မိုဘိုင်းလ်ငွေကြေး အဖွဲ့အစည်း သုံးခုအကြား ငွေလွှဲနိုင်ရန် နည်းပညာ ချိတ်ဆက်မှုစ

မိုဘိုင်းလ်ငွေကြေး အဖွဲ့အစည်း သုံးခုအကြား ငွေလွှဲနိုင်ရန် နည်းပညာ ချိတ်ဆက်မှုစ - Property News in Myanmar from iMyanmarHouse.com
20 Dec 2017 10:50 am တွင် တင်ခဲ့သည်
3900 ကြိမ် ကြည့်ရှု့ပြီး
မိုဘိုင်းလ် ငွေကြေး အဖွဲ့အစည်း သုံးခုဖြစ်သည့် OK Dollar, Wave Money နှင့် M-ပိုက်ဆံတို့အကြား အချင်းချင်း ငွေလွှဲနိုင်ရန် နည်းပညာ ချိတ်ဆက်မှုများ စတင်ပြုလုပ်နေပြီး မကြာမီ သုံးစွဲနိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ညွှန်ကြားရေးမှူးချုပ် ဒေါ်သန်းသန်းဆွေက ပြောကြားသည်။

“ MPU အဖွဲ့ကနေ မိုဘိုင်းလ်တွေကနေ ငွေလွှဲနိုင်အောင် နည်းပညာပိုင်း ကူညီဆောင်ရွက်ပေးလို့ပါ။ နောက်ပိုင်းမှာ မိုဘိုင်းလ်ကနေတစ်ဆင့် အွန်လိုင်းကနေ ငွေလွှဲလို့ရအောင် လုပ်မှာပါ”ဟု ၎င်းကပြောဆိုသည်။

လက်ရှိအချိန်တွင် Ok Dollar Application တူမှသာ ငွေလွှဲနိုင်မည်ဖြစ်ပြီး အခြားသော App များသို့ ငွေလွှဲနိုင်ခြင်းမရှိကြောင်း၊ App သုံးစွဲမှုအပေါ် မူတည်၍ တစ်နေ့ကို ငွေလွှဲပြောင်းနိုင်သည့် ပမာဏမှာ မတူညီကြောင်း Myanmar Payment Union (MPU) ထံမှ သိရသည်။

မြန်မာနိုင်ငံ မိုဘိုင်းလ် ငွေရေးကြေးရေးကဏ္ဍ၏ စည်းမျဉ်းစည်းကမ်းများအရ မိုဘိုင်းလ်ဖုန်းဖြင့် တစ်ရက်လျှင် အများဆုံး ကျပ်နှစ်သိန်းမှ ကျပ် ၁၀ သိန်းအထိ ငွေလွှဲနိုင်ပြီး Wave Money App သုံးစွဲသူများသည် တစ်ရက်လျှင် ငွေကျပ် ငါးသိန်းအထိ အများဆုံး ငွေလွှဲနိုင်ကြောင်း Wave Money ထံမှ သိရသည်။

“ဒီလိုမျိုး ဗဟိုဘဏ်က ဆောင်ရွက်ပေးတော့ လွှဲနိုင်တဲ့နေရာတွေ ပိုကျယ်သွားတယ်။ လုပ်ငန်းရှင်တွေအတွက်လည်း ပိုအဆင်ပြေသွားတယ်”ဟု ယင်းကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ငွေကြေး အဖွဲ့အစည်း သုံးခုက ထုတ်လုပ်ထားသည့် Application များမှ ငွေလွှဲခြင်းအပြင် မီတာ ဆောင်ခြင်း၊ စားသောက်ဆိုင်များတွင် ငွေပေးချေနိုင်ခြင်း၊ ရုပ်သံလိုင်းများ သက်တမ်းတိုးရန် အွန်လိုင်းမှ ငွေပေးချေနိုင်ခြင်းနှင့် ဖုန်းဘီလ် ဝယ်ယူနိုင်ခြင်း စသည့်လုပ်ငန်းများကိုလည်း ဆောင်ရွက်နိုင်ကြောင်း Myanmar Payment Union ထံမှ သိရသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

Shwe Moe Kaung
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service