မန္တလေး မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး၏ အနောက် လေးဆယ့်ငါးတာရှိ၊
ဗုဒ္ဓပြတိုက်ကို ဘုရားဖူးများ တည်းခိုနိုင်ရန် ဧည့်ရိပ်သာအဖြစ် ၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်း ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း မဟာမုနိဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။
ဗုဒ္ဓပြတိုက် အကြီးစားပြုပြင်ခြင်း လုပ်ငန်းများကို ဇူလိုင်အတွင်းက စတင်ဆောင်ရွက်ခဲ့ပြီး လက်ရှိတွင် ဆေးသုတ်လုပ်ငန်းများသာ ကျန်ရှိတော့ကြောင်း၊ ဧည့်ရိပ်သာအဖြစ် ပြန်လည်ဖွင့်လှစ်ရာတွင် အခန်းပေါင်း ၈ ခန်း ပါဝင်မည်ဖြစ်ပြီး၊ ဘုရားဖူးခရီးသွားများ သက်သာသည့် ဈေးနှုန်းဖြင့် တည်းခိုနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မဟာမုနိဘုရား ဂေါပကအဖွဲ့ဝင် ဦးသန်းလွင်က ပြောကြားသည်။
ဗုဒ္ဓပြတိုက်သည် မူလက ဘုရားဖူးများ တည်းခိုရန် တိုက်အဖြစ် ရည်ရွယ် တည်ဆောက်ခဲ့ခြင်းဖြစ်ကာ နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးနှင့် တည်ဆောက်ရေး အဖွဲ့ (န.ဝ.တ) အစိုးရ တက်လာသည့် အချိန်တွင် မန္တလေးအနောက်တောင် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးအဖြစ် ဖွင့်ခဲ့ကြောင်း၊ နောက်ပိုင်းတွင် ချမ်းမြသာစည် မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီရုံးအဖြစ် နေရာရွှေ့သွားခဲ့ကြောင်း၊ ယင်းနောက်တွင် ဂေါပကအဖွဲ့က အုပ်ချုပ်ရေးမှူးရုံးများ လာရောက်မဖွင့်နိုင်စေရန် ဗုဒ္ဓပြတိုက်အဖြစ် ဆိုင်းဘုတ်တင်ခဲ့ကြောင်း ၊ ဗုဒ္ဓပြတိုက်ကို ငွေကျပ် သိန်း ၃၀ဝ ခန့် ကုန်ကျခံ၍ အကြီးစား ပြုပြင်မွမ်းမံမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း မဟာမုနိ ဘုရားဂေါပကအဖွဲ့ မှတ်တမ်းများအရ သိရသည်။
Credit: The Voice