မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေသစ်ကို အတည်ပြုပြီးဖြစ်သော်လည်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှသာ စတင်ကျင့်သုံးမည်ဖြစ် ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန် ကြားမှုဦးစီးဌာနမှ သိရသည်။
အတည်ပြု
အဆိုပါဥပဒေသစ်ကို ၂၀၁၇ ခုနှစ် ဇန်န ဝါရီ ၆ ရက်က ပြည်ထောင်စုလွှတ်တော်သို့ တင်ပြထားခဲ့ပြီး နိုဝင်ဘာ ၂၃ ရက်တွင် ပြည် ထောင်စုလွှတ်တော်က အတည်ပြုလိုက်ခြင်း ဖြစ်သည်။
ညှိနှိုင်းဆောင်ရွက်
"ကုမ္ပဏီဥပဒေက ပညာရပ်ပိုင်းဆိုင်ရာ ကိစ္စတွေများပါတယ်။ အသေးစိတ်ပြုလုပ်ရမယ့်ကိစ္စတွေ အများကြီးရှိတယ်။ ဒါကြောင့် ကျွန်တော်တို့က ကုမ္ပဏီဥပဒေကျင့်သုံးနိုင်ဖို့ အတွက် လိုအပ်တဲ့အမိန့်ကြေညာချက်တွေ၊လိုအပ်တဲ့လုပ်ထုံးလုပ်နည်းတွေ ဆက်လုပ်ဖို့ ပြင်ဆင်နေပါတယ်။ နိုင်ငံတော်သမ္မတကြီး အတည်ပြုလက်မှတ်ရေးထိုး ထုတ်ပြန်ပြီးတာ နဲ့ဆက်တိုက်ရင်းနှီးမြှုပ်နှံမှု ဥပဒေလိုပဲ ဆက် လုပ်ရမယ့်လုပ်ငန်းလေးတွေ၊ ကက်ဘိနက်ကို တင်ပြရမယ့်ကိစ္စတွေရှိတယ်။ ဝန်ကြီးဌာန တွေနဲ့ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရမယ့် ကိစ္စတွေရှိတယ်။ ရှေ့နေချုပ်ရုံးကနေ ဥပဒေ ကြမ်း ပြန်ယူရမယ့်ကိစ္စတွေရှိတယ်"ဟု ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြော ဆိုသည်။ ကုမ္ပဏီတည်ထောင်ရာ၌ ကုမ္ပဏီမှတ်ပုံ တင်ကြေးအဖြစ် ကျပ်ငါးသိန်းနှင့် သတ်မှတ် ထားသည့်ဝန်ဆောင်ခ ကျပ် ၅၀ဝ၀ ကျော်သာ ကောက်ခံပြီး ဥပဒေသစ်တွင် Online မှ ကုမ္ပဏီမှတ်ပုံတင်ခြင်းကို ခွင့်ပြုပေးမည်ဖြစ် ကြောင်း သိရသည်။
အသက်ဝင်ရန်လုပ်ဆောင်နေ
" ကုမ္ပဏီဥပဒေသစ်နဲ့ ကုမ္ပဏီမှတ်ပုံတင် တဲ့အခါ မိမိနေအိမ်၊ မိမိရုံးခန်းကနေ မှတ်ပုံ တင်လို့ရတဲ့အဆင့်အထိ ရောက်အောင်ပါ။ ကျွန်တော်တို့ရုံးကို လာစရာမလိုတော့ဘူး။ ဒါနဲ့ ပတ်သက်ပြီးတော့ အာရှဖွံ့ဖြိုးရေးဘဏ် (ADB)က ကူညီပေးမယ့်အဖွဲ့တွေ ရောက်နေပါ ပြီ။ ကျွန်တော်တို့ အွန်လိုင်းမှတ်ပုံတင်လုပ်ငန်း နဲ့ ပတ်သက်ပြီးတော့ ဆော့ဖ်ဝဲလ်ပိုင်းပြင်ဆင် နေတဲ့ကိစ္စကို ဆက်လုပ်သွားပါမယ်။ ကုမ္ပဏီ ဥပဒေ စတင်အသက်ဝင်ဖို့ကတော့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ မဖြစ်နိုင်တော့ပါဘူး။ ဒါပေမဲ့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ထဲမှာ ကျင့် သုံးနိုင်အောင် ကျွန်တော်တို့က စောနိုင်သမျှ စောအောင်၊ တတ်နိုင်သမျှ မြန်အောင်လို့ လုပ်ပါမယ်"ဟု ဦးအောင်နိုင်ဦးက ဆက်လက် ပြောဆိုသည်။
မြန်မာနိုင်ငံ၌ လက်ရှိကျင့်သုံးနေသည့် ၁၉၁၄ ခုနှစ် မြန်မာနိုင်ငံကုမ္ပဏီများ အက် ဥပဒေတွင် ပုဒ်မ ၂(က)တွင် ကုမ္ပဏီဆိုသည်မှာ မြန်မာနိုင်ငံသားများက ရာနှုန်းပြည့်ပိုင်ဆိုင်၊ လုပ်ကိုင်ရမည်ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည့် အတွက် မြန်မာကုမ္ပဏီ၌ နိုင်ငံခြားသားရှယ်ယာ တစ်ရာခိုင်နှုန်းပါဝင်လျှင် နိုင်ငံခြားသားပိုင် ကုမ္ပဏီအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ယခု ဥပဒေသစ်တွင် နိုင်ငံခြားသားပိုင်ဆိုင်မှု ရှယ်ယာအများဆုံး ၃၅ ရာခိုင်နှုန်းအထိ ပါဝင်ခွင့်ရမည်ဖြစ်ကာ ဒါရိုက်တာတစ်ဦး တည်းဖြင့် ကုမ္ပဏီတည်ထောင်ခွင့်ရှိကြောင်း သိရသည်။
အွန်လိုင်းအကျိုးဆောင်
"အခုလိုဆောင်ရွက်လိုက်တော့ အများကြီး အချိန်ကုန်သက်သာတယ်။ ကြားမှာဆောင် ရွက်နေတဲ့ အကျိုးဆောင်ကဏ္ဍတွေ ပိုပြီးတော့ လျော့နည်းသွားမယ်။ တကယ်လို့ အကျိုးဆောင် လုပ်ငန်း လုပ်မယ်ဆိုရင်တောင် ဒီအွန်လိုင်းက လုပ်တဲ့ အကျိုးဆောင်ကုမ္ပဏီဆိုပြီး သေသေ ချာချာမှတ်ပုံတင်ပြီးမှ ဆောင်ရွက်လို့ ရတော့ မှာ။ အဲ့ဒီအခါမှာ လုပ်ငန်းတိုင်းအပေါ် ကဏ္ဍအလိုက် နိုင်ငံတော်က အခွန်ရရှိမယ်။ အကျိုး ဆောင်လုပ်ငန်းတွေအတွက် အကျိုးဆောင် ကြေးပေါ်လာမယ်။ ဒီလို အွန်လိုင်းက ဆောင် ရွက်တယ်ဆိုပေမယ့် ဆက်လက်ဆောင်ရွက်ရ မယ့်စနစ်ကို နိုင်ငံတကာ စံချိန်စံညွှန်းအတိုင်း ဆောင်ရွက်တာကောင်းပါတယ်"ဟု Myanmar Arts & Crafts Association အတွင်းရေးမှူး ဒေါ်အိအိထွေးက ပြောဆိုသည်။
လက်ရှိအတည်ပြုထားသည့် မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေကို အာရှဖွံ့ဖြိုးရေးဘဏ်၏ ကူညီပံ့ပိုးမှုဖြင့် ၂၀၁၂ ခုနှစ်မှ စတင်ရေးဆွဲ ခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် အများပိုင် ကုမ္ပဏီပေါင်း ၂၀ဝ ကျော်၊ တစ်ဦးပိုင်ကုမ္ပဏီ ပေါင်း ၁၀,ဝ၀ဝ ကျော်နှင့် အစုရှယ်ယာ တရားဝင်ရောင်းချခွင့်ရှိသည့် အများပိုင်ကုမ္ပဏီ ပေါင်း ၆၀ ကျော်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရ သည်။
Credit: Myanmar Times