တရုတ်နိုင်ငံအနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်၊ ကွေ့ယန်မြို့တွင် ယွမ်ငွေ ၁၀ ဘီလီယံ (ပေါင် ၁ ဘီလီယံခန့်) အကုန် အကျခံဆောက်လုပ်နေသော သိပ်္ပံဆန်းကြယ်ပန်းခြံကြီးကို လာမည့် ဒီဇင်ဘာလအတွင်း ဖွင့်လှစ်နိုင်ရန် စီစဉ် လျက်ရှိသည်ဟု စင်ကာပူအခြေစိုက် သတင်းဝက်ဘ် ဆိုက်တစ်ခုတွင် ဖော်ပြ သည်။
လာမည့်ဒီဇင်ဘာတွင် သိပ္ပံဥယျာဉ်စီမံကိန်း ပထမဆင့် အပြီးသတ်နိုင် ရန်
ရည်မှန်းထားသည်။
အကယ်၍ သင့်အနေဖြင့် နှစ်သစ်ကူးကာလအတွင်း ပြည်ပအလည်အပတ် ခရီးသွားရန် ရည်မှန်းထားပါက အဆိုပါ သိပ္ပံဥယျာဉ်သို့ သွားရောက်လည်ပတ် သင့်လေသည်။
ကမ္ဘာ့အကြီးမားဆုံး သိပ္ပံဥယျာဉ်အဖြစ် ဆောက်လုပ်လျက်ရှိသော အဆိုပါနေရာသို့ ရောက်ရှိသွားပါက ကမ္ဘာ့မြေ၏ ပြင်ပ အခြားဂြိုဟ်သို့ ရောက်ရှိ သွားသလိုခံစားရမည်ဖြစ်ကာ ဂြိုဟ်သားများ၊ တိုက်ပွဲဝင်နဂါးများကို တစ်နေရာ တည်းတွင် တစ်စုတစ်ဝေးတည်း တွေ့ရှိနိုင်မည် ဖြစ်သည်။
' East Valley of Science and Fantasy ' ဟု နာမည်ပေးထားပြီး မြေဧက ၂၀၀၀ ခန့် ကျယ်ဝန်းသည့်နေရာတွင် ဆောက်လုပ်လျက်ရှိခြင်းဖြစ်သည်။
၂၀၁၆ ခုနှစ်၊ ဇူလိုင်လအတွင်း စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး “ ဂြိုဟ် သားအခြေစိုက်စခန်း” ဟု အမည်ပေးထားသည့် ပထမဆင့်ကို လာမည့် ဒီဇင်ဘာလအတွင်း အပြီးသတ်ဆောက်လုပ်ရန် ရည်မှန်းထားခြင်း ဖြစ်သည်။
တာဝန်ယူဆောက်လုပ်သူမှာ ရှန်းဇန်စတော့ဈေးကွက်အမည်စာရင်းဝင် Oriental Times Media Corp ဖြစ်သည်။
သိပ္ပံဥယျာဉ်အတွင်း ကမ္ဘာကျော် Transformer ဇာတ်ကားအတွင်းမှ ဇာတ်ကောင်စက်ရုပ်ပုံတူကြီးတစ်ခုကိုလည်း ဆောက်လုပ်ထားပြီး ၁၇၄ ပေအထိ မြင့်မားသည်။
အဆိုပါ ရုပ်တုကို စတီးတန်ချိန် ၇၅၀ အသုံးပြုကာ ဆောက်လုပ်ထား သည်။ ဘိုးအင်း ၇၄၇ လေယာဉ်ပျံ ၂ စင်းစာခန့် အလေးချိန်ရှိပြီး ယင်းရုပ်တု ဆောက်လုပ်ရာတွင် ယွမ်ငွေ သန်း ၁၀၀ (ပေါင် ၁၁ သန်း) ကုန်ကျခဲ့သည်။
ရှေရီ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com