အစိုးရက ရန်ကုန် စက်မှုဇုန်မြေများကို ငှားမည်

အစိုးရက ရန်ကုန် စက်မှုဇုန်မြေများကို ငှားမည် - Property News in Myanmar from iMyanmarHouse.com
19 Dec 2017 11:11 am တွင် တင်ခဲ့သည်
1046 ကြိမ် ကြည့်ရှု့ပြီး
ပြည်ပရင်းနှီးမြှုပ်နှံမှုများ လာရောက်ရန်အတွက် ရန်ကုန်တိုင်းရှိ မြို့နယ် ၁၁ မြို့နယ်တွင် အကောင်အထည်ဖော်မည့် စက်မှုဇုန်များရှိ မြေများကို သင့်တော်သည့်နှုန်းဖြင့် ငှားရမ်းမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောကြားခဲ့ကြောင်း မှော်ဘီမဲဆန္ဒနယ် (၁) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဆန်းဝင်းက ပြောကြားသည်။

ဒီဇင်ဘာလ ၂ ရက်က ရန်ကုန်တိုင်း အစိုးရအဖွဲ့၊ ခန်းမ (၃) တွင် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ရန်ကုန်တောင်းပိုင်ခရိုင်နှင့် မြောက်ပိုင်းခရိုင်ရှိ မြို့နယ် ၁၁ ခုတွင် စက်မှုဇုန်များ အကောင်အထည်ဖော်နိုင်ရေး မြေနေရာ ရွေးချယ်ပွဲ အစည်းအဝေးတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

ယင်းသို့ ငှားရမ်းရာတွင် ရန်ကုန်တိုင်းတောင်ပိုင်းနှင့် မြောက်ပိုင်းခရိုင်ရှိ မြို့နယ် ၁၁ ခုတွင် စက်မှုဇုန် အကောင်အထည် ဖော်မည့်မြေများကို နှစ်ချုပ်ဖြင့် ငှားရမ်းသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“အရင်ကဆို စက်မှုဇုန် မြေငှားရမ်းခတွေကို ပြည်ထောင်စုအစိုးရက ကိုင်ထားပြီးမှ ဒေသဖွံ့ဖြိုးရေးအတွက် ပြန်ခွဲပေးတယ်။ အခုဆို မြေငှားရမ်းခကို တိုင်းအစိုးရက ကိုင်ပြီး ဒေသဖွံ့ဖြိုးရေးအတွက် အသုံးချသွားမှာပါ”ဟု ၎င်းက ဆိုသည်။

ရန်ကုန်တိုင်း တောင်ပိုင်းခရိုင် သုံးခွမြို့နယ် မဲဆန္ဒနယ် အမှတ် (၁)မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဝင်းက “မနက်ဖြန် ပဉ္စမအကြိမ် လွှတ်တော်ပြီးတာနဲ့ နောက်နေ့ကို စက်မှုဇုန် အကောင်အထည်ဖော်မယ့် မြေနေရာတွေကို သွားလေ့လာပါမယ်။ ဝန်ကြီးချုပ်က မြေငှားရမ်းခကို သင့်တော်တဲ့နှုန်းနဲ့ ငှားမယ်လို့ပြောတယ်။ အခမဲ့တော့ မရပါဘူး။ အများဆုံး နှစ် ၅၀ သက်တမ်းပေါ့။ ဈေးနှုန်းက ခုထိ မသတ်မှတ်ရသေးဘူး”ဟုဆိုသည်။

အချို့သော မြေနေရာများရှိ မြေကွက်များကို ပိုင်ရှင်ထံမှ ပြန်လည် ငှားရမ်း၍ စက်မှုဇုန် အကောင်အထည်ဖော်မည့် ကုမ္ပဏီများသို့ အပ်နှံပြီး မြေကွက် ပြန်ဖော်မည်ဖြစ်ကြောင်း၊ စက်မှုဇုန် အကောင်အထည်ဖော်မည့် မြို့နယ်များတွင် တစ်မြို့နယ်လျှင် ဧကတစ်ထောင်ခန့်ကို အသုံးပြုမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

သုံးခွမြို့နယ်အတွင်းရှိ ကားလမ်းမဘေးရှိ မြေတစ်ဧကလျှင် လက်ရှိ ကျပ်သိန်း ၁၀ဝ နှင့် ၁၅၀ ခန့်ရှိကြောင်း၊ အစိုးရက စက်မှုဇုန် အကောင်အထည်ဖော်မှု စီမံချက် ဖော်ဆောင်သည့်မြေနေရာ A အဆင့်ကို တစ်ဧက သိန်း ၆၀၊ B နှင့် C အဆင့်ရှိသည့် မြေတစ်ဧကကို သိန်း ၄၀၊ D အဆင့်ရှိသည့် မြေတစ်ဧကကို သိန်း ၂၀ နှုန်း အစိုးရက သတ်မှတ်ထားကြောင်း ၎င်းကပြောကြားသည်။

စက်မှုဇုန် အကောင်အထည်ဖော်ရန် ရန်ကုန်တိုင်း တောင်ပိုင်းခရိုင်ရှိ ခရမ်း၊ သုံးခွ၊ ကျောက်တန်း၊ သန်လျင်၊ ကွမ်းခြံကုန်း၊ တိုက်ကြီး မြို့နယ်များနှင့် မြောက်ပိုင်းခရိုင်ရှိ လှည်းကူး၊ မှော်ဘီ၊ တိုက်ကြီး၊ ထန်းတပင်မြို့နယ်တို့ကို ရွေးချယ်ထားသည်။

ရင်းနှီးမြှုပ်နှံမှု ဥပဒေအသစ်အရ လုပ်ငန်းများ အားလုံးကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က တိုက်ရိုက် မကိုင်တွယ်ဘဲ တိုင်းဒေသကြီးနှင့် ပြည်နယ်များကို အမေရိကန်ဒေါ်လာ ငါးသန်းအောက် ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းများအား ခွင့်ပြုမိန့်ပေးနိုင်ရန် ထည့်သွင်း ရေးဆွဲထားပြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီများဖွဲ့၍ ခွင့်ပြုမိန့် ထုတ်ပေးလျက် ရှိသည်။

ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ခွင့်ပြုပေးနိုင်ရန် ၂၀၁၇ ခုနှစ်၊ ဇူလိုင်လမှစ၍ သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ်များတွင် ရင်းနှီးမြှုပ်နှံမှု ကော်မတီများ ဖွဲ့စည်းခဲ့ပြီး အောက်တိုဘာလမှစတင်ကာ လုပ်ငန်းများကို ခွင့်ပြုမိန့်ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

imyanmarmarket
CarsDB Showroom Opening

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service