နေထိုင်စရာမရှိသည့် ရခိုင်တိုင်းရင်းသား များအတွက် နေအိမ်အလုံး ၁၀ဝ ကို မောင် တောမြို့နယ်တွင် ဆောက်လုပ်နေပြီဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံက မြန်မာတိုင်းမ်နေ့စဉ်သို့ ဒီဇင်ဘာ ၁၀ ရက်တွင် ပြောဆိုသည်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် နေရပ်စွန့်ခွာကာ ရွှေ့ပြောင်းအလုပ်လုပ်ကိုင် ကြရသော ရခိုင်တိုင်းရင်းသားများနှင့် ရခိုင် ပြည်နယ်အတွင်းရှိ အိုးအိမ်မဲ့ တိုင်းရင်းသား မျိုးနွယ်စုများအတွက်ရည်ရွယ်၍ အိမ်အလုံး ၁၀ဝ ကို ဆောက်လုပ်ရန် ပန္နက်ရိုက်မှုများ လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။
" ပန္နက်ရိုက်တာတွေတော့ လုပ်နေပြီ။ ဘယ်အချိန်မှာ ပြီးစီးမလဲဆိုတာတော့ မသိရသေးဘူး။ နေရာချထားရေးလုပ်ရင်တော့ ထပ် ပြီးအသိပေးပါဦးမယ်"ဟု ၎င်းက ပြောဆို သည်။
လုံခြုံမှုရှိစေရန်
ရခိုင်ပြည်နယ်အတွင်း စားဝတ်နေရေးအဆင်မပြေမှုများကြောင့် ရွှေ့ပြောင်းနေ ထိုင်ကြသူအများအပြားရှိနေပြီး အကြမ်းဖက်ခံ ရမှုဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွန်သူများ လည်းရှိနေသည့်အတွက် ပြန်လည်နေရာချ ထားရေးလုပ်ငန်းစဉ်များတွင် တိုင်းရင်းသား များ လုံခြုံမှုရှိစေရန်နှင့် စနစ်တကျဖြစ်စေရန် ဆောင်ရွက်သင့်ကြောင်း ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ဒေသခံ ဦးဝင်းကိုချေက ပြောဆိုသည်။
" အချို့ရခိုင်တိုင်းရင်းသားတွေ နေစရာ မရှိဘူး။ အချို့ဆို မဒေးကျွန်းပေါ်က တရုတ် ကုမ္ပဏီတွေဆီမှာ အလုပ်သွားလုပ်နေရတယ်။ သူတို့အနေနဲ့ ဘယ်လိုအိမ်တွေလျှောက်ရ တယ်ဆိုတာ မသိကြဘူး "ဟု ၎င်းက ပြောဆို သည်။
နေအိမ်ဆောက်လုပ်ပေးရန်
နေအိမ်ဆောက်လုပ်ပေးသည့်အစီအစဉ် တွင် ရခိုင်တိုင်းရင်းသားမျိုးနွယ်စု တစ်ခုတည်း မဟုတ်ဘဲ ရခိုင်ပြည်နယ်အတွင်းသို့ ရွှေ့ပြောင်း အလုပ်လုပ်ကိုင်ကြရသော အခြားတိုင်းရင်း သားများအနေဖြင့်လည်း အထောက်အထား ခိုင်လုံပါက အိမ်များဆောက်လုပ်ပေးရန် ပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြတောင်းခံနိုင်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သိရ သည်။
Credit: Myanmar Times