မန္တလေးတိုင်း တပ်သိမ်းမြေဧက သုံးသောင်းကျော် ပြန်လည်စွန့်လွှတ်

မန္တလေးတိုင်း တပ်သိမ်းမြေဧက သုံးသောင်းကျော် ပြန်လည်စွန့်လွှတ် - Property News in Myanmar from iMyanmarHouse.com
14 Dec 2017 12:22 pm တွင် တင်ခဲ့သည်
3762 ကြိမ် ကြည့်ရှု့ပြီး
မန္တလေးတိုင်းဒေသကြီးအတွင်း စစ်တပ်မှ သိမ်းဆည်းခြင်းကို ခံခဲ့ရသည့် တောင်ယာမြေများမှ မြေဧကပေါင်း သုံးသောင်းကျော်ကို ပြန်လည် စွန့်လွှတ်ပေးပြီးဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးဒေါက်တာစိုးသန်းက ပြောကြားသည်။

ဒီဇင်ဘာလ ၁၂ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး (ဆဋ္ဌမနေ့)တွင် မြစ်သားမြို့နယ် မဲဆန္ဒနယ်မြေ အမှတ် (၁)၏ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်က တပ်သိမ်းစွန့်လွှတ်မြေများအား သက်ဆိုင်သူ မူလပိုင်ရှင်များ လက်ဝယ်သို့ အမြန် ပြန်လည်ရောက်ရှိအောင် မည်သို့ ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုကြောင်း မေးမြန်းရာတွင် ၎င်းက ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ပိုင်ဆိုင်ကြောင်း အထောက်အထားများ ခိုင်လုံအောင် ပြသနိုင်သူတွေကို အမြန်ဆုံး ပြန်လည် ရရှိရေး ဆောင်ရွက်လျက် ရှိပါတယ်။ အကြောင်း အမျိုးမျိုးကြောင့် သက်သေ အထောက်အထား ခိုင်လုံအောင် ပြသနိုင်ခြင်း မရှိပေမယ့် အများက ကြည်ညိုလေးစားပြီး ရပ်မိရပ်ဖများက ထောက်ခံတယ်ဆိုရင်လည်း ယာယီ လွှဲပြောင်းပေးပြီးတော့ ပိုင်ဆိုင်မှု ရှိမရှိကို စစ်ဆေးပါတယ်။ မှန်ကန်မှု မရှိဘူးဆိုရင် ပြန်လည် သိမ်းဆည်းသွားပြီး မှန်ကန်တယ်ဆိုရင် ပိုင်ဆိုင်ခွင့် အမြန်ဆုံးရအောင် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ပေးနေပါတယ်”ဟု ဒေါက်တာ စိုးသန်းကဆိုသည်။

ပြန်လည်စွန်လွှတ်သည့် မြေများနှင့် ပတ်သက်ပြီး ပိုင်ဆိုင်ခွင့်အပေါ် နှစ်ဦး သို့မဟုတ် နှစ်ဦးထက်ပိုသည့် လူများက ပိုင်ဆိုင်မှု အငြင်းပွားခြင်းများ ဖြစ်ပေါ်လာပါကလည်း ဥပဒေနှင့်အညီ ဖြေရှင်းစေပြီး တရားရုံးများ၏ အဆုံးအဖြတ်များအရ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည် စိစစ်ရေးကော်မတီက နိုင်ငံတော်အစိုးရက ချမှတ်ထားသည့် မူဝါဒများ၊ ညွှန်ကြားချက်များနှင့်အညီ ပိုင်ဆိုင်ခွင့် ချထားပေးခြင်းများလည်း လုပ်ဆောင်ပေးလျက်ရှိကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။

“သိမ်းဆည်းမြေတွေကို မူလပိုင်ရှင်မဟုတ်တဲ့ တောင်သူတွေကို သီးစား လုပ်ကိုင်ခွင့် ချထားပေးခဲ့တယ်။ နှစ်ပေါင်း များစွာ ကြာမြင့်လာတဲ့အခါမှာ သီးစားတောင်သူတွေက မြေကို မိမိတို့ပိုင်တယ်လို့ ယူဆလာကြတယ်။ မြေတွေကို ပိုင်ဆိုင်ကြောင်း သက်သေ အထောက်အထားအဖြစ် ပြနိုင်တဲ့ စာရွက်စာတမ်းတွေရှိတဲ့ ဓားမဦးချ တောင်သူတွေလည်း ရှိတယ်။ သီးစားတောင်သူတွေလည်း ရှိတယ်။ မြေယာတွေကို ပြန်လည် ပေးအပ်တဲ့အခါမှာ ဓားမဦးချတောင်သူနှင့် သီးစားတောင်သူတွေက ပြဿနာတွေ ဖြစ်လာတယ်”ဟု ပြင်ဦးလွင်မြို့နယ် မန္တလေး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်က ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းတွင် တပ်မတော်က သိမ်းယူထားပြီး ပြန်လည် စွန်လွှတ်ရန် မြေဧကပေါင်း ၃၅၃၈၂.၇၀ ဧက၊ ပြန်လည် စိစစ်စွန့်လွှတ်ထားပြီး ဧက ၃၄၈၂၇ ဒသမ ၂၅၊ စွန့်လွှတ်ရန် ကျန်ရှိမှုမှာ ၅၆၄ ဒသမ ၈၅၂ ဧက ကျန်ရှိနေသေးကြောင်း ဒေါက်တာစိုးသန်းက ဆိုသည်။

“ကျွန်တော်တို့ရွာမှာတော့ သိမ်းဆည်းခံရတဲ့မြေ ၃၈၃.၆၄ ဧကရှိပါတယ်။ အဲ့ဒီအထဲက ခုပြန်ပေးပြီးတာက ၃၀ဝ ကျော်သွားပြီ။ ရွာပိုင် ၃၂ ဧကနှင့် ဖြတ်ဆက် ၁၃ ဧက ပေါင်းမယ်ဆိုရင် ၄၅ ဧက ပဲ ကျန်တာပါ။ အကုန်နီးပါး ပြန်ပေးထားပါတယ်။ ဖြတ်ဆက်ဆိုတာက ဟိုနားမှာ နည်းနည်း၊ ဒီနားမှာ နည်းနည်းပါ။ အဲ့လို မြေတွေပေါင်းရင် အားလုံး ၁၃ ဧက လောက် ရှိနေသေးတယ်။ ဒါက ဒီဒေသကို ရောက်လာတဲ့ အနာကြီး ရောဂါသည်တွေကို လုပ်ကိုင်စားသောက်ဖို့ တစ်မိသားစုကို တစ်ဧကစီ ပေးထားတာတွေကို သိမ်းသွားတဲ့ဟာတွေကို ပြန်ပေးတာပါ”ဟု ရေနံ့သာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းကျော်ကျော်က ပြောကြားသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ

CarsDB Showroom Opening
Shwe Moe Kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service