ကွန်ဒိုဥပဒေပြဋ္ဌာန်းပြီး ၂ နှစ်ခန့်အကြာ ကွန်ဒိုနည်းဥပဒေကို အတည်ပြု

ကွန်ဒိုဥပဒေပြဋ္ဌာန်းပြီး ၂ နှစ်ခန့်အကြာ ကွန်ဒိုနည်းဥပဒေကို အတည်ပြု - Property News in Myanmar from iMyanmarHouse.com
19 Dec 2017 10:56 am တွင် တင်ခဲ့သည်
2723 ကြိမ် ကြည့်ရှု့ပြီး
စုပေါင်းပိုင် အဆောက်အအုံ(ကွန်ဒို)ဥပဒေပြဋ္ဌာန်းပြီး ၂ နှစ်ခန့်အကြာ ၂၀၁၇ ဒီဇင်ဘာ ၁၄ ရက်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနက ကွန်ဒိုနည်းဥပဒေကို အတည်ပြုကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန အိမ်ရာဖွံ့ဖြိုးရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူးတစ်ဦးက ပြောကြားသည်။

နိုင်ငံသားများ မြေယာပိုင်ဆိုင်ရောင်းဝယ်ခွင့်၊ တည်ဆောက်သူက ၂၅ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ခွင့်၊ နိုင်ငံခြားသားများ ၄၀ ရာခိုင်နှုန်းအထိ ဝယ်ယူ၊ အမွေဆက်ခံ၊ ရောင်းချပိုင်ခွင့်ပြုထား သည့် ကွန်ဒိုနည်းဥပဒေကို ဝန်ကြီးဌာနက အတည်ပြုခဲ့ပြီး နိုင်ငံတော်အဆင့် အတည်ပြုနိုင်ရန် တင်ပြထားကြောင်း ၎င်းက ပြောသည်။

ကွန်ဒိုနည်းဥပဒေအတည် ပြုခြင်းနှင့်ပတ်သက်၍ ဆောက် လုပ်ရေးလုပ်ငန်းရှင်များ၊ ပညာ ရှင်များနှင့်ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ ဒီဇင်ဘာ ၁၁ ရက်က ရန်ကုန်မြို့၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

‘‘သူတို့က နည်းဥပဒေကို ချ ပြတယ်။ နည်းဥပဒေပြီးရင် အမိန့် ညွှန်ကြားချက်တွေအတွက် ကျွန် တော်တို့ဘက်ကလည်း လိုအပ်တာတွေ တင်ပြထားပါတယ်’’ဟု မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း တွဲဖက်အတွင်းရေးမှူး ဒေါက်တာဉာဏ်သစ်လှိုင်က ပြောသည်။

ကွန်ဒိုနည်းဥပဒေပြဋ္ဌာန်းပြီး နောက် တိုက်ခန်း၊ အိမ်ရာအဆောက်အအုံဆိုင်ရာ ဥပဒေနှင့် Apartment Law တို့ကို ဆက်လက်ပြဋ္ဌာန်းရန် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက စီစဉ်နေသည်။

ကွန်ဒိုနည်းဥပဒေပြဋ္ဌာန်းနိုင် ခြင်းသည် အရောင်းအဝယ်အေး နေသည့် ကွန်ဒို တိုက်ခန်းဈေးကွက်အတွက် အခွင့်အလမ်းကောင်းတစ်ခုဖြစ်ကြောင်း အိမ်ခြံ မြေအကျိုးဆောင်အချို့က ပြော သည်။

နိုင်ငံခြားသား ၄၀ ရာခိုင်နှုန်း ပိုင်ဆိုင်ခွင့်ပေးထားသည့် ကွန်ဒို ဥပဒေအတွက် အသေးစိတ်အ ချက်အလက်များပါဝင်သည့် နည်းဥပဒေပြဋ္ဌာန်းနိုင်ခြင်းက ဆောက်လုပ်ရေးလုပ်ငန်းများအတွက် အခွင့်အလမ်းကောင်းတစ်ခုဖြစ် ကြောင်း မြန်မာနိုင်ငံ လိုင်စင်ရကန်ထရိုက်တာလုပ်ငန်းရှင်များ အသင်းအထွေထွေအတွင်းရေး မှူး ဦးလားဇာက ပြောသည်။

‘‘ဈေးကွက်ပိုပြီး လှုပ်ရှားလာ မယ်။ ရောင်းဝယ်ငှားတွေ အခု အခြေအနေထက် အနည်းငယ်ပို လာမယ်’’ဟု iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ မန်နေဂျင်းဒါရိုက်တာ ဦးနေမင်းသူက သူ၏အမြင်ကို ပြောသည်။

မြန်မာနိုင်ငံတွင် စီးပွားရေး လာရောက်လုပ်ကိုင်နေသည့် နိုင်ငံခြားသားအချို့က ကွန်ဒိုဝယ်ယူ လိုသော်လည်း နည်းဥပဒေမရှိသေးခြင်းကြောင့် စောင့်နေသည့် အခြေအနေတွင် ရှိကြောင်း ၎င်းက ဆိုသည်။

‘‘သေနေတဲ့ အိမ်ခြံမြေဈေး ကွက်အတွက်တော့ ဒီနည်းဥပဒေ က အသက်စဝင်ဖို့အတွက် တွန်းအားတစ်ခု ဖြစ်နိုင်တယ်’’ ဟု မဏ္ဍိုင်အိမ်ခြံမြေအကျိုးဆောင် ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးသန်းဦးက ပြောသည်။

လက်ရှိ အိမ်ခြံမြေဈေးကွက် သည် အရောင်းနည်းပြီး ဈေးကျ နေကြောင်းနှင့် ကွန်ဒိုနည်းဥပဒေ ပြဋ္ဌာန်းပြီးလျှင် ကွန်ဒိုအရောင်း အဝယ်တက်လာသကဲ့သို့ သာမန်အိမ်ခြံမြေဈေးကွက်လည်း မြင့်တက်လာနိုင်ကြောင်း ဦးသန်းဦးက ပြောသည်။

ကွန်ဒိုနည်းဥပဒေပြဋ္ဌာန်းပြီး ကွန်ဒိုအရောင်းအဝယ်မြင့်တက် လာပါက လက်ရှိ ဈေးနှုန်းများဖြင့်သာ အရောင်းအဝယ်ဖြစ်နိုင်ကြောင်း ဦးနေမင်းသူက သူ၏ အမြင်ကို ပြောသည်။

လက်ရှိ ကွန်ဒိုတိုက်ခန်းဈေး သည် ၂၀၁၃ အိမ်ခြံမြေဈေးကွက် ကောင်းချိန်က ဈေးနှုန်းနှင့် နှိုင်း ယှဉ်ပါက တစ်ခန်းလျှင် ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ ဈေးကျဆင်းခဲ့သည်ဟု ၎င်းကပြောသည်။

၂၀၁၅ ဇန်နဝါရီ ၂၂ ရက်က ကျင်းပခဲ့သည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် စု ပေါင်းအဆောက်အအုံဥပဒေ (ကွန်ဒိုဥပဒေ)အပေါ် အပိုဒ်လိုက် ဆွေးနွေးကာ ဥပဒေတစ်ခုလုံးကို အတည်ပြုလိုက်ပြီး ပြည်တွင်းရှိ ကွန်ဒိုအဆောက်အအုံတစ်ခု၏ အခန်းများအနက် ၄၀ ရာခိုင်နှုန်းကို နိုင်ငံခြားသားများအား ရောင်းချခွင့်ရှိသည်ဟူသော အချက်အပါအဝင် အတည်ပြုခဲ့သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀

Shwe Moe Kaung
CarsDB Showroom Opening

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service