ဟံသာဝတီလေဆိပ်စီမံကိန်း တင်ဒါအောင်ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုနိုင်ရန် နောက်ဆုံးအကြိမ် ဆွေးနွေးမည်

ဟံသာဝတီလေဆိပ်စီမံကိန်း တင်ဒါအောင်ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုနိုင်ရန် နောက်ဆုံးအကြိမ် ဆွေးနွေးမည် - Property News in Myanmar from iMyanmarHouse.com
26 Dec 2017 12:17 pm တွင် တင်ခဲ့သည်
3381 ကြိမ် ကြည့်ရှု့ပြီး
ဟံသာဝတီလေဆိပ်စီမံကိန်း စတင်ရေးအတွက် လုပ်ကိုင်ခွင့်ရထားသော တင်ဒါအောင်မြင်ထားသည့် ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုနိုင်ရန် နောက်ဆုံးအကြိမ် ညှိနှိုင်းဆွေးနွေးမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးရဲထွဋ်အောင်က ပြောကြားသည်။

ဟံသာဝတီလေဆိပ် စီမံကိန်းအတွက် တင်ဒါအောင်မြင်ထားသော ဂျပန်နိုင်ငံမှ JGC-Yangnam-Changi Airport International Consortium နှင့် သဘောတူညီထားချက်အရ စာချုပ်သက်တမ်း ၂ နှစ်သာရှိရာ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သဖြင့် ယင်းမတိုင်မီ နောက်ဆုံးအကြိမ် ညှိနှိုင်းဆွေးနွေးရန် ပြင်ဆင်နေခြင်းဖြစ်သည်ဟု ၎င်းက ပြောဆိုသည်။

“ဆွေးနွေးဖို့ကိစ္စကို အီးမေးလ်နဲ့ အပြန်အလှန် ပြောထားတာတွေရှိတယ်။ မူဘောင်သဘောတူညီချက်အရ ၂ နှစ်ပြည့်ရင် စာချုပ်သက်တမ်းက ပျက်ပြယ်မှာပါ။ မပျက်ပြယ်ခင်မှာ ဆွေးနွေးဖို့ စီစဉ်ထားတယ်။ ဒီတစ်ခါ ဆွေးနွေးတာက နောက်ဆုံးအကြိမ် ဆွေးနွေးဖို့ပါ” ဟု ဦးရဲထွဋ်အောင်က ရှင်းပြသည်။

ဟံသာဝတီလေဆိပ်စီမံကိန်းသည် အမေရိကန်ဒေါ်လာ ၁ဒသမ၈ဘီလီယံခန့် ကုန်ကျမည်ဖြစ်ရာ လက်ရှိတွင် တင်ဒါအောင်မြင်ထားသည့် ကုမ္ပဏီအနေနှင့် ဂျပန်အစိုးရထံမှ ပုဂ္ဂလိကချေးငွေရရှိရန် ဆွေးနွေးလျက်ရှိသည်။ ယင်းစီမံကိန်းအတွက် ၂၀၁၂ ခုနှစ်ကစ၍ တင်ဒါခေါ်ယူခဲ့ခြင်းဖြစ်ပြီး အစိုးရနှင့် ပုဂ္ဂလိကတို့အကြား ပူးပေါင်းဆောင်ရွက်သော PPP စနစ်ကို အခြေခံသည့် စီမံကိန်းတစ်ခုဖြစ်ကြောင်း၊ စီမံကိန်းတည်ဆောက်ရန်အတွက် ဂျပန်နိုင်ငံမှနေ၍ အစိုးရချင်းချေးငွေ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော် ရရှိရန် သဘောတူထားပြီးဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

နိုင်ငံ့စီးပွားရေး အခြေအနေ၊ ခရီးသည်များနှင့် ပြေးဆွဲနေသော လေကြောင်းလိုင်းအရေအတွက်များအရ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို အဆင့်မြှင့်တင်ထားပြီး ဖြစ်သည့်အတွက် လက်ရှိကာလများအတွင်း ဟံသာဝတီလေဆိပ်စီမံကိန်းကို အရေးတကြီး ဆောင်ရွက်ရန်မလိုသေးကြောင်း ပြည်တွင်းပြည်ပ ပြေးဆွဲနေသော လေကြောင်းလိုင်းတစ်ခု၏ တာဝန်ရှိသူက မှတ်ချက်ပြုသည်။

ဟံသာဝတီလေဆိပ်စီမံကိန်း ပြီးစီးပါက ပထမအဆင့်အနေနှင့် လေဆိပ်အတွင်း ခရီးသည် ၁၂ သန်းခန့် နားနေနိုင်မည်ဖြစ်ပြီး ဒုတိယအဆင့်ပြီးစီးပါက ခရီးသည် သန်း ၂၀ ခန့်အထိ အသုံးပြုနိုင်မည်ဖြစ်ကြောင်း ဦးရဲထွဋ်အောင်က ထပ်လောင်းပြောဆိုသည်။

လက်ရှိတွင်လည်း ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် အဆင့်မြှင့်တင်မှုများကို အဆင့်လိုက်ဆောင်ရွက်နေသော်လည်း အနာဂတ်တွင် တိုးပွားလာမည့် ခရီးသည်ပမာဏအတွက် အပြည်ပြည်ဆိုင်ရာ အဓိကလေဆိပ်ကြီးအဖြစ် ဟံသာဝတီလေဆိပ်ကို တည်ဆောက်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ

ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

CarsDB Showroom Opening
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service