သင့်အနေနဲ့ တစ်ခြားပြည်ပ နိုင်ငံတစ်နိုင်ငံကို ခရီးသွားရတော့မယ်ဆိုရင် ပထမဆုံး အရင်လုပ်ရမှာက အဲနိုင်ငံကို သွားမယ့်လေယာဉ်ခရီးစဉ်အတွက် လက်မှတ်ကြိုတင်ဘွတ်ကင်လုပ်ရမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကမ္ဘာပေါ်မှာ လေယာဉ်စီးပြီး တိုက်ရိုက်သွားလို့မရနိုင်တဲ့ နိုင်ငံ အနည်းအကျဉ်းတော့ ရှိနေပါတယ်။
ဗာတီကန် စီးတီး
ရောမမြို့အလယ်မှာ တည်ရှိနေတဲ့ အကျယ်အ၀န်း ၁၀၉ ဧက ရှိတဲ့ဗာတီကန် စီးတီးမှာတော့ ကိုယ်ပိုင် လေဆိပ် ရှိမနေပါဘူး။ ဒါပေမဲ့လည်း ခရီးသွားတွေအနေနဲ့ အီတလီမြို့တော်ကနေတဆင့် ယင်းနိုင်ငံငယ်လေးဆီကိုအလွယ်တကူ သွားရောက်နိုင်ပါတယ်။
ဆန် မာရီနို
ကမ္ဘာပေါ်မှာ ငါးခုမြောက်အသေးဆုံး နိုင်ငံဖြစ်တဲ့ ဆန် မာရီနိုမှာလည်းကိုယ်ပိုင် လေဆိပ် မရှိပါဘူး။ ဒါပေမယ့်လည်း လူဦးရေ ၃၃,၀၀၀ ရှိ ယင်းဆန်မာရီနိုဟာဆိုရင် အီတလီနိုင်ငံ Rimini မြို့ Federico Felliniနိုင်ငံတကာလေဆိပ်ကနေ အကွာအဝေး ကိုးမိုင်အကွာမှာရှိနေတာဖြစ်ပါတယ်။
မိုနာကို
ဗာတီကန်စီးတီးပြီးရင် ကမ္ဘာ့ ဒုတိယ အသေးငယ်ဆုံးနိုင်ငံ မိုနာကိုမှာလည်း ကိုယ်ပိုင် လေဆိပ် မရှိပါဘူး။ အဲဒီကို သွားချင်ရင်တော့ ပြင်သစ်ရဲ့ Nice Cote D Azur နိုင်ငံတကာလေဆိပ်ကနေတဆင့် သွားနိုင်ပါတယ်။ လူဦးရေ ၃၈,၅၀၀ ရှိတဲ့ မိုနာကို နဲ့ ယင်းလေဆိပ်အကြား ၂၅ မိနစ်လောက် ကားနဲ့သွားရုံပဲကွာဝေးပါတယ်။
လက်ချင်စတိန်း
စိတ်ဝင်စားစရာ ကောင်းတာက ကမ္ဘာ့ တတိယနဲ့ စတုတ္ထမြောက်အသေးဆုံး နိုင်ငံတွေဖြစ်တဲ့ Nauru နဲ့ Tuvalu တို့မှာ ကိုယ်ပိုင်လေဆိပ်တွေ အသီးသီး ရှိကြပါတယ်။ ဒါပေမယ့် ကမ္ဘာ့ ပဉ္စမမြောက်နဲ့ ဆဌမမြောက်အသေးဆုံး နိုင်ငံတွေမှာတော့ မရှိကြပါဘူး။ ကမ္ဘာပေါ်မှာ ခြောက်ခုမြောက်အသေးဆုံး နိုင်ငံဖြစ်တဲ့လက်ချင်စတိန်းကို သွားချင်ရင်တော့ ဆွစ်ဇာလန်ရဲ့ St.Gallen-Altenrhein လေဆိပ်ကနေတဆင့် သွားရောက်နိုင်ပါတယ်။ ယင်းအကြား ၂၄ မိုင်သကွာဝေးပါတယ်။
အင်ဒိုရာ
ဒီနိုင်ငံမှာလည်း လေဆိပ် မရှိပါဘူး။ ယင်းနိုင်ငံရဲ့ ဟိုဘက်ထိပ်ကနေ ဒီဘက်ထိပ်အကြား ၂၅ မိုင်ခရီး ကားမောင်းရုံနဲ့ ရောက်ပါတယ်။ ဒါ့အပြင် Pyrenees တောင်ကြောပေါ်မှာ တည်ရှိတာကြောင့်လေယာဉ်ပြေးလမ်းတစ်ခု တည်ဆောက်ဖို့ ခက်ခဲလှပါတယ်။ ဒါပေမဲ့ယင်းနိုင်ငံကို သွားမယ့် ခရီးသွားတွေအနေနဲ့ စပိန် ဒါမှမဟုတ်ပြင်သစ်ကနေတဆင့် သွားနိုင်ပါတယ်။ ယင်းရဲ့ မြို့တော်နဲ့အနီးဆုံးကတော့ စပိန်က Girona-Costa Brava လေဆိပ်ဖြစ်ပါတယ်။
ပါလက်စတိုင်း နယ်မြေ
ဒီမှာလည်း လေဆိပ်မရှိပါဘူး။ ဒါပေမယ့် အစ္စရေးရဲ့ Ben Gurionနိုင်ငံတကာလေဆိပ်နဲ့ ပါလက်စတိုင်းမြို့ Bethlehem အကြား ၂၆ မိုင်သာ ကွာဝေးပါတယ်။
Credit: SFJ Strategy First