တရုတ်နိုင်ငံမှာတော့ အထပ်မြင့် မိုးမျှော်တိုက်ကြီးတစ်လုံးကို နိုင်ငံရဲ့ အကြီးဆုံးသော e-commerce ၀က်ဆိုဒ်ပေါ်ကနေတဆင့် တရားရုံးတစ်ခုက လေလံတင်ထားလျက်ရှိတယ်လို့ သိရပါတယ်။
ယင်းမိုးမျှော်တိုက်ကြီးကိုတော့ အဖွင့်ဈေး ဒေါ်လာ ၈၄ ဒသမ ၂ သန်း(ယွမ် ၅၅၃ သန်း) နဲ့ စတင်ခေါ်ထားခဲ့တယ်လို့ သိရပါတယ်။
Shanxi ပြည်နယ်မြောက်ပိုင်း Taiyuan မှာ ရှိတဲ့ အထပ်ပေါင်း ၃၉ ထပ် အဆောက်အအုံကြီးကိုတော့ အဆောက်အအုံတည်ထားတဲ့ မြေနေရာနှင့်အတူ Alibaba ရဲ့ e-commerceပလက်ဖောင်းဖြစ်တဲ့ Taobao မှာ လေလံတင်ထားတာဖြစ်ပါတယ်။
ယင်း မိုးမျှော်တိုက် တည်ဆောက်ရေးလုပ်ငန်းတွေကိုတော့ ၂၀၀၆ ခုနှစ်က စတင်ခဲ့တာဖြစ်ပြီး အမြင့် ၁၅၆ မီတာ၊ ကြမ်းခင်နေရာစတုရန်းမီတာ ၇၆,၀၀၀ ကျော် ရှိတာဖြစ်ပါတယ်။ ယင်းကိုတော့မူလက ဟိုတယ်တစ်လုံးအနေနဲ့ တည်ဆောက်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါပေမယ့်လည်း ၂၀၁၀ ခုနှစ်က အဓိကကျတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ ပြီးစီးသွားပြီးကတည်းက နောက်ထပ် ငွေကြေးမတည်နိုင်ခြင်းမရှိတော့တာကြောင့် ယင်းပရောဂျက်ကို အပြီးသတ်နိုင်ခြင်းမရှိဘဲ ဆိုင်းငံ့ထားခဲ့ရတာဖြစ်တယ်လို့ Shanxi ပြည်နယ်အထက်တရားရုံးက ပြောပါတယ်။
ယင်းနိုင်ငံမှာတော့ သက်ဆိုင်ရာ အာဏာပိုင်တွေက အမှုအခင်းဖြစ်လို့ သိမ်းဆည်းထားတဲ့ တိုက်ခန်းအဆောက်အအုံတွေ၊ကားတွေ၊ လက်ဝတ်ရတနာတွေနဲ့ မိုဘိုင်းဖုန်းတွေကို ယခုလို e-commerce ပလက်ဖောင်းပေါ်ကနေ လေလံတင်ရောင်းချနေလျက်ရှိတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းကလည်း အထပ် ၂၈ ထပ် အဆောက်အအုံတစ်ခုကို လည်း ယင်းအတိုင်းပဲ e-commerce ပလက်ဖောင်းပေါ်
ကနေ လေလံတင်ခဲ့ပါသေးတယ်။ ဒါပေမယ့် ယင်းကို ၀ယ်မယ့်သူ မရှိတာကြောင့် လေလံမအောင်ခဲ့ဘူးလို့လည်း သိရပါတယ်။
Credit: CNA