ပုဂံရှေးဟောင်းယဉ် ကျေးမှုဒေသကို ကုလသမဂ္ဂပညာ ရေး သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ (ယူ နက်စကို) ၏ ကမ္ဘာ့အမွေအနှစ်ဒေ သအဖြစ် စာရင်းဝင်ရန် လာမည့် ဇန်နဝါရီ ၂၄ ရက်တွင် အပြီးသတ် အဆိုပြုလွှာ တင်သွင်းမည်ဖြစ် ကြောင်း ရှေးဟောင်းသုတေသန ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ် ဦးသိန်းလွင်က ပြောသည်။
ပုဂံဒေသကို ကမ္ဘာ့အမွေအ နှစ်ဒေသအဖြစ် စာရင်းဝင်ရန် မူ ကြမ်းကို စက်တင်ဘာ ၂၂ ရက်က တင်သွင်းပြီး ပုဂံဒေသရှိအရေး ကြီးသည့် နေရာခုနစ်နေရာကို ပိုင်းခြားတင်သွင်းခြင်းဖြစ်ကြောင်း ပုဂံဒေသ ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေး စာတမ်းရေးသား ရေးအဖွဲ့ အတွင်းရေးမှူးလည်း ဖြစ်သူ ဦးသိန်းလွင်က 7Day Daily သတင်းစာအား ပြောကြားသည်။
ပုဂံဒေသကို ယူနက်စကိုစာရင်း တင်သွင်းမှုနှင့်ပတ်သက်ပြီး ယူနက်စကို ပညာရှင်အဖွဲ့က ၂၀၁၈ ဖေဖော်ဝါရီ ၁ ရက်မ တိုင်မီ ကွင်းဆင်းစစ်ဆေးမည် ဖြစ်ကြောင်း ယူနက်စကို၏ ယဉ်ကျေးမှုဌာနအစီအစဉ် ညှိနှိုင်း ရေးမှူး ဒေါ်ဥမ္မာမျိုးကပြောသည်။
‘‘ဒီတစ်ခါ တင်ရမှာက အ ချောပေါ့နော်။ ဒီတစ်ခါတင်တဲ့ ဟာကတော့ ပြန်ပြင်လို့မရတော့ ဘူး’’ ဟု ဒေါ်ဥမ္မာမျိုးက ပြော သည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှု ဒေသကို ယူနက်စကို၏ ကမ္ဘာ့အ မွေအနှစ်ဒေသအဖြစ် စာရင်းတင် သွင်းရာတွင် ဖွားစော၊ မင်းနန်းသူ နှင့် မြင်းကပါ အပါအဝင်ကျေးရွာ ခြောက်ရွာ ထည့်သွင်းထား သောကြောင့် အဆိုပါကျေးရွာဒေ သခံများက ကန့်ကွက်မှုများရှိခဲ့၍ ရှေးဟောင်းသုတေသနဌာနက ဒေသခံများ တောင်းဆိုသည့် အ ချို့အချက်များကို လိုက်လျောပေး ခဲ့ရသည်။ ဒေသခံများက ၎င်းတို့ ကျေးရွာအတွင်း တည်းခိုခန်းအ ဆောက်အအုံများ ဆောက်လုပ် ခွင့်နှင့် Home Stay (ဧည့်နေထိုင် ခွင့်) များ ခွင့်ပြုပေးရန် တောင်းဆို ခဲ့သည်။
၂၀၁၉ ဇွန်လ (သို့မဟုတ်) ဇူလိုင်တွင် ပြုလုပ်မည့်ယူနက်စ ကို ကော်မတီအစည်းအဝေး၌ ပုဂံ ဒေသ စာရင်းဝင်၊ မဝင်ဆုံးဖြတ်မည်ဖြစ်ကြောင်း ဒေါ်ဥမ္မာမျိုးက ပြောသည်။
လက်ရှိတွင် ပုဂံရှေးဟောင်း ယဉ်ကျေးမှု ဇုန်ဧရိယာသည် စတု ရန်း ဧက၂၇,၉၇၀ ကျယ်ဝန်းပြီး ဇုန်များ ပြန်လည်ပြင်ဆင်သတ် မှတ်ရာ၌ ယခင်ထက် ဧကနှစ် သောင်းခန့် ထပ်မံတိုးချဲ့ထား သည်။ ထို့အပြင် ဇုန်များတိုးချဲ့ သတ်မှတ်မှုတွင် ပုဂံနှင့် ညောင်ဦး မြို့၏ အနောက်ဘက်နှင့် မြောက် ဘက်တို့၌ တိုးချဲ့မည်ဖြစ်ပြီး အ နောက်ဘက်တွင် ဧရာဝတီမြစ် တစ်လျှောက်လုံးထည့်သွင်းထား ကာ မကွေးတိုင်းအတွင်းရှိ တန့် ကြည့်တောင်ဘုရားကိုပါ ဇုန်အ တွင်း ထည့်သွင်းသတ်မှတ်ထား သည်။
Credit: 7Daydaily