြေအနေကို ဒီဇင်ဘာ ၁၅ ရက် ထုတ်ပြန်ချက်အရ မွန်ပြည်နယ်တွင် ပြန်လည်အပ်နှံသည့် မြေဧက ၃,၉၀၀ ကျော်ရှိပြီး မြန်မာတစ်နိုင်ငံလုံးတွင် ပြန်လည်အပ်နှံမြေ ဧက ၂၅၀,၀၀၀ ကျော်ရှိကြောင်း ထုတ်ပြန်ထားသည်။
Credit: 7Daydaily