အာမခံပစ္စည်းမယူဘဲ တင်ဒါအောင်မြင်သော ဆောက်လုပ်ရေးလုပ်ငန်းရှင်များအား ထုတ်ချေးရာတွင် လိုအပ်သော စာရွက်စာတမ်းများ

အာမခံပစ္စည်းမယူဘဲ တင်ဒါအောင်မြင်သော ဆောက်လုပ်ရေးလုပ်ငန်းရှင်များအား ထုတ်ချေးရာတွင် လိုအပ်သော စာရွက်စာတမ်းများ - Property News in Myanmar from iMyanmarHouse.com
28 Dec 2017 9:50 am တွင် တင်ခဲ့သည်
3993 ကြိမ် ကြည့်ရှု့ပြီး
တင်ဒါအောင်မြင်သော ဆောက်လုပ်ရေးလုပ်ငန်းရှင်များအား ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ အာမခံပစ္စည်း(collateral)မယူဘဲ ပရော့ဂျက်အလိုက်ချေးငွေ ထုတ်ချေးပေးနေသည်ဟု ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်(CHD Bank)ထုတ်ပြန်ချက်အရသိရသည်။

နိုင်ငံတော်၏ အခြေခံအဆောက်အအုံကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ (လမ်း/တံတား/လျှပ်စစ်/ကျောင်း/အစိုးရရုံးများ)တည်ဆောက်ရေးစသော အပိုင်းများတွင် တင်ဒါအောင်မြင်ပြီးသော ဆောက်လုပ်ရေးလုပ်ငန်းရှင်များအား လျင်မြန်စွာ ဆောင်ရွက်လာစေရန် ရည်ရွယ်ပြီး ချေးငွေထုတ်ချေးပေးနေကြောင်း သိရသည်။

ဆောက်လုပ်ရေးလုပ်ငန်းရှင်များအနေနှင့် ဆောက်လုပ်ရေးတင်ဒါလျှောက်ထားရာတွင် လိုအပ်ချက်များမှာ-

(၁)ကုမ္ပဏီLetter Head နှင့်ချေးငွေလျှောက်လွှာ(ဒါရိုက်တာအဖွဲ့မှ တာဝန်ပေးထားသော ကုမ္ပဏီအကြီးအကဲနှင့် ဒါရိုက်တာတစ်ဦးလက်မှတ်ရေးထိုးရန်)

(၂)ချေးငွေလျှောက်လွှာတွင် လက်မှတ်ရေးထိုးသော ကုမ္ပဏီအကြီးအကဲနှင့် ဒါရိုက်တာ၏နိုင်ငံသားစိစစ်ရေးကတ်ပြား(မိတ္တူ)၊အိမ်ထောင်စုစာရင်း(မိတ္တူ)

(၃)သက်တမ်းရှိကုမ္ပဏီမှတ်ပုံတင်၊From(6),From(26),Fromသင်းဖွဲ့စည်းမျဉ်းသင်းဖွဲ့မှတ်တမ်း၊တင်ဒါချေးငွေရယူရန်နှင့်ချေးငွေထုတ်ယူသူအရာရှိအဖြစ် တာဝန်ပေးအပ်ကြောင်း အစည်းအဝေးဆုံးဖြတ်ချက်မှတ်တမ်း။

(၄)တင်ဒါလုပ်ငန်းအပ်နှံသည့်စာ(Work Order)မိတ္တူ၊မူရင်းပူးတွဲတင်ပြရန်။

(၅)တင်ဒါလုပ်ငန်းအပ်နှံသူနှင့် တရားဝင်ချုပ်ဆိုထားသော လုပ်ငန်းသဘောတူစာချုပ်မိတ္တူ၊မူရင်းတွဲပြရန်။

(၆)CHDB မှ ထုတ်ပေးသော Performance Guarantee မိတ္တူ၊မူရင်းပူးတွဲတင်ပြရန်။

(၇)တိုင်းဒေသကြီး၊ပြည်နယ် MCEAအသင်းဝင်လက်မှတ်၊မူရင်းပူးတွဲတင်ပြရန်။

(၈)လုပ်ငန်းအပ်နှံသူသက်ဆိုင်ရာဦးစီးဌာန၏လုပ်ငန်းအတွက် ငွေပေးချေမှုများအား သက်ဆိုင်ရာမြန်မာ့စီးပွားရေးဘဏ်ခွဲရှိ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်၏ စာရင်းရှင်းစာရွက်ကိုပေးသွင်းမည်ဖြစ်ပြီးထောက်ခံစာနှင့်အတူ လုပ်ငန်းအပ်နှံသူသက်ဆိုင်ရာဦးစီး ဌာန၏ အကြီးအကဲလက်မှတ်ရေးထိုးထားသည့်(L-25 Guarantee From)။

(၉)တင်ဒါအောင်ဆောက်လုပ်ရေးလုပ်ငန်းအနည်းဆုံး ၁ဝရာခိုင်နှုန်းပြီးစီးနေရမည်ဖြစ်ပြီး လက်ရှိလုပ်ငန်းပြီးစီးမှုမှတ်တမ်းဓာတ်ပုံနှင့်အတူ ပြီးစီးမှုအပေါ်လုပ်ငန်းအပ်နှံသူသက်ဆိုင်ရာဦးစီးဌာန၏ထောက်ခံချက်။

(၁ဝ)တင်ဒါချေးငွေရရှိပါက သြဒီမန်စာချုပ်(Promissory Note-Pronote)တွင် (က)လူပုဂ္ဂိုလ်တစ်ဦးအနေနှင့် ချေးငွေရယူပါက ဇနီး၊ခင်ပွန်းပူးတွဲလက်မှတ်ရေးထိုးရန်၊အိမ်ထောင်မရှိပါက ဥပဒေအရ အမွေဆက်ခံပိုင်ခွင့်တစ်ဦးတို့ပူးတွဲလက်မှတ်ရေးထိုးရန်၊(ခ)ကုမ္ပဏီဖြစ်လျှင် ကုမ္ပဏီဒါရိုက်တာအဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်အရ တာဝန်ပေးအပ်သော ဒါရိုက်တာအဖွဲ့ဝင်ကိုယ်စားလှယ်နှစ်ဦးလက်မှတ်ရေးထိုးရန်။

(၁၁)ချေးငွေအတိုးနှုန်း ၁၃ရာခိုင်နှုန်းဖြစ်ပြီးကျသင့်အတိုးငွေမှာ ဘဏ်တွင်ချမှတ်ထားသော သတ်မှတ်ကာလတွင် မပျက်မကွက်ပေးသွင်းရမည်ဖြစ်သည်။

(၁၂)ချေးငွေသက်တမ်းတွင် တင်ဒါလုပ်ငန်းစာချုပ်ပါ သတ်မှတ်ချက်နှင့် သက်တမ်းအရဖြစ်သည်။

(၁၃)ချေးငွေများကို တင်ဒါအောင်မြင်သော သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များရှိ အနီးစပ်ဆုံး CHD Bank ဘဏ်ခွဲများတွင် စာရင်းဖွင့်လှစ်ပြီး လျှောက်ထားနိုင်ကြောင်း သိရသည်။

ချေးငွေရယူလိုသော လုပ်ငန်းရှင်များအနေနှင့် နီးစပ်ရာ CHD Bank များဖြစ်သော ရုံးချုပ်၊ဒဂုံဘဏ်ခွဲ၊ဗိုလ်တထောင်ဘဏ်ခွဲ၊နေပြည်တော်ဘဏ်ခွဲ၊မန္တလေးဘဏ်ခွဲ၊ပုသိမ်ဘဏ်ခွဲ၊မော်လမြိုင်ဘဏ်ခွဲ၊မင်္ဂလာတောင်ညွှန့်ဘဏ်ခွဲ၊ရွှေပေါက်ကံဘဏ်ခွဲ၊မကွေးဘဏ်ခွဲ၊မုံရွာဘဏ်ခွဲ၊ဘားအံဘဏ်ခွဲများအား ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

Shwe Moe Kaung
CarsDB Showroom Opening

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service