ကမ္ဘာကျော် ပန့်ရော့ခ်တေးဂီတဝိုင်း Green Day မှ ဘေ့စ်ဂစ်တာသမား၏ နေအိမ်ကို ဝေါ့ဒစ္စနေတည်ထောင်သူ၏ မြေးဖြစ်သူ တင်မ် ဒစ္စနေက ဝယ်ယူလိုက်ပြီ ဖြစ်သည်။
နေအိမ်တည်နေရာမှာ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်တာဘာဘရာခရိုင်၊ မွန်တီစီတိုအရပ်တွင် တည်ရှိပြီး မွန်တီစီတိုသည် ဆန်တာဘာဘရာတွင် ချမ်းသာကြွယ်ဝသူများ အခြေချရာနေရာတစ်ခု ဖြစ်သည်။
တင်မ်ဒစ္စနေသည် ရုပ်ရှင်ထုတ်လုပ်သူ၊ ဒါရိုက်တာတစ်ဦးလည်း ဖြစ်သည်။
Green Day ၏ ဘေ့စ်ဂစ်တာသမား မိုက်ခ်ဒိုင့်ထ်သည် ယခုအခါ အသက် ၄၅ နှစ်အရွယ်ရှိပြီဖြစ်ပြီး ယခုနေအိမ်ဆောက်လုပ်ပြီးနောက် ၂ နှစ်အကြာ၊ ၂၀၁၁ ခုနှစ်အတွင်း ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း အိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြသည်။တင်မ်ဒစ္စနေးက မိုက်ခ်ဒိုင့်ထ်ထံမှ ကျေးဇူးတော်နေ့မတိုင်မီတွင် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
မိုက်ခ်ဒိုင့်ထ်သည် ယခုနှစ်မတ်လအတွင်း ယင်းနေအိမ်ကို ပထမဆုံးဈေးကွက်တင်ခဲ့ပြီး ထိုစဉ်က ဈေးခေါ်ခဲ့သည်မှာ ကန်ဒေါ်လာ ၄ ဒသမ ၈ သန်း ဖြစ်သည်။
Green Day သည် အမေရိကန် ပန့်ရော့ခ်တေးဂီတဝိုင်းဖြစ်ပြီး ၁၉၈၆ ခုနှစ်တွင် ရှေ့ထွက်အဆိုတော်၊ ဂစ်တာသမား ဘီလီဂျိုး အမ်းစထရောင်းနှင့် ဘေ့စ်ဂစ်တာသမား မိုက်ခ် ဒိုင့်ထ်တို့က စတင်ဖွဲ့စည်းတည်ထောင်ခဲ့ကြခြင်း ဖြစ်သည်။
စတီးဖရိန်ဖြင့် ပြုလုပ်ထားသော ခရုပတ်လှေကားမှာ လသာဆောင် ၃ ခုကို ဆက်သွယ်ပေးထားပြီး အထပ်တစ်ခုစီတွင် လသာဆောင်တစ်ခုထားရှိခြင်း ဖြစ်သည်။
နေအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၁၂၀၀ ခန့်သာရှိပြီး အိပ်ခန်း ၃ ခန်း၊ ရေချိုးခန်း ၃ ခန်းပါဝင်သည်။နေအိမ်ဆောက်လုပ်ထားပုံမှာမူ ထူးခြားပြီး တတိယထပ်မှာ လမ်းမနှင့် တပြေးညီတည်ရှိသည်။ အဆိုပါအထပ်တွင် မီးဖိုဆောင်နှင့် ဧည့်ခန်းတို့ တွေ့ရသည်။
အရောင်းဈေးကွက်တင်ပေးခဲ့သည့်ကုမ္ပဏီမှာ Coldwell Banker Property မှဖြစ်ပြီး တင်မ်ဒစ္စနေက မိုက်ခ်ဒိုင့်ထ်ကို ကန်ဒေါ်လာ ၃ ဒသမ ၈၅ သန်း ပေးခဲ့ရသည်။
တင်မ်ဒစ္စနေသည် ဒစ္စနေ၏ အမှုဆောင်အရာရှိ ရွိုင်-အီး-ဒစ္စနေ၏ သားဖြစ်ကာ ရွိုင်ဒစ္စနေမှာ ၂၀၀၉ ခုနှစ်အတွင်း ဆုံးပါးသွားခဲ့သည်။တင်မ်ဒစ္စနေက ယခုနေအိမ်ကို မိုက်ခ်ဒိုင့်ထံမှ ကန်ဒေါ်လာ ၃ ဒသမ ၈၅ သန်းဖြင့် ဝယ်ယူလိုက်ခြင်း ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)