အမေရိကန်တွင် ၂၀၁၇ ခုနှစ်အတွင်း အထူးခြားဆုံး အိမ်ခြံမြေအရောင်းအဝယ် ပေါ်ပေါက်

အမေရိကန်တွင် ၂၀၁၇ ခုနှစ်အတွင်း အထူးခြားဆုံး အိမ်ခြံမြေအရောင်းအဝယ် ပေါ်ပေါက် - Property News in Myanmar from iMyanmarHouse.com
29 Dec 2017 12:33 pm တွင် တင်ခဲ့သည်
2806 ကြိမ် ကြည့်ရှု့ပြီး
အမေရိကန်ပြည်ထောင်စု၊ ဒါးလက်စ်မြို့တွင် ၂၀၁၇ ခုနှစ်အတွင်း အထူးခြားဆုံး အိမ်ခြံမြေအရောင်းအဝယ် ပေါ်ပေါက်ခဲ့ရာ ကန်ဒေါ်လာ ၁၃၅ သန်းဖြင့် ဈေးကွက်တင်ထားသည့် နေအိမ်ကို ၃၆ ဒသမ ၂ သန်းဖြင့် ရောင်းချခဲ့သည့် ဖြစ်ရပ်ပေါ်ပေါက်ခဲ့ကြောင်း အမေရိကန်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ခြံဝန်းအကျယ်မှာ ၂၅ ဧကရှိပြီး ဝယ်လက်က အဆိုပါမြေနေရာတွင် ဇိမ်ခံလူနေအိမ်များ ဆောက်လုပ်ရန် စီစဉ်ထားသည်ဟု ဆိုသည်။
လေလံပွဲတွင် ဝယ်ယူသွားခဲ့သူမှာ Centurion American Development Group မှ အမှုဆောင်အရာရှိချုပ် မဲဒါ မိုအာယဲဒီ ဖြစ်သည်။
နေအိမ်တွင် အိပ်ခန်း ၁၀ ခန်းပါဝင်ပြီး စတုရန်းပေ ၂၇၀၀၀ အကျယ်အဝန်းရှိသည်။

ပိုင်ရှင်မှာ ဘီလျံနာ ဘဏ်လုပ်ငန်းရှင် အင်ဒီ ဘီးလ်ဖြစ်ကြောင်း အိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြသည်။အင်ဒီဘီးလ်သည် အသက် ၆၄ နှစ်အရွယ်ရှိပြီဖြစ်ပြီး Beal Bank နှင့် Beal Bank USA တို့ကို တည်ထောင်သူ၊ ဥက္ကဌတစ်ဦး ဖြစ်သည်။
ယခုနေအိမ်ကို ၂၀၁၅ ခုနှစ်အတွင်းက ဈေးကွက်တင်ခဲ့သည်မှာ ကန်ဒေါ်လာ ၁၃၅ သန်းဖြင့် ဖြစ်သည်။

အင်ဒီဘီးလ် မတိုင်မီက နေအိမ်ကို ပိုင်ဆိုင်ခဲ့သူမှာ ကမ္ဘာကျော်လီဗာပူးလ်ဘောလုံးအသင်း၊ Texas Rangers, the Dallas Stars နှင့် the Mesquite Championship Rodeo အားကစားအသင်းများကို ပိုင်ဆိုင်သူ ၊ စီးပွားရေးလုပ်ငန်းရှင် တင်မ် ဟစ်စ်ဖြစ်သည်။

လေလံပွဲတွင် ယခုနေအိမ်ကို လေလံဝင်ရောက်ယှဉ်ပြိုင်သူ ၈ ဦးရှိခဲ့သည်ဟု ဆိုသည်။မစ္စတာ မိုအာယဲဒီသည် ၂၅ ဧက မြေနေရာတွင် ဇိမ်ခံလူနေအိမ်များ ဆောက်လုပ်သွားမည်ဖြစ်သော်လည်း ပင်မနေအိမ်ကိုမူ ဆက်လက်ထိန်းသိမ်းထားမည် ဖြစ်သည်။

မိုအာယဲဒီသည် ယင်းမြေနေရာတွင် တန်ဖိုးကြီးနေအိမ် ၅ လုံးအထိ ဆောက်လုပ်သွားရန် ဆောက်လုပ်ရေးကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

ပင်မနေအိမ်မှာ ထုံးကျောက်ဖြင့် ဆောက်လုပ်ထားခြင်းဖြစ်ပြီး ၁၉၃၉ ခုနှစ်တွင် ဗိသုကာပညာရှင် မောရစ် ဖာတီယိုက ဆောက်လုပ်ပေးခဲ့သည်။
၂၀၀၃ ခုနှစ်တွင် ဗိသုကာပညာရှင် ပီတာ မာရီနိုက ပြန်လည်မွမ်းမံပေးခဲ့သည်။
မူလက အီတလီမြို့စားကြီး ပီယို ခရက်စ်ပီအတွက် ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်ပြီး ၂၀ ရာစုအလယ်ပိုင်းတွင် သမ္မတများ၊ နာမည်ကြီး အကျော်ဒေးယျပုဂ္ဂိုလ်များကို ဧည့်ခံခဲ့ဖူးသည်။

နေအိမ်ပတ်ဝန်းကျင်တွင်လည်း နာမည်ကျော်ပုဂ္ဂိုလ် အများအပြားနေထိုင်လျက်ရှိကြရာ အမေရိကန်သမ္မတဟောင်း ဂျော့ခ်ျ ဒဗလျူ ဘုရှ်နှင့် လော်ရာဘုရှ်၊ ၎င်းတို့နှင့် ခြံချင်းကပ်လျက်တွင် နာမည်ကျော်သူဌေးကြီး မာ့ခ် ကျူဘန်တို့၏ နေအိမ်များလည်း ပါဝင်သည်။

၁၉ ရာစုနှစ်အတွင်းက ဝက်သစ်ချသားဖြင့် မွမ်းမံထားသည့် စာကြည့်တိုက်တစ်ခု ပါဝင်ပြီး စတုရန်းပေ ၅၀၀၀ ခန့် အကျယ်အဝန်းရှိသည့် ရေကန်ဘေးနေအိမ်တစ်လုံး၊ တင်းနစ်ကွင်းတစ်ခု၊ ဧည့်ဂေဟာဆောင်၊ ထိုင်ခုံ ၁၉ လုံးဆန့် ရုပ်ရှင်ရုံ၊ ရဟတ်ယာဉ်ကွင်းတို့ပါဝင်သည်။

နေအိမ်ကို မွမ်းမံပြင်ဆင်ရာတွင် ၃ နှစ်ခန့် ကြာမြင့်ခဲ့ပြီး လက်မှုပညာရှင်ပေါင်း ၂၅၀ ခန့်ဖြင့် အချိန်ယူမွမ်းမံခဲ့ခြင်းဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
အမေရိကန်တွင် ၂၀၁၇ ခုနှစ်အတွင်း အထူးခြားဆုံး အိမ်ခြံမြေအရောင်းအဝယ် ပေါ်ပေါက် - Property News in Myanmar from iMyanmarHouse.com
အမေရိကန်တွင် ၂၀၁၇ ခုနှစ်အတွင်း အထူးခြားဆုံး အိမ်ခြံမြေအရောင်းအဝယ် ပေါ်ပေါက် - Property News in Myanmar from iMyanmarHouse.com
အမေရိကန်တွင် ၂၀၁၇ ခုနှစ်အတွင်း အထူးခြားဆုံး အိမ်ခြံမြေအရောင်းအဝယ် ပေါ်ပေါက် - Property News in Myanmar from iMyanmarHouse.com
အမေရိကန်တွင် ၂၀၁၇ ခုနှစ်အတွင်း အထူးခြားဆုံး အိမ်ခြံမြေအရောင်းအဝယ် ပေါ်ပေါက် - Property News in Myanmar from iMyanmarHouse.com
အမေရိကန်တွင် ၂၀၁၇ ခုနှစ်အတွင်း အထူးခြားဆုံး အိမ်ခြံမြေအရောင်းအဝယ် ပေါ်ပေါက် - Property News in Myanmar from iMyanmarHouse.com
အမေရိကန်တွင် ၂၀၁၇ ခုနှစ်အတွင်း အထူးခြားဆုံး အိမ်ခြံမြေအရောင်းအဝယ် ပေါ်ပေါက် - Property News in Myanmar from iMyanmarHouse.com
အမေရိကန်တွင် ၂၀၁၇ ခုနှစ်အတွင်း အထူးခြားဆုံး အိမ်ခြံမြေအရောင်းအဝယ် ပေါ်ပေါက် - Property News in Myanmar from iMyanmarHouse.com
အမေရိကန်တွင် ၂၀၁၇ ခုနှစ်အတွင်း အထူးခြားဆုံး အိမ်ခြံမြေအရောင်းအဝယ် ပေါ်ပေါက် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

CarsDB
Shwe Moe Kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service