စစ်တွေတွင် ဖော်ဆောင်မည့် ဒေါ်လာ ၁၀ သန်းတန် အိမ်ရာစီမံကိန်းအတွက် မြေကွက်များ စတင်ရောင်းချမည်

စစ်တွေတွင် ဖော်ဆောင်မည့် ဒေါ်လာ ၁၀ သန်းတန် အိမ်ရာစီမံကိန်းအတွက် မြေကွက်များ စတင်ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
29 Dec 2017 11:36 am တွင် တင်ခဲ့သည်
4978 ကြိမ် ကြည့်ရှု့ပြီး
စစ်တွေမြို့တွင် ဖော်ဆောင်မည့် ဒေါ်လာ ၁၀ သန်းတန်အိမ်ရာစီမံကိန်းရှိ မြေကွက်များကို ၂၀၁၈ ဇန်နဝါရီ ၆ ရက်၌ စတင် ရောင်းချမည်ဖြစ်ကြောင်း စီမံကိန်း စတင်မိတ်ဆက်သည့် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အုပ်ချုပ်မှု ဒါရိုက်တာ ဦးနေမင်းသူက ပြော သည်။

အဆိုပါစီမံကိန်းတွင် ရခိုင် ပြည်နယ်အစိုးရက ရှယ်ယာ ၃၀ ရာခိုင်နှုန်းပါဝင်ပြီး ကိုရီးယားနိုင်ငံ မှ BXT International ကုမ္ပဏီနှင့် အကျိုးတူပူးပေါင်းဆောင်ရွက် ခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရလျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦး အောင်ကျော်ဇံက ပြောသည်။

‘‘ ရခိုင်အစိုးရက စိုက်ထုတ် တာ လုပ်ပိုင်ခွင့်ပေးတာရယ်၊ MICကျလာရင် အောင်မြင်အောင် လုပ်ဆောင်နိုင်ဖို့ လိုအပ်တဲ့ ဥပဒေ၊ နည်းဥပဒေကူညီပေးဖို့ပါ။ လိုအပ်တဲ့ ငွေကြေးအားလုံးက ကုမ္ပဏီ က စိုက်ထုတ်တာပါ ’’ဟု ၎င်းက ဆက်လက်ပြောသည်။

အဆိုပါစီမံကိန်းသည် ကစ္ဆပနဒီမြစ်ကမ်းကို မြေဖို့ပြီး မြေဧက၉၀ ကျော်တွင် အကောင်အထည် ဖော်သည့်အိမ်ရာစီမံကိန်းဖြစ်ပြီး ယခင်အစိုးရလက်ထက်တွင် ခွင့်ပြုခဲ့ကာ ၂၀၁၆ မတ်လတွင် ရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံမှ ခွင့်ပြုမိန့်ရခဲ့သည်ဟု ၎င်းက ပြောသည်။

ယင်းစီမံကိန်းနှင့်ပတ်သက် ပြီး ပွင့်လင်းမြင်သာမှုမရှိသော ကြောင့် ယခင်အစိုးရလက်ထက် တွင် ဒေသခံအချို့က ကန့်ကွက် ခဲ့ကြောင်း ဝံလက်ဖောင်ဒေးရှင်း ဒါရိုက်တာ ဦးခိုင်ကောင်းစံက ပြောသည်။

‘‘အခုတော့ စစ်တွေလူထုက မြို့ပြဖွံ့ဖြိုးဖို့အတွက် လိုအပ် တယ်ဆိုပြီး မကန့်ကွက်ကြတော့ ဘူး။ ဒါပေမဲ့ ဒေသအတွက် အကျိုးအမြတ်ဘယ်လောက်ရမယ် ဆိုတာကို သိချင်နေကြတယ်’’ဟု ၎င်းက ဆက်လက်ပြောသည်။

အဆိုပါစီမံကိန်းသည် လက် ရှိတွင် မြေယာပြုပြင်မှု ၅၀ ရာခိုင် နှုန်းပြီးစီးနေပြီး ၂၀၁၈ ဒီဇင်ဘာတွင် လုပ်ငန်းများပြီးပြတ်မည်ဟုဆိုသည်။ စီမံကိန်းတွင် မြေဝယ်ယူလိုသူများသည် တစ်စတုရန်းပေကို ကျပ်သောင်းဂဏန်းက စတင် ဝယ်ယူနိုင်ကြောင်း ကုမ္ပဏီက ဆိုသည်။

ယင်းစီမံကိန်းသည် ရခိုင် ပြည်နယ်အတွင်း လက်ရှိအစိုးရ လက်ထက်တွင် ပထမဦးဆုံးအ ကောင်အထည်ဖော်မည့် အိမ်ရာစီမံကိန်းဖြစ်သည်။ စီမံကိန်းအ ကောင်အထည်ဖော်မည့် ကိုရီးယားကုမ္ပဏီသည် မြန်မာနိုင်ငံသားကုမ္ပဏီအဖြစ် မှတ်ပုံတင် ထားကြောင်း BXT International ကုမ္ပဏီဥက္ကဋ္ဌ မစ္စတာ စတီပင် ပက်ခ်က ပြောသည်။

အဆိုပါစီမံကိန်းကို Sittwe Waterfront မြို့သစ်စီမံကိန်းဟု ခေါ်ပြီး စီမံကိန်းတွင် စုပေါင်းအိမ် ရာ၊ အလယ်အလတ်ရှိ ကွန်ဒိုမီနီယံများ၊ ဂိုဒေါင်နှင့် ပို့ဆောင်ရေး ဆိုင်ရာဝန်ဆောင်မှုများ၊ ကုန်သွယ်မှုစီးပွားရေးဇုန်၊ ငါးစက်ရုံ များနှင့် အပန်းဖြေနေရာများပါဝင် မည်ဖြစ်သည်။

BXT ကုမ္ပဏီသည် ကိုရီး ယားနိုင်ငံ ဘူဆန်မြို့က အဝေးပြေးကားဝင်းကို တည်ထောင်ခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံ စမုမြို့တွင် ကြယ်ငါးပွင့်ဟိုတယ်တစ်လုံးနှင့် အပန်း ဖြေနေရာတစ်ခုကိုလည်း တည်ဆောက်ခဲ့ဖူးသည်ဟု ယင်းကုမ္ပဏီဥက္ကဋ္ဌက ပြောသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က

CarsDB
Shwe Moe Kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service