တရုတ်ပြည်၏ အချမ်းသာဆုံးပုဂ္ဂိုလ်များတွင် ထိပ်တန်းနေရာမှ ပါဝင်သည့် အိမ်ခြံမြေသူဌေးကြီး ဝမ်ကျန်းလင်က စမတ်ဈေးဝယ်စင်တာပေါင်း ၁၀၀၀ ခန့်အထိ ဆောက်လုပ်သွားရန် စီစဉ်လျက်ရှိ

တရုတ်ပြည်၏ အချမ်းသာဆုံးပုဂ္ဂိုလ်များတွင် ထိပ်တန်းနေရာမှ ပါဝင်သည့် အိမ်ခြံမြေသူဌေးကြီး ဝမ်ကျန်းလင်က စမတ်ဈေးဝယ်စင်တာပေါင်း ၁၀၀၀ ခန့်အထိ ဆောက်လုပ်သွားရန် စီစဉ်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
27 Dec 2017 11:02 am တွင် တင်ခဲ့သည်
3254 ကြိမ် ကြည့်ရှု့ပြီး
တရုတ်ပြည်၏ အချမ်းသာဆုံးပုဂ္ဂိုလ်များတွင် ထိပ်တန်းနေရာမှ ပါဝင်သည့် အိမ်ခြံမြေသူဌေးကြီး Dalian Wanda Group ၏ ဥက္ကဌ ဝမ်ကျန်းလင်သည် စမတ်ဈေးဝယ်စင်တာပေါင်း ၁၀၀၀ ခန့်အထိ ဆောက်လုပ်သွားရန် စီစဉ်လျက်ရှိကြောင်း ဂျပန်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ဝမ်ကျန်းလင်၏ စီးပွားရေးလုပ်ငန်းများ ပြည်ပတွင် လှုပ်ရှားမှုများနှင့် စပ်လျဉ်း၍ တရုတ်အာဏာပိုင်တို့က တင်းကျပ်စွာ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိစေကာမူ လာမည့် ၂၀၂၈ ခုနှစ်တွင် စမတ်ဈေးဝယ်စင်တာပေါင်း ၁၀၀၀ အထိ ဆောက်လုပ်သွားရန် ပြင်ဆင်လာခြင်း ဖြစ်သည်။

ဝမ်ကျန်းလင်သည် အများသူငါသို့ စကားထွက်ပြောခြင်း ရှားပါးလှသော်လည်း ပြီးခဲ့သည့် သတင်းပတ်အတွင်းကမူ ၎င်းတို့ကုမ္ပဏီအနေဖြင့် စီမံကိန်းလုပ်ငန်းများ အရှိန်ဟုန်မြှင့်တင်ကာ လုပ်ကိုင်သွားမည်ဖြစ်ကြောင်း တရားဝင်ထုတ်ဖော်ကြေညာ လိုက်ခြင်း ဖြစ်သည်။

“လာမယ့်နှစ်ကနေစပြီး ၁၀ နှစ်အတွင်းမှာ ဝမ်ဒါပလာဇာပေါင်း ၁၀၀၀ လောက်ဖွင့်လှစ်သွားဖို့ ကျွန်တော်တို့ သုံးသပ်ထားပါတယ်”
ဟု ဝမ်ကျန်းလင်က ပြောကြားလိုက်ရာ အင်တာနက်ကူးသန်းရောင်းဝယ်ရေးကုမ္ပဏီဖြစ်သော အလီဘာဘာအုပ်စုနှင့် JD.com တို့၏ ယှဉ်ပြိုင်မှုများကြောင့် ဖြစ်တန်ရာချေရှိကြောင်း သုံးသပ်ကြသည်။

ဝမ်ဒါပလာဇာများသည် Dalian Wanda Group ၏ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ကဏ္ဍဖြစ်ပြီး ဈေးဝယ်စင်တာများ၊ ဟိုတယ်များ၊ ရုံးခန်းနေရာများနှင့် လူနေခန်းများ ပူးတွဲပါဝင်လေ့ရှိသည်။

“တရုတ်ပြည် အိမ်ခြံမြေလုပ်ငန်းရှင်တစ်ဦးအနေနဲ့ အင်တာနက်ကူးသန်းရောင်းဝယ်ရေးကြောင့် မကြာသေးမီနှစ်တွေအတွင်း ဝမ်ဒါဟာ အထိနာမှု မရှိသလောက်နည်းတယ်လို့ ဆိုနိုင်ပါတယ်” ဟု ဝမ်ကျန်းလင်က ပြောကြားသည်။

လွန်ခဲ့သော ၅ နှစ်တာအတွင်း ဈေးဝယ်စင်တာကဏ္ဍတွင် ၆ ရာခိုင်နှုန်းခန့် လုပ်ငန်းတိုးတက်လာခဲ့ကြောင်းလည်း ဝမ်ကျန်းလင်က ဆက်လက်ပြောကြားသည်။
Dalian Wanda Group ၏ ယခုရည်မှန်းချက်ပြည့်မီရန် တစ်နှစ်လျှင် ဈေးဝယ်ကွန်ပလက်စ်ပေါင်း ၇၀ မှ ၈၀ ကြား ဆောက်လုပ်သွားရမည်ဖြစ်ရာ လက်ရှိ၎င်းတို့၏ ဆောက်လုပ်မှုနှုန်းထားဖြစ်သော ၅၀ မှ မြင့်တက်လာခဲ့ခြင်းလည်း ဖြစ်သည်။

ဝမ်ကျန်းလင်၏ ယခင်မူဝါဒမှာ ပိုင်ဆိုင်မှုများ လျှော့ချရန် ဖြစ်ခဲ့ရာ အဆိုပါမူဝါဒနှင့် သွေဖည်သွားခြင်းဖြစ်သည်ဟုလည်း ဆိုနိုင်သည်။

တရုတ်ပြည်တွင်း ပြိုင်ဖက် developer များဖြစ်သော Sunac China နှင့် R&F Properties တို့ထံ ဝမ်ကျန်းလင်က ယဉ်ကျေးမှုဆိုင်ရာ ဆောက်လုပ်ရေးစီမံကိန်း ၁၃ ခုနှင့် ဟိုတယ် ၇၇ လုံးကို ကန်ဒေါ်လာ ၉ ဒသမ ၃ ဘီလီယံဖြင့် ရောင်းချခဲ့စဉ်က စောင့်ကြည့်လေ့လာသူများစွာ အံ့အားသင့်ခဲ့ရဖူးသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

CarsDB
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service