ရန်ကုန်စည်ပင်သာယာမှ ကောက်ခံနေသည့် အခွန်အခများကို ဖြစ်သင့်ဖြစ်ထိုက်သည့် နှုန်းများသို့ ပြုပြင်သွားရန် စီစဉ်နေ

ရန်ကုန်စည်ပင်သာယာမှ ကောက်ခံနေသည့် အခွန်အခများကို ဖြစ်သင့်ဖြစ်ထိုက်သည့် နှုန်းများသို့ ပြုပြင်သွားရန် စီစဉ်နေ - Property News in Myanmar from iMyanmarHouse.com
20 Dec 2017 11:10 am တွင် တင်ခဲ့သည်
2777 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကောက်ခံနေရသည့် အခွန်နှုန်းများအား ပြည်သူများ ၀န်ထုပ်၊ ၀န်ပိုး မဖြစ်စေပဲ ဖြစ်သင့်ဖြစ်ထိုက်သည့် အခွန်နှုန်းထားများဖြစ်အောင် ပြုပြင်သွားရန် စီစဉ်လျက်ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဆိုသည်။

ဒီဇင်ဘာ ၁၉ ရက်က Parkroyal Hotel တွင် Renaissance Institute ဥာဏ်လင်းသစ်သုတေသနအဖွဲ့မှ ပြုလုပ်သည့် "မြို့ပြများ လျှင်မြန်စွာကြီးထွားလာမှုတွင် ကြုံတွေ့ ရသော စိန်ခေါ်မှုများကို စီမံခန့်ခွဲခြင်း - မြန်မာနိုင်ငံ၏ လက်ရှိပစ္စည်းခွန်စနစ်ကို လေ့လာသုံးသပ်ခြင်း "နှင့် စပ်လျဉ်းသည့် မူဝါဒစာတမ်းမိတ်ဆက် ရှင်းလင်းပွဲတွင် ၀န်ကြီးချုပ်က ပြောကြားခဲ့ခြင်းဖြစ်သည်။

မြေခွန်ကဲ့သို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ကောက်ခံနေသည့် အခွန်အခများအနေဖြင့် အလွန်နည်းပါးနေသဖြင့် ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းက " အခွန်အတုပ်တွေ အင်မတန်ကို နည်းလွန်းအားကြီး တဲ့အတွက် မြို့တော်တစ်ခုကို ဖွံ့ဖြိုးတိုးတက်ဖို့အတွက် မြို့တော်တစ်ခုရဲ့ အခြေခံအ ဆောက်အအုံတွေကို ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဆိုရင်တော့ ပြုပြင်ပြောင်းလဲမှုတွေကို ဆောင်ရွက်ရမယ်လို့မြင်ပါတယ်" ဟု ဆိုသည်။

ယင်းသို့ အခွန်အခများ ပြန်လည်ပြင်ဆင် ကောက်ခံရေးကို လာမည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် တင်သွင်းမည့် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီဥပဒေသစ်နှင့် အညီဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။

"ရသင့်ရထိုက်တဲ့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အခွန်နှုန်းထားကို ရမယ်ဆိုရင် အားလုံးလည်း ၀န်ထုပ်ဝန်ပိုးတစ်ခုလို ထမ်းထားရတဲ့ အခွန်ငွေမျိုးမဟုတ်တဲ့ ငွေကြေးမျိုးနဲ့ ရချင်ပါတယ်။ လမ်းဘေးဈေးသည်တစ်ယောက်အပေါ်မှာ ကြီးလေးတဲ့ အခွန်တစ်ခုကို ထမ်းနေရတာနဲ့ စာရင် အိမ်တလုံးပိုင်ဆိုင်တဲ့ လူတယောက်ကနေပြီးတော့ ဒီမြေခွန်ကို ၂၅၀ လောက် ဆောင်နေရာ ကနေ ပြီးတော့ ၅၀၀၊ ၁၀၀၀ လောက် ဆောင်လိုက်မှုဟာ ဘာမှကြီးလေးတဲ့ အခြေအနေ မဟုတ်ပဲနဲ့ မြို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှု အတွက်တော့ အများကြီး အထောက်အကူ ဖြစ်လာနိုင်ပါတယ်" ဟု ဦးဖြိုးမင်းသိန်းက ဆိုသည်။

လက်ရှိ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပစ္စည်းခွန်ရရှိမှုနည်းပါးနေခြင်းကြောင့် စည်ပင်သာယာရေးကော်မတီအနေဖြင့် အခွန်မဟုတ်သည့် စီးပွားရေးလုပ်ငန်းများ၊ လိုင်စင်များ (ဥပမာ-သားသတ်လိုင်စင်)ပေါ်တွင် မှီခိုနေရသဖြင့် ကုန်ဈေးနှုန်း ကြီးမြင့်မှုကဲ့သို့ ပြည်သူအပေါ် ၀န်ထုပ်ဝန်ပိုးများရှိနေကြောင်း ဥာဏ်လင်းသစ်သုတေသနအဖွဲ့မှ စီမံကိန်းညွှန်ကြားရေးမှူး ဦးအာကာဟိန်းက ဆိုပါသည်။

ယင်းအတွက် ပြည်သူလူထုအား ၀န်ထုပ်ဝန်ပိုးမဖြစ်စေပဲ မြို့ပြဘဏ္ဍာရေးစနစ်အား ပိုမိုကောင်းမွန်စေရန် အခွန်ကောက်ခံမှု အား စနစ်တကျဆောင်ရွက်သွားရန်လိုအပ်ကြောင်း ယင်းက ဆက်လက်ပြောသည်။

"အခွန်စာရင်းတွေ ပိုမိုကောင်းမွန်လာအောင် နည်းပညာပေါ့။ ဒစ်ဂျစ်တယ်ပေါ့။ အခွန်စာရင်းတွေကို ဒစ်ဂျစ်တယ်လိုက် ဇေးရှင်းလုပ်တာတို့ ဖုန်းအပလီကေးရှင်းနဲ့ အွန်လိုင်းကနေတဆင့် အခွန်ပေးလို့ရတဲ့ ပုံစံမျိုးတွေ ဒါမျိုးတွေ နည်းလမ်း ပေါင်းစုံရှိပါတယ်။ မူဝါဒပိုင်းကတော့ ဒုတိယအဆင့်ပေါ့။ မူဝါဒကတော့ အခွန်ရာဖြတ်စနစ်တွေ၊ ရာဖြတ်ရဲ့ တန်ဖိုးတွေကို ဘယ်လို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်မလဲ ဒါကတော့ မြို့အလိုက် ဆောင်ရွက်သွားရမှာ။ တနိုင်ငံလုံး အတိုင်းအတာ ဆိုတာထက် သူမြို့နဲ့သူကိုက်ညီတဲ့ မူဝါဒတွေ ချမှတ်သွားရမှာ ဖြစ်ပါတယ်" ဟု ဦးအာကာဟိန်းက ဆိုသည်။

ယခင်က စည်ပင်သာယာရေးကော်မတီမှ ကောက်ခံရရှိသည့် အခွန်ငွေများကို ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မြို့နယ်များအတွက်သာ သုံးစွဲခဲ့သော်လည်း အသစ်ပြဌာန်းမည့် ရန်ကုန်စည်ပင် သာယာရေးဥပဒေသစ်တွင် စည်ပင်သာယာနယ်နိမိတ်ပြင်ပရှိ မြို့နယ်များအတွက် အသုံးပြုနိုင်ရေး ထည့်သွင်းသွားရန် စီစဉ်ထားကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက " အခွန်ကို များများတိုးကောက်ရမှာ အစိုးရတွေမှာ တာဝန်ရှိတယ်။ ဒါပေမယ့် အခွန်ကို ဘယ်လိုတိုးကောက်မလဲ။ အခွန်ရဲ့ Base ခေါ်တဲ့ အောက်ခံက လွတ်နေတဲ့ အခွန်Base ကိုချဲ့မလား။ အခွန်ကို Rate တိုးပြီးကောက်မလား။ Rate တိုးကောက်တာ ကိုတော့ လက်မခံနိုင်ပါဘူး။ အခွန်ရဲ့ Base ကို ချဲ့ပြီးကောက်ခံတာကိုပဲ လက်ခံနိုင်တယ်။ လွတ်နေတယ်ဆိုတဲ့နေရာမှာ စီးပွားရေးသမားတွေကိုပဲ လွတ်နေတယ်လို့ လက်ချိုးထိုးပြတာထက် ရေဖိုး၊ ရေခမှာပဲ မဆောင်တဲ့အိမ်တွေ အများကြီး ရှိနေတယ်။ မီတာခတွေမှာ လွတ်နေတဲ့ အိမ်တွေ၊ မီတာ ခိုးသွယ် ထားတဲ့အိမ်တွေ ၊ မီတာစနစ်ကိုပဲ လျှော့ချထားတဲ့ စက်ရုံကြီးတွေ အများကြီးရှိတယ်။ ဒါတွေ သေသေချာချာ ကောက်ခံပြီးတော့ ဖော်ထုတ်တယ်ဆိုရင် ဒါဟာ အခွန်ရဲ့ Base ကို ချဲ့တာလို့ခေါ်ပါတယ်။ ဒီ Base ကို ချဲ့တာက အခွန် Rate ကို တိုးပြီးကောက်တာထက် ပိုပြီးတော့ သင့်တင့်မျှတတယ်ဆိုတာမျိုးကို တွေ့တယ်။ ဒါမျိုးကိုပဲ အကြံပေးသွားမယ် ဆိုတာကို ပြောချင်ပါတယ်" ဟုဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေဖြင့် မြို့တော်စည်ပင်သာယာမှ ကောက်လို့ရရှိသည့် ငွေကြေးကိုပဲ စည်ပင် သာယာကော်မတီနဲ့ အစိုးရအဖွဲ့ရဲ့ သဘောတူညီချက် ရမယ်ဆိုရင် စည်ပင်သာယာနယ်နိမိတ်ပြင်ပ မှာရှိတဲ့ တိုင်းစည်ပင်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စများတွင် အသုံးပြုနိုင်ရန် ဒီဥပဒေထဲမှာ ထည့်ဆွေးနွေးနိုင်ဖို့ ပြင်ဆင်နေ ကြောင်း သိရသည်။

Credit: Mizzima

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...
တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ
တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်
စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ
တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ
Royal Theikdi Condo
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service