မန္တလေးမြို့ မီးသင့်မင်္ဂ လာဈေးကို အသစ်ပြန်လည်တည် ဆောက်ရန် အဆိုပြုလွှာလာ ရောက်လျှောက်ထားသည့် အဖွဲ့ လေးဖွဲ့ရှိကြောင်း မန္တလေးမြို့ တော် စည်ပင်သာယာရေးကော် မတီ အဆောက်အအုံနှင့် ကုန်ရုံ ဌာန ဌာနမှူးဦးဇော်ဝင်းက ပြော သည်။
စိတ်ဝင်စားမှုဖော်ပြသော အဆိုပြုလွှာ (Expression of Interest) များ ဒီဇင်ဘာ ၈ ရက်နောက်ဆုံးထားလက်ခံပြီး လျှောက်လွှာလာရောက်ထုတ် ယူသူ ၁၇ ဖွဲ့အနက် လေးဖွဲ့သာ လျှောက်လွှာပြန်လည် ပေးပို့ခဲ့ကြောင်း ၎င်းကဆိုသည်။
မန္တလေးမြို့ ချမ်းအေးသာစံ မြို့နယ် လမ်း ၃၀ နှင့် ၇၃ လမ်း ထောင့်တွင် တည်ရှိသော မီးလောင်ကျွမ်းထားသည့် မင်္ဂလာ ဈေးကို အသစ်ပြန်လည်တည် ဆောက်ရန် ပင်မစီမံ Master Plan နှစ်မျိုးဖြင့် လျာထားဆောင် ရွက်မည်ဖြစ်ကြောင်း၊ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် အကျိုးတူစနစ် ဖြင့် တည်ဆောက်မည်ဖြစ်သော ကြောင့် စိတ်ပါဝင်စားသည့် ပြည်တွင်း၊ ပြည်ပစီးပွားရေးလုပ်ငန်း ရှင်များအနေဖြင့် Master Plan နှစ်မျိုးပေါ်၌ အခြေခံ၍စိတ်ဝင် စားမှုဖော်ပြသော အဆိုပြုလွှာ(Expression of Intrest) တင်သွင်းနိုင်ကြောင်း အဆောက်အ အုံနှင့် ကုန်ရုံဌာနက နိုဝင်ဘာ ၈ ရက်တွင် ထုတ်ပြန်ကြေညာသည်။
‘‘ရှေ့အပတ်ထဲမှာတော့ လျှောက်လွှာတင်ထားတဲ့ အဖွဲ့ လေးဖွဲ့ရဲ့ တင်ပြပုံတွေကို ကျွန် တော်တို့ဖွဲ့စည်းထားတဲ့ ကော်မ တီက နားထောင်သွားမယ်။ သူ တို့ရဲ့ တင်ပြချက်တွေကို နားထောင် ပြီးပြီဆိုမှ တစ်ဖွဲ့တည်းက တင်ပြတာကိုပဲ ရွေးမလား၊ နှစ်ဖွဲ၊ သုံး ဖွဲ့ပေါင်းပြီး ကောင်းတာတွေရွေး ဖြစ်မလားဆိုတာ သိရမယ်’’ဟု ဦးဇော်ဝင်းက ပြောသည်။
အဆိုပါ ရွေးချယ်မှုများပြီး စီးမှသာ ဈေးအဆောက်အအုံအသစ်ပြန်လည်တည်ဆောက်ရန် တင်ဒါများခေါ်ယူမည်ဖြစ်ကြောင်း၎င်းကဆက်လက်ပြောသည်။
လက်ရှိတွင် မီးသင့်မင်္ဂလာ ဈေးအဆောက်အအုံ ဖျက်သိမ်း ခြင်းလုပ်ငန်း ၉၀ ရာခိုင်နှုန်း ကျော်ပြီးစီးကြောင်း၊ အကြောင်းအမျိုး မျိုးကြောင့် သတ်မှတ်ကာလထက် နောက်သို့အနည်းငယ် ဆုတ်ကာ ခွင့်ပြုပေးခဲ့ကြောင်း ၎င်းကဆိုသည်။
မန္တလေးမြို့ မင်္ဂလာဈေး သည် ၂၀၁၆ မတ်လ ၂၂ ရက်က မီးလောင်ကျွမ်းခဲ့ပြီး ကျပ်သိန်းတစ် သောင်းကျော် ဆုံးရှုံးခဲ့သည်။
Credit: 7Daydaily