တစ်ချိန်သောအခါက တစ် နေရာမှ တစ်နေရာသွား လာရာတွင် အမှတ်မမှားရအောင် ထင် ရှားသော အဆောက်အအုံများ၊ အပင်များ၊ ဆိုင်းပုဒ်များနှင့် အပြောင်းအလဲ မဖြစ်နိုင်ဟု ယူဆရသည့် အရာများကို အမှတ်အသားထားပြီး သွားလာခဲ့ကြ သည်။
ခေတ်တို့၊ စနစ်တို့၊ ယန္တရားတို့ ၏ စွမ်းအင်များ ဖွံ့ဖြိုးအားကောင်းလာ သော ခေတ်တွင် မြင်ကွင်းတို့ကို အသေမှတ်၍ အမှတ်အသားပြုခြင်းသည် ခက်ခဲ လာသည်ဟု မြင်သည်။
မြန်မာနိုင်ငံ ရန်ကုန်မြို့တော် ကြီး၏ ဖွံ့ဖြိုးမှုဖြစ်စဉ်တွင် အပြောင်းအလဲ တို့ လျှင်မြန်လှပါသည်။ တစ်နှစ်အတွင်း သာမဟုတ် လအပိုင်းအခြားလေးအတွင်း မှာပင် အပြောင်းအလဲတို့ မြင်ကွင်းတို့ များစွာပြောင်းလဲသွားကြသည်။ ရန်ကုန် မြို့တော်ကြီးကို နှစ်များစွာ အဆက် အသွယ် အရောက်အပေါက်ကျဲသူ (နည်း) သူတို့အဖို့ မျက်စိလည်စရာ ကောင်းအောင် မြင်ကွင်းတို့ ပြောင်းလဲကုန်သည်။
တစ်ချိန်က မြေကွက်လွတ် နေရာများ များများစားစားမြင်တွေ့ခွင့် ရနိုင်ကြသော်လည်း လက်ရှိ လူနေမှု ဖြစ်စဉ်တွင် မြေလွတ်မြေကွက်တို့သည် ရှားပါးသွားပြီ။ ရှာဖွေရခက်သည့် အနေအထားပင်ရောက်ရှိကုန်ပြီဖြစ်သည်။
စာရေးသူ ဖတ်ရှုခဲ့ရသော စာအုပ်တို့ရှိ ရန်ကုန်မြို့၏ ယခင် အခြေ အနေတို့နှင့် ယခုအခြေအနေတို့၏ ပြောင်းလဲမှုဖြစ်စဉ်တို့ကို ဆက်စပ်မေးပြီး ရေး သားမှုပြုရန်ဖြစ်သည်။ ထိုအခြေအနေရ တစ်ချိန်က ရှေ့မီနောက်မီ ဖြစ်ခဲ့သော
ဆရာတက္ကသိုလ်ခင်မောင်ဇော်၏ မြို့ တော်တစ်ခွင်အတိတ်ဖြစ်စဉ်ကို လက်ရှိ ပြောင်းလဲမှုမြန်ဆန်သော စာရေးသူတို့ ခေတ်အခြေအနေကို ဆက်ပေးဖို့ တာဝန် ဖြစ်သည်။ နိုင်ရာဝန်အလေးကို ထမ်းခြင်းဖြစ်၍ မှားယွင်းမှုပါခဲ့ပါလျှင် ပြင် ကြရန်သာ ဖြစ်သည်။
မြို့လယ် ဆူးလေတစ်ဝိုက် ပြောင်းလဲသွားသော အနေအထားတို့ကို လည်း မှတ်တမ်းပြုတင်ပြလိုပေသည်။
လူတိုင်း ရောက်ဖူးသွားဖူး လည် ပတ်ဖူးကြသော မဟာဗန္ဓုလပန်းခြံသည် လည်း ယခင်အချိန်က ဘယ်လိုနာမည် တွင်ခဲ့သည်ဟု သိမီသော ပုဂိ္ဂုလ်တို့ နည်း ပါးသွားသည်။ ရေးခဲ့သော စာအုပ်တို့ ရှိခဲ့သော်လည်း ဖတ်ဖူးသူတစ်ယောက် တစ်လေသာ သိကြပေမည်။ အများ ပြည်သူသိဖို့ ဖတ်ဖူးသူတို့ သိမီသူတို့ ထပ်ဆင့် မှတ်တမ်းပြုရေးသားရပေမည်။
မဟာဗန္ဓုလပန်းခြံ စတင် တည် ထောင်သည့် အချိန်က ဗြိတိသျှအုပ်ချုပ် မှုကာလဖြစ်သည်။ ထိုခေတ်တစ်လျှောက် လုံး ဖိုက်စကွဲယားဥယျာဉ်ဟု အမည် တွင်ခဲ့သည်။ ဗြိတိသျှတပ်မှ အရာရှိကြီး တစ်ဦးဖြစ်သူ ကာနယ်ဖိုက်ခ်ျကို ဂုဏ်ပြု ပြီး
နာမည်ပေးခဲ့သည်။
ထိုစဉ်က ဖိုက်စကွဲယားပန်းခြံ အတွင်း အပန်းဖြေအရိပ်ခိုနိုင်ရန် စက်ဝိုင်း ပုံသဏ္ဌာန်အမိုးနှင့် အဆောက်အအုံငယ် တစ်ခုဆောက်လုပ်ထားခဲ့သည်။ ထို့အပြင် ၎င်းင်းအဆောက်အအုံအနီးတွင် Queen Victoria ရုပ်တုကြီးတစ်ခုလည်း တည် ရှိခဲ့သည်။
ဖဆပလ အစိုးရလက်ထက်တွင် ကိုလိုနီခေတ် သူ့ကျွန်ဘ၀ကတွင်ခဲ့တဲ့ နိုင်ငံခြားသားနာမည်များပါသည့် လမ်း များ၊ ပန်းခြံများ၊ အဆောက်အအုံများအား မြန်မာ့အမည်များအဖြစ် ပြောင်းလဲခဲ့ သည်။ ၁၉၅၀ ပြည့်နှစ်၊ ဖဆပလအစိုးရ သည်
မဟာဗန္ဓုလပန်းခြံတစ်ဖြစ်လဲ (ဖိုက်စကွဲယား) ပန်းခြံအလယ်တွင် လွတ်လပ် ရေးမော်ကွန်းကျောက်တိုင်ကြီးကို ခမ်းနားစွာ ဖွင့်လှစ်ခဲ့သည်။
၁၉၈၈ နောက်ပိုင်း မဟာဗန္ဓုလ ပန်းခြံ၏ အတွင်းဘေးပတ်ပတ်လည်တွင် ဆူးလေဘုရားလမ်းဘက်အခြမ်းတွင် ကလေးကစားကွင်းပုံစံ အဆောက်အအုံ များနှင့် ဟိုက်ကုတ်ဘက် (ဘားလမ်း) အခြမ်းတွင် ဘီယာဆိုင်တို့ ဖွင့်လှစ်ထား သည်ကို တွေ့ခဲ့ရသည်။ ပန်းခြံအတွင်း ၀င်လိုလျှင် ၀င်ကြေးပေးဆောင်ပြီးမှ ၀င် ကြရသည်။ ယခုအခါတွင် ထိုဆိုင်တို့ကို ရှင်းလင်းပြီး ၀င်ကြေးကောက်ခံမှုလည်း မရှိတော့ပေ။ အခါကြီးရက်ကြီးနှင့် အနုပညာလှုပ်ရှားမှုများ အပါအ၀င် ပြည်သူလူထု ဗဟုသုတရဖွယ်နှင့် ပျော် ရွှင်ဖွယ်တို့ကို တိုင်းဒေသကြီးအစိုးရက စီစဉ်ပေးမှုများလည်းရှိလာသည်။ နိုင်ငံ တကာ ဘောလုံးပြိုင်ပွဲ စီးဂိမ်းတို့ကို လည်း LED ဘုတ်များဖြင့် ပန်းခြံရှေ့ မျက်နှာစာတွင် ပြသပေးကြရာ အလွန် စည်ကားမှုရှိလှသည်။
ပန်းခြံနှင့် တရားလွှတ်တော် (ဟိုက်ကုတ်)ကြားရှိ မဟာဗန္ဓုလ လမ်းတွင် ယခုအခါ ညဈေးတန်း(စားသောက်တန်း)ကို ဖွင့်လှစ်ရောင်းချနေ သည်။ ယခင်က ဖိုက်စကွဲယားဟူသော နာမည်သည် ယခုလူတို့ သိသူနည်းသွား ပြီဟု ယူဆမိသည်။
မဟာဗန္ဓုလပန်းခြံ၏ အနောက် ဖက်၊ ဆူးလေဘုရားလမ်းနှင့် ကုန်သည် လမ်းထောင့်သည် ယခင်က မြေကွက် လွတ်ကြီးအနေနှင့် ရှိခဲ့သည်။ ထိုမြေကွက် လွတ်တွင် ဗိုလ်ချုပ်ဈေးသစ်တည်ရာ မြေ ကွက်မှ ပြောင်းရွှေ့လာသော ညဈေးရှိ ခဲ့သည်။
အစားအသောက်များ ကြော်လှော်ချက်ပြုတ်ရောင်းချခဲ့ကြသည်။ ထို နေရာသည် ယခုအခါ အထပ်မြင့်အဆောက် အအုံ ဟိုတယ်ကြီးနှင့် ထီးထီးပြိုင်ပြိုင်ရှိ နေပြီဖြစ်သည်။ ထိုဟိုတယ်ကြီးများသည် ပူးမင်း (Pullman ) ဟိုတယ်နှင့် စင်တာပွိုင့် (Center point ) အဆောက်အအုံတို့ဖြစ် ကြသည်။ ယခင်က ထိုနေရာသည် မြေ ကွက်လွတ်ကြီးဟု ပြောကြလျှင် ဟုတ်ပါ့ မလားဟု ထင်ကောင်းစရာဖြစ်သည်။
မဟာဗန္ဓုလပန်းခြံနှင့် မျက်နှာ ချင်းဆိုင် ညာဘက်မျက်စောင်းထိုးတွင် မဟာဗန္ဓုလပန်းခြံလမ်း (ဘားလမ်း)နှင့် မဟာဗန္ဓုလလမ်းထောင့် ဧမာနွေလဘုရား ကျောင်းအနီးနှင့် မြို့တော်ခန်းမဘေးရှိ အဆောက်အအုံသည် ရိုး ကုမ္ပဏီဖြစ် သည်။
သုံးထပ်အဆောက်အအုံဖြစ်သည်။ အင်္ဂလိပ်လူမျိုးပိုင် ကုန်တိုက်ဖြစ်ခဲ့ပြီး တော်လှန်ရေးကောင်စီလက်ထက်တွင် ပြည်သူပိုင် သိမ်းခဲ့သည်။ ဆရာတက်္ကသိုလ် ဘုန်းနိုင်၏ “သာရွေ့ဝေးရာဆီကိုပါ” ၀တ္ထုကိုဖတ်ရသောအခါ ထိုတိုက်မှ လွှတ်တော်ရှေ့နေများ
ဝတ်ဆင်သော အင်္ကျီကို ပင်မင်းနံပါတ် လိုက်ရှာသည့် အခန်းလေးကို သတိရမိသည်။ နောက် ထပ် ထိုအဆောက်အအုံကို ပြည်ထဲရေး နှင့် သာသနာရေးဝန်ကြီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီး ဌာနရုံးခွဲအဖြစ် သုံးခဲ့သည်ဟု သိရသည်။
ယခုလက်ရှိတွင် မွမ်းမံပြင်ဆင် မှုများနှင့် လှပသစ်လွင်နေသော ဧရာဝတီ ဘဏ်ကြီးအဖြစ် ရပ်တည်နေပေသည်။
ပန်းဆိုးတန်းလမ်းနှင့် ကုန်သည် လမ်းထောင့်တွင်လည်း အနေအထား ပုံ သဏ္ဌာန်ပါပြောင်းလဲသွားသော အဆောက် အအုံတစ်ခုရှိသည်။ ၁၉၉၀ ၀န်းကျင်ခန့် စာရေးသူ ရန်ကုန်ရောက်စ ပန်းဆိုးတန်း လမ်းတစ်လျှောက်တွင် စာအုပ်ဟောင်း ပေါချောင်ကောင်းလေးများ လိုက်လံရှာ ဖွေတတ်ရာ ထိုလမ်းထောင့်ရှိ အဆောက် အအုံ ဘေးပတ်လည်တွင် စာအုပ်အဟောင်း ဆိုင်များနှင့် စာရေးကိရိယာမိတ္ထူဆိုင် တို့ များပြားစွာရှိခဲ့သည်။ ထိုအဆောက် အအုံရှိ ပေါ်တီကိုတို့သည် လမ်းဘေး ပလပ်ဖောင်းပေါ်တိုင်ရောက်ရှိနေသည်။ စာအုပ်တို့ ရွေးချယ်ဝယ်ယူရာတွင် နေပူသည့်ဒဏ်အတော်သက်သာသည်။ မိမိရွေး ချယ်ဝယ်ယူပြီး အမှတ်မဲ့ဖြတ်သွားဖြတ် လာရှိခဲ့သည်။ နောက်ပိုင်း ထိုအဆောက် အအုံကြီးသည် သံတန်းယက်မကြီးများ ကွေးညွတ်ပျော်ကျသည်အထိ မီးအကြီး အကျယ်လောင်ကျွမ်းခံရသည်။
ထိုအဆောက်အအုံဟောင်း သည် “ ကုန်သွယ်လယ်ယာရုံး”တစ်ဖြစ် လည်း “၀ှိုက်တဝေးကုန်တိုက်”ဖြစ်သည်။ မီးလောင်ပြီးနောက် အထပ်မြင့်အဆောက် အအုံအဖြစ်ပေါ်ထွက်လာခဲ့သည်။ ယခု အခါတွင် Shwe Bank ဆိုင်းဘုတ် တပ်ထားသော ဘဏ်ကြီးအဖြစ် မြင်တွေ့ နေရပြီဖြစ်သည်။
ယခင်က ဤနေရာ ဤဒေသ တွင် ဘာတွေရှိခဲ့၍ ဘာတွေ ထင်ရှားခဲ့ သည်ဟု အတိတ်သမိုင်းကြောင်းကောက် ၍ လက်ရှိဖြစ်စဉ် အနေအထားလေးများ ဖြင့် တင်ပြရပါသည်။ နောက်ဘာတွေ ထပ်ဖြစ်လာမည်ဟုဆိုသည်ကတော့ နောက်လူများက မှတ်တမ်းပြုရန်သာ ဖြစ်သည်။ဖြစ်နိုင်လျှင် ဆက်ပါဦးမည်။
ဦးအောင်ခင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com