မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီနယ်နိ မိတ်အတွင်းရှိ နေအိမ်အဆောက် အအုံများ ပြန်လည်စိစစ်ကာ တည်ဆောက်ထားသည့် အဆောက်အအုံ ပုံစံပေါ်မူတည်၍ စည်ပင်သာယာကသတ်မှတ်ထားသည့် အခွန်နှုန်းထားများအတိုင်း အိမ်ခွန်ကောက်ခံမည် ဖြစ်ကြောင်း အဆိုပါ ကော်မတီဝင် ဦးကျော်ဇောအောင်က ပြောသည်။
လက်ရှိတွင် လွန်ခဲ့သည့် ၁၀ နှစ်ခန့်က သတ်မှတ်ထားသည့် နှုန်းထားများအတိုင်း အိမ်ခွန်များ ကောက်ခံနေပြီး ပြောင်းလဲကောက်ခံရန် မကြာမီအတွင်း နေအိမ်အ ဆောက်အအုံများကို ပြန်လည်စိစစ်မည်ဟု ပြောသည်။
‘‘ဈေးနှုန်းမကိုက်တဲ့ အိမ်ခွန်တွေကို ပြန်လည်စစ်ဆေးပြီး စည်း ကြပ်ကောက်ခံသွားမယ်။ ဥပမာရာဖြတ်မှာ ထရံကာဆို ဘယ်ဈေး၊ RC ဆို ဘယ်ဈေးဆိုတာ ရှိတယ်။ အိမ်ခွန်က ခြောက်လတစ်ကြိမ် ကောက်ရတော့ ပြီးခဲ့တဲ့ ခြောက် လတုန်းက အိမ်တစ်အိမ်က ထရံကာဖြစ်ချင်ဖြစ်ပြီး နောက်ခြောက် လလောက်နေရင် RC ဖြစ်ချင်ဖြစ်နေမယ်။ ပြောင်းသွားပေမယ့် ထရံကာဈေးနှုန်းတွေနဲ့ပဲ ကောက်နေတဲ့အိမ်တွေ ခြောက်မြို့နယ်မှာ အများကြီးရှိတယ်။ ဒါတွေက နှစ် ပေါင်းဆယ်ချီပြီး မလုပ်ခဲ့ရတာတွေကို မကြာခင်မှာ စိစစ်တော့မယ် ’’ဟု ဦးကျော်ဇောအောင်က ပြောသည်။
အိမ်ခွန် ပြန်လည်စိစစ် ကောက်ခံခြင်းသည် တိုးမြှင့်ကောက်ခံခြင်းမဟုတ်ဘဲ သတ်မှတ်ထားသည့် နှုန်းထားများအတိုင်း မရရှိသည့် အိမ်ခွန်များကိုပြန်လည် စည်းကြပ်ခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
‘‘ဘယ်တော့လောက် စလုပ် မလဲဆိုတော့မကြာခင် လိုက်ပြီး စိစစ်မယ်။ ပြီးရင် လာမယ့် အိမ်ခွန်ကောက်တဲ့အချိန်မှာ ကောက်မယ်’’ဟု ဦးကျော်ဇောအောင်က ဆိုသည်။
အိမ်ခွန်များကောက်ခံရာတွင် တည်ဆောက်ထားသည့် အိမ်ပုံစံနှင့် လမ်းအနေအထားပေါ်မူတည်၍ အခွန်နှုန်းထားခွဲခြား ကောက်ခံမည်ဟု ၎င်းက ပြောကြားသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီအခွန်ဌာန အနေဖြင့် အိမ်ခွန်များ ပြန်လည် စိစစ်ကောက်ခံမည်ဖြစ်သလို ဟိုတယ် အခွန်များကိုလည်း ပြန် လည် စိစစ်ကောက်ခံမည်ဖြစ် ကြောင်း ၎င်းက ပြောသည်။
Credit: 7Daydaily