လော့စ်အိန်ဂျလိတွင် အငှားအိမ်ရာကို ကွန်ဒိုပြောင်းလဲတည်ဆောက်မည့်စီမံကိန်း အကောင်အထည်မဖော်ရေးအတွက် ငှားရမ်းနေထိုင်သူတို့က မြို့ တော်အကြီးအကဲများထံ အသနားခံတင်ပြမှု အောင်မြင်

လော့စ်အိန်ဂျလိတွင် အငှားအိမ်ရာကို ကွန်ဒိုပြောင်းလဲတည်ဆောက်မည့်စီမံကိန်း အကောင်အထည်မဖော်ရေးအတွက် ငှားရမ်းနေထိုင်သူတို့က မြို့ တော်အကြီးအကဲများထံ အသနားခံတင်ပြမှု အောင်မြင် - Property News in Myanmar from iMyanmarHouse.com
20 Dec 2017 11:16 am တွင် တင်ခဲ့သည်
3921 ကြိမ် ကြည့်ရှု့ပြီး
အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိတွင် အငှားအိမ်ရာကို ကွန်ဒိုပြောင်းလဲတည်ဆောက်မည့်စီမံကိန်း အကောင်အထည်မဖော်ပါရန် ငှားရမ်းနေထိုင်သူတို့က လော့စ်အိန်ဂျလိမြို့ တော် ဗဟိုဧရိယာစီမံကိန်းကော်မရှင်ထံ အသနားခံတင်ပြမှု အောင်မြင်ခဲ့ကြောင်း လော့စ်အိန်ဂျလိအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

လော့စ်အိန်ဂျလိမြို့  အနောက်ဘက် Hancock Park ရှိ အငှားအိမ်ရာကို ကွန်ဒိုမီနီယံအဖြစ် ပြောင်းလဲတည်ဆောက်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

လော့စ်အိန်ဂျလိမြို့ တော် ဗဟိုဧရိယာစီမံကိန်းကော်မရှင်၏ အစည်းအဝေးတွင် အိမ်ငှားတို့၏ အသနားခံမှုကို လက်ခံကြောင်း ကန့်ကွက်သူမရှိ အတည်ပြုလိုက်ခြင်းလည်း ဖြစ်သည်။

အသနားခံမှုကို စီမံကိန်းပြုလုပ်မည့်နေရာတွင် နေထိုင်သည့် အိမ်ငှားများနှင့် လော့စ်အိန်ဂျလိ အိမ်ငှားများသမဂ္ဂတို့က တင်သွင်းခဲ့ကြခြင်း ဖြစ်သည်။
ဗဟိုဧရိယာစီမံကိန်းကော်မရှင်၏ အစည်းအဝေး ကျင်းပသည့်နေရာသို့ အိမ်ငှားများကို ထောက်ခံသူများစွာ စုရုံးရောက်ရှိခဲ့ကြပြီး စီမံကိန်းအကောင်အထည်ဖော်မည့် အဆောက်အဦများကို ထိန်းသိမ်းစောင့်ရှောက်သွားပါရန် တိုက်တွန်းခဲ့ကြသည်။

လော့စ်အိန်ဂျလိတွင် Ellis Act အမည်ရှိ ဥပဒေတစ်ရပ်ပြဌာန်းထားရာ အဆိုပါဥပဒေအရ ကွန်ဒိုမီနီယံအဖြစ် ပြောင်းလဲဆောက်လုပ်မည့် အဆောက်အအုံများမှ အိမ်ငှားများကို နှင်ထုတ်နိုင်ခွင့် မြေရှင်များကို ပေးအပ်ထားသည်။
အဆောက်အအုံပိုင်ရှင်တို့၏ ကိုယ်စားလှယ်များက ပြောကြားရာတွင်မူ Ellis Act အတိုင်း ဥပဒေအရ လုပ်ဆောင်ရန် ရှိသည်များကို စတင်လုပ်ဆောင်နေပြီဖြစ်ပြီး အိမ်ငှားများအနေဖြင့် ပြောင်းရွှေ့ အခြေချနိုင်ရန် ကန်ဒေါ်လာ ၈၀၅၀ မှ ၂၀၀၅၀ အကြား ခံစားခွင့် ရရှိသွားဖွယ်ရာရှိကြောင်းလည်း ပြောကြားထားသည်။

ဖျက်သိမ်းမည့်အဆောက်အအုံရှိ အိမ်ငှားများမှာ အိမ်လခ ကန်ဒေါ်လာ ၁၉၅၀ မှ ၂၄၄၁ အကြား ပေးကြရသည်ဟု ဆိုသည်။

ယခုနေအိမ်ခန်းများကို ဖျက်သိမ်းပြီး ကွန်ဒိုပြန်လည်ဆောက်လုပ်ပြီးပါက တစ်ခန်းလျှင် ကန်ဒေါ်လာ ၁ သန်းမှ ၁ ဒသမ ၁၅ သန်းအကြား ဈေးနှုန်းများဖြင့် ရောင်းချသွားရန် ရည်မှန်းခဲ့ခြင်း ဖြစ်သည်။

မြို့ပြစီမံကိန်းပညာရှင် Lys Mendez ကမူ ယခုကဲ့သို့ ကွန်ဒိုစီမံကိန်းများတွင် အခန်းနေရာများ လျော့ကျမှုမှာ ရတက်မအေးဖွယ်ရာဖြစ်ကြောင်းနှင့် စီမံကိန်းနေရာတွင် ၁၄ ရာခိုင်နှုန်းအထိ နေရာဆုံးရှုံးမှုမှာ အိမ်ရာဈေးကွက်အပေါ် ဆိုးကျိုးများ သက်ရောက်လာနိုင်သည်ဟု ဆိုသည်။

စီမံကိန်းကော်မရှင်က အနိုင်ပေးဆုံးဖြတ်လိုက်စေကာမူ ယင်းအဆောက်အအုံများတွင် နေထိုင်သူတို့၏ အနာဂတ်မှာ မရေရာလှသေးချေ။
အဆောက်အအုံပိုင်ရှင်တို့အနေဖြင့် အခန်းများကို မငှားရမ်းဘဲ လစ်လပ်ထားခြင်း၊ ဖျက်သိမ်းခြင်းများ ပြုလုပ်လာနိုင်သည် (သို့မဟုတ်) အချိန်ကာလတစ်ခု စောင့်ဆိုင်းကာ ယခုအခန်းများကို ကွန်ဒိုအဖြစ် ပြောင်းလဲဆောက်လုပ်ရန် ပြန်လည်တင်ပြလာနိုင်လေသည်။

လော့စ်အိန်ဂျလိ အိမ်ငှားများသမဂ္ဂကမူ အိမ်ငှားတို့အနေဖြင့် နေအိမ်မှ နှင်ထုတ်မှုများကို ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အခိုင်အမာကတိပြုထားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service