'' ရွှေ '' အကြောင်းဖယောင်းကသိသလို '' မြေ '' အကြောင်းသိချင်ရင် ရာဇဝင်မှာ ကြည့်ရမယ်

'' ရွှေ '' အကြောင်းဖယောင်းကသိသလို '' မြေ '' အကြောင်းသိချင်ရင် ရာဇဝင်မှာ ကြည့်ရမယ် - Property News in Myanmar from iMyanmarHouse.com
28 Dec 2017 12:13 pm တွင် တင်ခဲ့သည်
3965 ကြိမ် ကြည့်ရှု့ပြီး
လူတိုင်းဘဝမှာ အရင်းအနှီးတိုးပွားပြီးကြီးပွားချမ်းသာဖို့အတွက်ဆိုရင် မိမိပတ်ဝန်းကျင်အနီးအနားမှာဖြစ်ဖြစ် အလှမ်းဝေးသောအရပ်မှာပဲဖြစ်ဖြစ် သွားရောက်ပြီး ရင်းနှီးမြှုပ်နှံချင်ကြတယ်။ အထူးသဖြင့် အိမ်ခြံမြေအရာင်းအဝယ်လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံသူတွေဟာ မိမိဘဝကြီးပွားတိုးတက်ဖို့အတွက် ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင် စသဖြင့် မည်သည့်အရပ်ဒေသမှာဖြစ်ဖြစ် ရင်းနှီးမြှုပ်နှံလိုကြတယ်။

ရွှေအကြောင်းဖယောင်းကသိ၊ မြေအကြောင်းရာဇဝင်မှာကြည့်

ကြီးပွားတိုးတက်ဖို့အတွက် မြေမှာရင်းနှီးမြှုပ်နှံတာတော့ မှန်ပါပြီ။ ဒါပေမဲ့ မြေဆိုတာမျိုးကလည်း မြေအမျိုးအစားတွေက ''ရန်ကုန်'' ၊ ''မန္တလေး'' မတူသလို ''နေပြည်တော်၊ ပြင်ဦးလွင်'' စတဲ့မြေတွေကလည်း အနေအထားအခေါ်အဝေါ် မတူကြပြန်ပါဘူး။ အခေါ်အဝေါ်မတူသလို တန်ဖိုးကလည်းမတူပါဘူး။ တန်ဖိုးကွာခြားချက်သိချင်ရင်တော့ ရွှေအကြောင်းဖယောင်းမှာသိဆိုသလို မြေအကြောင်းသိချင်ရင်ရာဇဝင်လေ့လာကြည့်မှသာ ပြည့်ပြည့်စုံစုံမှန်မှန်ကန်ကန် သိရှိနိုင်မှာဖြစ်ပါတယ်။

စေ့စေ့စပ်စပ်လေ့လာပါ၊ အမှားနည်းသွားမှာ

ရန်ကုန်သူတစ်ဦးက ကိုယ်နေတဲ့အရပ်နဲ့ဝေးတဲ့ ပြင်ဦးလွင်(မေမြို့)လို နေရာမျိုးမှာ မြေဝယ်ပြီး မြှုပ်နှံထားချင်တယ်ဆိုရင်တော့ ဝယ်ယူမဲ့မြေရာဇဝင် မြေသမိုင်းရှေ့ပြေးလေ့လာထားသင့်တာကတော့အမှန်ပဲ။ ဒီတော့ ကိုယ်မကျွမ်းကျင်တဲ့ နယ်မြေမှာ မြေကွက်ဝယ်တော့မယ်ဆိုရင်တော့ ရောင်းသူထံမှာရှိတဲ့ တရားဝင်ပိုင်ဆိုင်မှုအထောက်အထားတွေကို တောင်းယူကြည့်ရမှာပဲ။ ရောင်းသူပြသတဲ့ စာရွက်စာတမ်းတွေဟာ မှန်ရဲ့လား။ စာချုပ်အဆက်အစပ်တွေကတော့ ကွင်းဆက်မပြတ်ရှိရဲ့လား စစ်ဆေးကြည့်ရပါမယ်။

ခိုင်မာကြောင်းသက်သေပြသဖို့ရောင်းသူတာဝန်

ဥပမာ - ပြင်ဦးလွင်မြို့နယ်ကမြေကွက်ကို ရန်ကုန်မှာပဲ အရောင်းအဝယ်လုပ်ကြတယ်ဆိုရင် ဝယ်မဲ့သူက မြေရာဇဝင်စစ်ဆေးတတ်ဖို့ လိုပြီလေ။ ရောင်းသူကလည်း မြေကွက်နဲ့ပက်သက်ပြီး အရှုတ်အရှင်းဖြစ်လာရင်တာဝန်ယူတဲ့အပြင်၊ မိမိရောင်းမဲ့မြေကွက်ဟာ ဘယ်လိုမြေအမျိုးအစားဖြစ်တယ်၊ ဘယ်သူအမည်ပေါက်တယ်၊ ပုံစံ (၇) ရပြီးလို့၊ ပုံစံ (၁၀၅) ထွက်နေတဲ့ မြေကွက်ကြီးအထဲမှ ခွဲစိတ်ဝယ်ယူထားတဲ့ မြေကွက်ဖြစ်တယ် စသဖြင့် အာမခံချက်ပေးဖို့လိုတာပေါ့။

မြေအရောင်းအဝယ်လုပ်ရာမှာအုပ်ချုပ်ရေးမှူးဆိုတာသက်သေပါ

အဲဒီလိုမဟုတ်ပဲ ရောင်းသူဘက်ကပြောတတ်တဲ့ ဓလေ့တစ်ခုရှိတယ်။ ကျွန်မတို့ဝယ်ထားစဉ်က ရပ်ကွက်အုပ်ချုပ်ရေးမှူး/ကျေးရွာအုပ်ချုပ်ရေးမှူး အသိသက်သေထား စာချုပ်ပြီးဝယ်ထားတာ မြေအမည်ပေါက်လည်းမှန်တယ်၊ ပိုင်ရှင်ကိုယ်တိုင်လက်မှတ်ထိုးပြီးရောင်းထားတာဖြစ်တယ်ဆိုပြီး အာမခံကြလေ့ရှိတယ်။ တကယ့်လက်တွေ့မှာ ရောင်းသူကပြောသလို အုပ်ချုပ်ရေးမှူးရှေ့မှာချုပ်ထားတဲ့ အရောင်းအဝယ်စာချုပ်တစ်ခုက ခိုင်မာပြီလို့ မဆိုနိုင်ပါဘူး။

မြေနဲ့ပက်သက်လာရင်မြေစာရင်းမှူးကအသိဆုံး

ဘာကြောင့်လဲဆိုတော့ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများဟာ မြို့နယ်မြေစာရင်းမှူးမဟုတ်လို့ပါဘဲ၊ အုပ်ချုပ်ရေးမှူးဆိုတာ ရပ်ကွက်/ကျေးရွာ အေးချမ်းသာယာရေးအတွက် ဆောင်ရွက်နိုင်ကြပေမဲ့ မြို့ရွာနှင့်အိုးအိမ်များအကြောင်းကိုတော့ မြို့နယ်မြေစာရင်းဦးစီးမှူးလောက်သိနိုင်ကြမှာ မဟုတ်ပါဘူး။ ဒါကြောင့် မြို့မှာနေသူပဲဖြစ်ဖြစ် တောမှာနေသူပဲဖြစ်ဖြစ် မြေဝယ်တော့မယ်ဆိုရင် မိမိတို့နေထိုင်ရာ မြို့နယ် မြေစာရင်းဦးစီးဌာနရုံးမှာ အရင်ဆုံးသွားရောက်ဆုံစမ်းပြီးမှ ဝယ်တာအကောင်းဆုံးပါဘဲ။ စာရေးသူက ယခုလို မြေအကြောင်းစဉ်းစားနေစဉ်မှာပဲ ရန်ကုန်သူ ''ခင်ခင်ဦး'' တစ်ယောက် စာရေးသူရုံးခန်းကို ရောက်လာပါတယ်။ ရောက်ရောက်ချင်းပဲ ''သူမ'' ဝယ်လိုတဲ့ မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်၊ ညောင်နီကျေးရွာအုပ်စု ကွင်းအမှတ် ( )၊ ရပ်ကွက်ကြီး(၁၄)က (အလျား ၅၀ပေxအနံ ၁၀၀ပေ)ရှိတဲ့ မြေကွက်ကိုဝယ်လိုသဖြင့် မြေကွက်နဲ့ပက်သက်တဲ့ စာရွက်စာတမ်းတွေကို နေရာအနေအထား မှတ်တမ်းတွေနဲ့တကွ ထုတ်ပြပါတယ်။

ပြင်ဦးလွင်မြို့နယ်ကညောင်နီကျေးရွာမှာမြေဝယ်ချင်သူပါ

ခင်ခင်ဦး ပြသောစာရွက်စာတမ်းများမှာ ကွင်းအမှတ်၊ မြေကွက်အမှတ်ပါရှိပြီး မြေတိုင်းမြေပုံအကြမ်းစာရွက် (ကရကဝင်ပုံစံ-၁၀၅)မဟုတ်သေးသည့်စာရွက်နဲ့ မူလအမည်ပေါက်သူထံမှ အရပ်ကတိအရောင်းအဝယ်စာချုပ်တွေ ဖြစ်ပါတယ်။ ညောင်နီကျေးရွာ ရပ်ကွက်ဖော်ထုတ်ထားပုံ လမ်းအနေအထား မီးတိုင်စိုက်ထားသည့်အနေအထားတို့ကို ဓာတ်ပုံမှတ်တမ်းတွင် တွေ့ရပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူးလက်မှတ်မြင်တွေ့ရ ပြည့်စုံပြီလို့ထင်ပြီဗျ
သာမန်အနေထားဖြင့်ကြည့်လျှင် နေရာအနေအထားနဲ့ဈေးနှုန်းသက်သာမှုတို့ကြောင့် ''ခင်ခင်ဦး'' က ဝယ်ယူဖို့ဆန္ဒပြင်းပြနေတာကို တွေ့ရပါတယ်။ ပြီးတော့ အရောင်းအဝယ်စာချုပ်ကြည့်လိုက်တဲ့အခါမှာလည်း ကျေးရွာအုပ်ချုပ်ရေးမှူးက စည်းတံဆိပ်တွေနဲ့ အသိသက်သေ လက်မှတ်ရေးထိုးထားတယ်ဆိုတော့ ခိုင်မာတယ်လို့ ထင်ရတာပေါ့။

ဥယျာဉ်မြေများအခြားနည်းအသုံးပြုခွင့်ကျပြီလား

ဒါပေမဲ့ အဲ့ဒီမြေကွက်က (ပုံစံ-၇) ရပြီးဖြစ်တဲ့ ''ဥယျာဉ်ခြံမြေ'' လား ပုံစံရထားတာမှန်ရင် အခုလိုမြေကွက်တွေ ရိုက်ခွင့်ပြုထားတဲ့ (မြေစာရင်းပုံစံ-၁၀၅) ရပြီလား။ ဗဟိုလယ်ယာ မြေစီမံခန့်ခွဲမှုကော်မတီကနေ ဥယျာဉ်ခြံမြေတွေကို အခြားနည်းသုံးခွင့်ပြုမိန့်ပြုထားတဲ့ မြေဖြစ်ပြီလား။ အဲ့ဒီအထောက်အထား စာရွက်တရွက်၊ မိတ္တူတွေပြပါလို့မေးကြည့်တော့ ''ခင်ခင်ဦး'' မှာပါမလာဘူး။ မူလပိုင်ရှင်မှာလဲ မရှိဘူး။ ဒီလိုမပြနိုင်ရင်တော့ ရောင်းသူထံကယူလာတဲ့ အရပ်ကတိအရောင်းအဝယ်ကိုကြည့်ပြီး ရန်ကုန်မှာဘဲ မြေကွက်အရောင်းအဝယ်လုပ်မယ်ဆိုရင်တော့ မြေရာဇဝင် အသေအချာမသိနိုင်သေးလို့ မဝယ်သင့်သေးဘူး။ ဖြစ်နိုင်ရင် ကိုယ်တိုင်မြို့မြေစာရင်းမှာ သွားရောက်စုံစမ်းကြည့်ပြီးမှ ဝယ်သင့်ပါတယ်လို့ အကြံပေးလိုက်ပါတယ်။

လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...
တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်
စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်
ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး
ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ
တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
CarsDB Showroom Opening
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service