အငှားယာဉ်မောင်းဘဝမှ ကမ္ဘာကျော်ရုပ်ရှင်သရုပ်ဆောင်ဖြစ်လာသူ ချောင်ယွန်ဖတ် ပိုင်ဆိုင်ခဲ့ဖူးသော ဟောင်ကောင်စံအိမ်ကြီး (ကမ္ဘာကျော်ပုဂ္ဂိုလ်တို့၏ နေအိမ်များ)

အငှားယာဉ်မောင်းဘဝမှ ကမ္ဘာကျော်ရုပ်ရှင်သရုပ်ဆောင်ဖြစ်လာသူ ချောင်ယွန်ဖတ် ပိုင်ဆိုင်ခဲ့ဖူးသော ဟောင်ကောင်စံအိမ်ကြီး (ကမ္ဘာကျော်ပုဂ္ဂိုလ်တို့၏ နေအိမ်များ) - Property News in Myanmar from iMyanmarHouse.com
26 Dec 2017 12:23 pm တွင် တင်ခဲ့သည်
2818 ကြိမ် ကြည့်ရှု့ပြီး
ကမ္ဘာကျော် အက်ရှင်သရုပ်ဆောင် ချောင်ယွန်ဖတ်သည် ဟောင်ကောင်တွင် စံအိမ်ကြီးတစ်လုံး ပိုင်ဆိုင်ခဲ့ဖူးပြီး နောင်အခါတွင် ဒေါ်လာ သန်း ၅၀ ဖြင့် ပြန်လည် အရောင်းဈေးကွက်တင်ခဲ့သည်။

နေအိမ်တည်နေရာမှာ ဟောင်ကောင်ကျွန်း၊ Clearwater Bay ကျွန်းဆွယ်၊ တိုင်းအူမွန်းအရပ်တွင် တည်ရှိပြီး ၂ ထပ် အဆောက်အအုံဖြစ်သည်။
ချောင်ယွန်ဖတ်က အဆိုပါနေအိမ်ကို ၁၉၉၅ ခုနှစ်အတွင်း ဒေါ်လာ သန်း ၄၀ ဖြင့် ဝယ်ယူခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် ဒေါ်လာ သန်း ၅၀ ဖြင့် အရောင်းဈေးကွက်တင်ခဲ့သည်။

ထိုစဉ်က အရောင်းအဝယ်ဖြစ်ခဲ့ခြင်းရှိ၊ မရှိကိုမူ မသိရချေ။
ချောင်ယွန်ဖတ်သည် နေအိမ်ကို ဝယ်ယူပြီး မကြာမီ ပြုပြင်မွမ်းမံမှုများ အသေးစိတ်ပြုလုပ်ခဲ့သော်လည်း ယင်းနေအိမ်တွင် လုံးဝနေထိုင်ခဲ့ဖူးခြင်း မရှိချေ။
နေအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၅၀၀၀ ရှိပြီး ခြံဝန်းအတွင်း ပန်းခြံတစ်ခု၊ ရေကူးကန်နှင့် ဂိုဒေါင်တို့ ပါဝင်သည်။

ဟောင်ကောင်အခြေစိုက် အိမ်ခြံမြေအေဂျင်စီတစ်ခုက ပြောကြားရာတွင် ချောင်ယွန်ဖတ်၏ ခေါ်ဈေးမှာ ပုံမှန်ဈေးကွက်ပေါက်ဈေးထက် အနည်းငယ်ဈေးများနေကြောင်း၊ သို့ရာတွင် ဟောင်ကောင်အိမ်ခြံမြေပိုင်ရှင်တို့သည် ပုံမှန်ဈေးထက် အနည်းငယ်ဈေးတင်လေ့ရှိသည်မှာ ထုံးစံဖြစ်နေကြောင်းလည်း ပြောကြားခဲ့သည်။

“မစ္စတာချောင်က နေအိမ်အရောင်းအဝယ်ကို သိပ်ပြီးလူသိမများစေချင်ဘူး။ ဘာကြောင့်လဲဆိုတော့ သူက တကယ့်ဝယ်လက်အစစ်တွေကိုပဲ သိစေချင်လို့ပါ။ သူ့ရဲ့ ကျော်ကြားမှုက အိမ်ခြံမြေကိစ္စမှာ အနှောင့်အယှက်တစ်ခုဖြစ်စေတာမျိုး မလိုလားဘူး” ဟု ချောင်ယွန်ဖတ်၏ ဆွေမျိုးရင်းခြာတစ်ဦးက ပြောကြားခဲ့ဖူးသည်။

ချောင်ယွန်ဖတ်၏ အဆိုပါနေအိမ်မှာလည်း မီဒီယာတို့၏ စာမျက်နှာထက်သို့ ပေါ်ပေါက်လာခဲ့ခြင်းမရှိဖူးရာ နေအိမ်၏ ပုံသဏ္ဍာန်မည်သို့ရှိသည်ကို မသိရချေ။
ချောင်ယွန်ဖတ်သည် သူ့အား အထွတ်အထိပ်သို့ ရောက်ရှိစေခဲ့သည့် ရုပ်ရှင်ဇာတ်ကားဖြစ်သော Crouching Tiger, Hidden Dragon ဇာတ်ကား မထွက်ရှိမီကတည်းကပင် ရုပ်ရှင်ဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်ရာမှ ကန်ဒေါ်လာ ၂ သန်း (ဟောင်ကောင်ဒေါ်လာ ၁၅ ဒသမ ၆ သန်း) ခန့် စုဆောင်းခဲ့မိနေပြီ ဖြစ်သည်။

အဆိုပါဇာတ်ကားသည် အမေရိကန်ပြည်ထောင်စုတစ်ခုတည်းတွင် ကန်ဒေါ်လာ သန်း ၄၀ ခန့် ရရှိခဲ့ပြီး အမေရိကန်သမိုင်းတွင် အအောင်မြင်ဆုံး တရုတ်စကားပြောနိုင်ငံခြားရုပ်ရှင်တစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
ချောင်ယွန်ဖတ်၏ အမည်ရင်းမှာ ဒေါ်နယ်ချောင်ဖြစ်ပြီး ဟောင်ကောင်ရှိ လမ်မာကျွန်းတွင် ၁၉၅၅ ခုနှစ်၊ မေလ ၁၈ ရက်တွင် မွေးဖွားသည်။

မိခင်မှာ သန့်ရှင်းရေးအလုပ်သမား၊ ဟင်းသီးဟင်းရွက်စိုက်ပျိုးသူတစ်ဦးဖြစ်ပြီး ဖခင်မှာ ခရုဆီတင်သင်္ဘောအလုပ်သမားတစ်ဦး ဖြစ်သည်။
ချောင်သည် ယာတောတွင် ကြီးပြင်းခဲ့ရပြီး သူနေထိုင်ရာ လမ်မာကျွန်းရှိ နေအိမ်မှာ လျှပ်စစ်မီးမရှိချေ။

ကလေးဘဝကပင် နံနက်စောစောထကာ လမ်းတကာတွင် ဈေးလှည့်ရောင်းမည့် မိခင်ကို ကူညီရ၏။နေ့ဘက်တွင် စိုက်ခင်းများတွင် အလုပ်လုပ်ရသည်။
ချောင်အသက် ၁၀ နှစ်အရွယ်တွင် ကောင်လွန်းအရပ်သို့ မိသားစုလိုက် ပြောင်းရွှေ့ခဲ့ကြသည်။

အသက် ၁၇ နှစ်အရွယ်တွင် မိသားစုတာဝန်ထမ်းရွက်ရန်အတွက် စာသင်ကျောင်းကို ကျောခိုင်းခဲ့ရသည်။ကျောင်းမှထွက်ပြီးနောက်ပိုင်း ဧည့်ကြို၊ စာပို့သမား၊ ကင်မရာအရောင်းဝန်ထမ်း၊ အငှားယာဉ်မောင်း အစရှိသဖြင့် အလုပ်မျိုးစုံ လုပ်ခဲ့ရ၏။

တစ်နေ့တွင်မူ သတင်းစာကြော်ငြာတစ်ခုကို ဖတ်မိလိုက်ပြီး သူ၏ ဘဝလမ်းကြောင်းကို တစ်ဆစ်ချိုးစေခဲ့သည်။သူ၏ သရုပ်ဆောင်သင်တန်းသားလျှောက်လွှာကို ဒေသတွင်း ရုပ်မြင်သံကြားဌာန TVB က လက်ခံလိုက်လေသည်။
ယင်းနောက် ချောင်ယွန်ဖတ်သည် ၃ နှစ်စာချုပ်ချုပ်ဆိုကာ သရုပ်ဆောင်နယ်ပယ်သို့ ခြေချခဲ့တော့သည်။

ဒါရိုက်တာ ဂျွန်ဝူးနှင့် ရိုက်ကူးခဲ့သော ဇာတ်ကားများမှာ နာမည်ကျော်ခဲ့ရာ A Better Tomorrow, The Killer နှင့် Hard Boiled တို့မှာ နာမည်ကျော်သည်။
ချောင်ယွန်ဖတ်ကို အထွတ်အထိပ်သို့ ရောက်ရှိစေခဲ့သည့် ဇာတ်ကားများမှာ Crouching Tiger, Hidden Dragon တွင် လီမူဘိုင်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့မှုနှင့် Pirates of the Caribbean: At World's End တွင် ဆောင်ဖန်အဖြစ် ပါဝင်ခဲ့ခြင်းများ ဖြစ်သည်။

ချောင်ယွန်ဖတ်သည် နှစ်ကြိမ် အိမ်ထောင်ပြုခဲ့ရာ ပထမဇနီးမှာ Asia Television မှ မင်းသမီး ကန်ဒိုက်စ် ယူဖြစ်ပြီး ၁၉၈၃ ခုနှစ်တွင် လက်ထပ်ခဲ့သည်။

ပထမဇနီးနှင့် အိမ်ထောင်သက်တမ်း ၉ လသာ ကြာမြင့်ခဲ့သည်။
၁၉၈၆ ခုနှစ်တွင် ချောင်ယွန်ဖတ်သည် စင်္ကာပူနိုင်ငံသူ ဂျပ်စမိုင်းတန်နှင့် လက်ထပ်ခဲ့ပြီး သားသမီးမရရှိခဲ့ချေ။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
အငှားယာဉ်မောင်းဘဝမှ ကမ္ဘာကျော်ရုပ်ရှင်သရုပ်ဆောင်ဖြစ်လာသူ ချောင်ယွန်ဖတ် ပိုင်ဆိုင်ခဲ့ဖူးသော ဟောင်ကောင်စံအိမ်ကြီး (ကမ္ဘာကျော်ပုဂ္ဂိုလ်တို့၏ နေအိမ်များ) - Property News in Myanmar from iMyanmarHouse.com
အငှားယာဉ်မောင်းဘဝမှ ကမ္ဘာကျော်ရုပ်ရှင်သရုပ်ဆောင်ဖြစ်လာသူ ချောင်ယွန်ဖတ် ပိုင်ဆိုင်ခဲ့ဖူးသော ဟောင်ကောင်စံအိမ်ကြီး (ကမ္ဘာကျော်ပုဂ္ဂိုလ်တို့၏ နေအိမ်များ) - Property News in Myanmar from iMyanmarHouse.com
အငှားယာဉ်မောင်းဘဝမှ ကမ္ဘာကျော်ရုပ်ရှင်သရုပ်ဆောင်ဖြစ်လာသူ ချောင်ယွန်ဖတ် ပိုင်ဆိုင်ခဲ့ဖူးသော ဟောင်ကောင်စံအိမ်ကြီး (ကမ္ဘာကျော်ပုဂ္ဂိုလ်တို့၏ နေအိမ်များ) - Property News in Myanmar from iMyanmarHouse.com
အငှားယာဉ်မောင်းဘဝမှ ကမ္ဘာကျော်ရုပ်ရှင်သရုပ်ဆောင်ဖြစ်လာသူ ချောင်ယွန်ဖတ် ပိုင်ဆိုင်ခဲ့ဖူးသော ဟောင်ကောင်စံအိမ်ကြီး (ကမ္ဘာကျော်ပုဂ္ဂိုလ်တို့၏ နေအိမ်များ) - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ

CarsDB Showroom Opening
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service