ညအိပ်ခရီးသွားသူများ ဟိုတယ် ခန်းတွင် အိပ်နေရသကဲ့သို့ခံစားရမည့် ဇိမ်ခံ နှစ်ထပ်ဘတ်စ်ကားကြီးကို ဗြိတိန်က တီထွင်လိုက်ပြီဖြစ်သည်။
ယင်းတွင် အိပ်ရာများ၊ မွေ့ရာများ အပါအဝင် ညိမ့် ညိမ့်ညောင်းညောင်းအိပ်ပျော်စေရန် အခြားသော အထောက်အကူပြု ပစ္စည်း များ အပြည့်အဝပါဝင်မည်ဖြစ်သည်။ ၂၀၁၈ ခုနှစ် ဆောင်းဦးရာသီကစကာ ရှစ်နာရီကြာ ပြည်တွင်းခရီးစဉ်များတွင် ယင်းဘတ်စ်ကားကြီးများကိုအသုံးပြုသွား မည်ဖြစ်သည်။
တစ်ကိုယ်ရေအိပ်စရာ သီးသန့် အခန်းငယ်လေးများ၊ အသံလုံ စနစ်နှင့် အလင်းရောင် ဝင်မလာစေရန် လိုက်ကာ များ၊ အခန်းငယ်တိုင်းတွင် လေထုသန့် စင်ပြီး အနံ့အသက် ကောင်းနေစေရန် အပင်ငယ်လေးများ ပါဝင်မည်ဖြစ်သည်။
ယင်းအပြင် အားသွင်းပေါက်များ၊ဝိုင်ဖိုင်စနစ်အပါအဝင် အဖိုးတန်ပစ္စည်းများကိုလုံလုံခြုံခြုံ သိမ်းဆည်းနိုင်မည့်စနစ်လည်း ပါဝင်မည်ဖြစ်သည်။ ရေ၊ကော်ဖီနှင့် ဖျော် ရည်များကိုလည်း စိတ်ကြိုက်သုံးဆောင်နိုင်မည်ဖြစ်သည်။
ခရီးသည်များသည် ကားပေါ်တက်သည်နှင့် မိမိဆင်းလို သည့် နေရာကိုဂျီပီအက်စ်တွင် ပြထားရမည်ဖြစ် သည်။ ထိုနေရာသို့ ရောက်ခါနီးတွင် ယာဉ်မယ်က ၎င်းတို့အား နှိုးပေးမည်ဖြစ်သည်။
Credit: Pyi Myanmar