"လာဗျာ ဦးမောင်လတ် မတွေ့တာတောင်အတော်ကြာပြီ"
ဟုစာရေးသူမှ ရုံးခန်းတံခါးဝတွင် ရောက်ရှိနေသောသူငယ်ချင်းဖြစ်သူအားကြိုဆိုလိုက်ခြင်းဖြစ်သည်။
"မတွေ့တာဆိုအခုအရွယ်ကမြေးထိန်းရတဲ့အရွယ်ရောက်နေပြီလေ။ပင်စင်ထုတ်ရက်မှပဲမြို့ထဲ့ရောက်တော့တယ်။"
"သတ်သတ်မှတ်မှတ်လာမှပဲ ဆုံဖြစ်တော့တယ်ဆိုရမယ်။သူငယ်ချင်းအနေနဲ့ဆွေးနွေးစရာတစ်ခုခုများရှိနေလို့လား"
"အင်း...ကိစ္စရှိမှပဲရောက်လာသလိုတော့ဖြစ်နေပြီ ဒီလိုသူငယ်ချင်း... သမီးဖြစ်သူက အိမ်နဲ့မြေကွက်လေးဝယ်ချင်တယ်ဆိုလို့ စုံစမ်းကြည့်မိတယ်ပေါ့ "
"အခုတွေ့ပြီလား စိတ်ကြိုက်ဖြစ်ရဲ့လား"
"စိတ်ကြိုက်တော့ဖြစ်ပါတယ် ဒါပေမယ့် အမွေဆိုင်ဖြစ်နေလို့ ကန့်ကွက်တာတွေရှိလာတယ်"
"ဒါဆိုပြောပြပါဦး ဘယ်လိုကန့်ကွက်ချင်တွေရှိလာလို့လည်း။" "ဖြေရှင်းလို့ရနိုင်မယ်ဆိုလည်း ဖြေရှင်းကြည့်တာပေါ့။မြေကွက်က ဘာအမျိုးအစားလည်း ဂရန်မြေပဲလား"
"မြောက်ဒဂုံမှာဆိုတာ့ ဂရန်မြေပေါ့ ၊ ဂရန်အမည်ပေါက်က အဖိုးကြီးအဖွားကြီး နှစ်ယာက်အမည်ပေါက်တယ်။"
"အခုနှစ်ယောက်လုံးကွယ်လွန်သွားကြပြီလား"
"ဟုပ်ပါတယ် သူတို့နှစ်ဦးလုံးကွယ်လွန်သွားကြပြီ ၊ သူတို့မှာ သားသမီး ၃ ဦးကျန်တယ် "
"မိဘနဲ့အတူနေတာက ဘယ်တစ်ယောက်လဲ"
"အကြီးဆုံးသမီးက အပျိုကြီးဖြစ်တယ် ၊ သားငယ်ကအိမ်ထောင်ကျပြီးမိဘတွေနဲ့အတူနေတယ်"
"နောက်တစ်ယောက်လည်းအိမ်ထောင်သည်ပဲလား။အိမ်ခွဲနေကြတယ်ပေါ့"
"သမီးလတ်ကတော့စကာင်္ပူနိုင်ငံမှာနေတယ်။အဲ့ဒီမှာအိမ်ထောင်ကျပြီ မိသားစုနဲ့နေတယ်ပြောတယ်။"
"အခုအဲ့ဒီသမီးအလတ်ကကန့်ကွက်တာပေါ့။ မဟုပ်ဘူးလား"
"အစကတော့သမီးလတ်က စကာင်္ပူနိုင်ငံသားခံယူထားလို့ အမွေရပိုင်ခွင့်မရှိဘူးလို့ပြောတယ်။ပြီးတော့စကာင်္ပူမှာပဲနေတာမို့ ကန့်ကွက်မှာမဟုပ်ဘူးလို့သိထားရက အခုကန့်ကွက်တောင်းဆိုတယ်ဆိုပြီးဖြစ်လာတာပဲ။"
"ဒါဆိုအရောင်းအဝယ်ရပ်သွားပြီပေါ့ ၊ စရန်ငွေပေးထားသေးလား"
"စရန်ငွေတော့မပေးရသေးဘူး ၊ နိုင်ငံခြားသားအဖြစ်ခံယူသွားသူက အမွေရပိုင်ခွင့်ရှိသေးလားဆိုတာ ဗဟုသုတအဖြစ်သိချင်လို့"
"ကျွန်တော်အထင်တော့ ဒီကိစ္စ လွယ်လွယ်လေးနဲ့ခတ်နေတာထင်တယ်။မောင်နှမ ၃ယောက်ပဲဗျာ ညှိနှိုင်းခွဲဝေလိုက်ရင်အဆင်ပြေမှာပဲမဟုပ်လား"
"အိမ်ပွဲစားကပြောတော့ အရောင်းအဝယ် မှတ်ပုံတင်စာချုပ်ချုပ်တဲ့အခါ နိုင်ငံခြားသား တစ်ဦးပါလာရင် အရောင်းအဝယ်လုပ်လို့မရဘူးလို့ပြောတယ်"
"ဒါပေမယ့် အချို့က မြန်မာနိုင်ငံသားမှတ်ပုံတင်ကိုင်ထားကြတာလည်းရှိတယ်။အဓိကအချက်က ကျန်မောင်နှမတွေက အမွေခွဲမပေးချင်တဲ့အချက်လို့ထင်တယ်"
"ဒါလည်းဟုပ်မယ်ထင်ပါတယ်။ဒါပေမယ့်နိုင်ငံခြားသား တစ်ယောက်အမည်နဲ့အိမ်မြေရောင်းလို့မရဘူးဆိုတာတော့ ဥပဒေရှိတယ်မဟုပ်လား"
"မှန်ပါတယ် ၁၉၈၇ မရွှေမပြောင်းနိုင်သောပစ္စည်းကိုလွှဲပြောင်ခြင်းကိုကန့်သတ်သည့်ဥပဒေမှာ မရွှေမပြောင်းနိုင်သောပစ္စည်းကို နိုင်ငံခြားသားအားလွှဲပြောင်းပေးခြင်းနှင့် နိုင်ခြားသားကအခြားလူကိုလွှဲပြောင်းပေးခြင်းမပြုရလို့တားမြစ်ထားတာဖြစ်တယ်"
"လွှဲပြောင်းခြင်းဆိုတော့ရောင်းဝယ်တဲ့ကိစ္စလည်းပါမှာပေါ့ "
"ဟုပ်ပါတယ် ဥပဒေအရ လွှဲပြောင်းခြင်းဆိုတာ မရွှေ့ပြောင်းနိုင်သောပစ္စည်းကို ရောင်းခြင်း ၊ ဝယ်ခြင်း ၊ ပေးကမ်းခြင်း ၊ ပေးကမ်းသည်ကိုလက္ခံခြင်း ၊ ပေါင်နှံခြင်း ၊ ပေါင်နှံသည်ကို လက္ခံခြင်း ၊ တစ်နည်းနည်းဖြင့် လွှဲပြောင်းပေးခြင်း လွှဲပြောင်းရယူုခြင်းတို့ ပါဝင်ကြောင်း ပြဋ္ဌာန်းထားတယ်။"
"ဒါဆိုရင်တော့အခုကိစ္စမှာအရောင်းအဝယ်လုပ်လို့မရဘူးပေါ့"
"ဒီလိုတော့တရားသေပြောလို့မရဘူး ပြသာနာရှိတယ်ဆိုတာ တစ်စုံတစ်ဦးက ကန့်ကွက်လို့ဖြစ်တာပဲ။ အခုလိုကိစ္စမှာ မောင်နှမအခြင်းခြင်းညှိနှိုင်းပြီး မှတိပုံတင်စာချုပ်ချုပ်တဲ့အခါမှာ မြန်မာပြည်မှာရှိတဲ့သူနဲ့ပဲချုပ် ဆိုကြတာလည်းရှိပါတယ်။
အဓိကအချက်ကတော့မောင်နှမအချင်းချင်းခွေဝေယူမှုပြေလည်ဖို့ပဲ လိုပါတယ်''
"တစ်ခုရှိတာက နိုင်ငံခြားသားဖြစ်သွားလို့ မိဘရဲ့အမွေရပိုင်ခွင့်မရှိဆိုတာ ဟုပ်လား''
"ဒီအချက်ကတော့ မကြာလဏမှားယွင်း မှတ်သားတက်ကြာတာဖြစ်တယ်။
၁၉၈၇ ခုနှစ် မရွှေ့မပြောင်းနိုင်သောပစ္စည်း လွှဲပြောင်းခြင်းကိုကန့်သတ်သည့် ဥပဒေမှာ နိုင်ငံခြားသားက အမွေဆက်ခံခွင့်မရှိလို့ပိတ်ပင်ထားတာမရှိဘူး။
သူငယ်ချင်းကိုရှင်းအောင်ပြောရရင် တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ ဦးအန်းကူ ခေါ် ဦးအောင်နှင့် ဦးတင်ဝင်းပါ ( ၁၀) ဦး၊ ၁၉၉၉ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး-စာမျက်နှာ ၂၂၄ အမှုမှာ နိုင်ငံခြားသား ဖြစ်သူခင်ပွန်းသည်အနေနှင့် ကွယ်လွန်သူဇနီး၏ အမွေကို ရပိုင်ခွင့်ရှိပြီး ပစ္စည်းလွှဲပြောင်းခြင်းကိုကန့်သတ်သည့် ဥပဒေပါ လွှဲပြောင်းခြင်းနှင့် အကျုံးမဝင် လို့ဆုံးဖြတ်ခဲ့ပါတယ်။"
"ဒီလိုဆိုနိုင်ငံခြားမှာနေတဲ့သမီးက အမွေဆက်ခံခွင့်ရှိတာပေါ့''
"မှန်ပါတယ် ။ ဒါကြောင့်မောင်နှမအခြင်းခြင်း ညှိနှုင်းအဆင်ပြေရင်တော့ အိမ်နှင့်မြေကိုဝယ်သင့်ပြီး အမှုအခင်းဖြစ်နိုင်တဲ့အခြေအနေရှိရင်တော့စဉ်းစားသင့်တယ် သူငယ်ချင်း'' ဟု အကြံပြုဆွေးနွေးလိုက်ပါသည်။
Credit : ထီယု (ဥပဒေအတိုင်ပင်ခံ)