ထပ်ဆင့် အော်စကာဆုရှင် ဟီလာရီဆွမ့်ခ် နေထိုင်ခဲ့ဖူးသော ၃ ထပ်တိုက်ကို အမေရိက၏ နာမည်ကျော် စတိုးဆိုင်အုပ်စု Macy’s ၏ ဥက္ကဌက ဝယ်ယူ

ထပ်ဆင့် အော်စကာဆုရှင် ဟီလာရီဆွမ့်ခ် နေထိုင်ခဲ့ဖူးသော ၃ ထပ်တိုက်ကို အမေရိက၏ နာမည်ကျော် စတိုးဆိုင်အုပ်စု Macy’s ၏ ဥက္ကဌက ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
21 Dec 2017 11:46 am တွင် တင်ခဲ့သည်
4043 ကြိမ် ကြည့်ရှု့ပြီး
ဟောလိဝုဒ်ကြယ်ပွင့်၊ ထပ်ဆင့် အော်စကာဆုရှင် ဟီလာရီဆွမ့်ခ် နေထိုင်ခဲ့ဖူးသော နယူးယောက်မြို့ရှိ ၃ ထပ်တိုက်ကို အမေရိက၏ နာမည်ကျော် စတိုးဆိုင်အုပ်စု Macy’s ၏ ဥက္ကဌက ဝယ်ယူလိုက်ကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ဟီလာရီဆွမ့်ခ်၏ အမည်အပြည့်အစုံမှာ ဟီလာရီ အန်း ဆွမ့်ခ်ဖြစ်ပြီး အမေရိကန်ရုပ်ရှင်မင်းသမီး၊ ရုပ်ရှင်ထုတ်လုပ်သူတစ်ဦးဖြစ်ကာ ၁၉၇၄ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်တွင် မွေးဖွားသည်။
နာမည်ကျော်အက်ရှင်ဇာတ်လမ်းတွဲတစ်ခုဖြစ်သော ၁၉၉၄ ခုနှစ်ရုပ်ရှင် The Next Karate Kid တွင် ပါဝင်သရုပ်ဆောင်ကာ ကမ္ဘာသိသရုပ်ဆောင်ဖြစ်လာခဲ့သည်။

၁၉၉၉ ခုနှစ်တွင် ရိုက်ကူးထုတ်လုပ်ခဲ့သည့် Boys Don't Cry ဇာတ်ကားတွင် လိင်ပြောင်းလဲထားသူ အမျိုးသမီးတစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ကာ အကောင်းဆုံးဇာတ်ဆောင်မင်းသမီးအဖြစ် အော်စကာဆုနှင့် ရွှေကမ္ဘာလုံးဆုတို့ ရရှိခဲ့သည်။
၂၀၀၄ ခုနှစ်တွင်လည်း ကလင့်အိစ်ဝုဒ်ရိုက်ကူးသည့် Million Dollar Baby ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ကာ အကောင်းဆုံးဇာတ်ဆောင်မင်းသမီးအဖြစ် အော်စကာဆု ထပ်မံရရှိခဲ့သည်။

ရောင်းချလိုက်သည့်နေအိမ်တည်နေရာမှာ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ မန်ဟက်တန်ဒေသ West Village အရပ်၊ ချားလ်စ်လမ်း အမှတ် ၃၃ တွင် တည်ရှိသည်။
ဝယ်ယူသွားသူ ဟယ်ရီ အေ-လောတန် III သည် Macy’s စတိုးဆိုင်အုပ်စု၏ ဥက္ကဌဖြစ်ပြီး ယခုနေအိမ်ကို ကန်ဒေါ်လာ ၁၀ ဒသမ ၅ သန်းဖြင့် ဝယ်ယူလိုက်ခြင်း ဖြစ်သည်။

၂၀၁၆ ခုနှစ်၊ ဇူလိုင်လအချက်အလက်များအရ Macy’s စတိုးသည် အမေရိကန်ပြည်ထောင်စု၊ ဟာဝိုင်အီ၊ ပြူတိုရီကိုနှင့် ဂူအမ်တို့တွင် ဆိုင်ခွဲပေါင်း ၇၂၈ ဆိုင်အထိ ဖွင့်လှစ်ထားပြီး ဖြစ်သည်။

၁၈၉၉ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည့်နေအိမ်ဖြစ်ပြီး သက်တမ်းနှစ် ၇၀ ပြည့်သည့် ၁၉၆၉ ခုနှစ်တွင် နယူးယောက်မြို့၏ ပြယုဂ်အဆောက်အအုံတစ်ခုအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။

ဟီလာရီဆွမ့်ခ်သည် ယင်းနေအိမ်ကို ကန်ဒေါ်လာ ၃ ဒသမ ၉ သန်းဖြင့်ဝယ်ယူခဲ့ပြီး ခင်ပွန်း(ဟောင်း)ဖြစ်သူ ချက်ဒ်လိုဝီနှင့်အတူ ၂၀၀၂ ခုနှစ်မှ စတင်ကာ နေထိုင်ခဲ့ကြပြီး ၂၀၀၆ ခုနှစ်တွင် ကန်ဒေါ်လာ ၈ ဒသမ ၂၅ သန်းဖြင့် ပြန်လည်ရောင်းထုတ်ခဲ့သည်။

မှတ်တမ်းများအရ ယင်းနေအိမ်ကို ယခုနှစ်ဇွန်လအတွင်း Corcoran ကုမ္ပဏီမှတစ်ဆင့် ကန်ဒေါ်လာ ၁၁ ဒသမ ၉၅ သန်းဖြင့် စတင်ဈေးကွက်တင်ခဲ့ခြင်းဖြစ်ပြီး ရောင်းချသူများမှာ အမေရိကတွင် ဒုတိယမြောက်အကြီးမားဆုံး စာအုပ်ဆိုင်အုပ်စုဖြစ်သော Books-a-Million ၏ ပိုင်ရှင်များဖြစ်သော ကလိုင်ဒီနှင့် ဆမ်းမား အန်ဒါဆန်တို့ ဖြစ်ကြသည်။

နေအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၃၇၃၆ ရှိပြီး အိပ်ခန်း ၃ ခန်း၊ ရေချိုးခန်း ၂ ခန်း၊ စာကြည့်တိုက်တစ်ခု၊ ရုံးခန်းတစ်ခု၊ မီးလင်းဖိုများစွာနှင့် အိမ်နောက်ဘက်ပန်းဥယျာဉ်တို့ ပါဝင်သည်။Master bedroom တွင် ဓာတ်ငွေ့သုံးမီးလင်းဖိုပါဝင်ကာ တတိယထပ်တွင် အိပ်ခန်း ၂ ခန်း ထပ်မံပါဝင်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ထပ်ဆင့် အော်စကာဆုရှင် ဟီလာရီဆွမ့်ခ် နေထိုင်ခဲ့ဖူးသော ၃ ထပ်တိုက်ကို အမေရိက၏ နာမည်ကျော် စတိုးဆိုင်အုပ်စု Macy’s ၏ ဥက္ကဌက ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
ထပ်ဆင့် အော်စကာဆုရှင် ဟီလာရီဆွမ့်ခ် နေထိုင်ခဲ့ဖူးသော ၃ ထပ်တိုက်ကို အမေရိက၏ နာမည်ကျော် စတိုးဆိုင်အုပ်စု Macy’s ၏ ဥက္ကဌက ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
ထပ်ဆင့် အော်စကာဆုရှင် ဟီလာရီဆွမ့်ခ် နေထိုင်ခဲ့ဖူးသော ၃ ထပ်တိုက်ကို အမေရိက၏ နာမည်ကျော် စတိုးဆိုင်အုပ်စု Macy’s ၏ ဥက္ကဌက ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
ထပ်ဆင့် အော်စကာဆုရှင် ဟီလာရီဆွမ့်ခ် နေထိုင်ခဲ့ဖူးသော ၃ ထပ်တိုက်ကို အမေရိက၏ နာမည်ကျော် စတိုးဆိုင်အုပ်စု Macy’s ၏ ဥက္ကဌက ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
ထပ်ဆင့် အော်စကာဆုရှင် ဟီလာရီဆွမ့်ခ် နေထိုင်ခဲ့ဖူးသော ၃ ထပ်တိုက်ကို အမေရိက၏ နာမည်ကျော် စတိုးဆိုင်အုပ်စု Macy’s ၏ ဥက္ကဌက ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
ထပ်ဆင့် အော်စကာဆုရှင် ဟီလာရီဆွမ့်ခ် နေထိုင်ခဲ့ဖူးသော ၃ ထပ်တိုက်ကို အမေရိက၏ နာမည်ကျော် စတိုးဆိုင်အုပ်စု Macy’s ၏ ဥက္ကဌက ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
ထပ်ဆင့် အော်စကာဆုရှင် ဟီလာရီဆွမ့်ခ် နေထိုင်ခဲ့ဖူးသော ၃ ထပ်တိုက်ကို အမေရိက၏ နာမည်ကျော် စတိုးဆိုင်အုပ်စု Macy’s ၏ ဥက္ကဌက ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

Shwe Moe Kaung
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service