အသေးစား၊ အလတ်စားလုပ်ငန်းများသို့ ချေးငွေပေးရန် အသင့်ဖြစ်ဟု ပြည်ထောင်စုဝန်ကြီးပြော

အသေးစား၊ အလတ်စားလုပ်ငန်းများသို့ ချေးငွေပေးရန် အသင့်ဖြစ်ဟု ပြည်ထောင်စုဝန်ကြီးပြော - Property News in Myanmar from iMyanmarHouse.com
11 Dec 2017 10:30 am တွင် တင်ခဲ့သည်
4491 ကြိမ် ကြည့်ရှု့ပြီး
တိုင်းရင်းသားဒေသများ အပါအဝင် နိုင်ငံတစ်ဝန်းရှိ အ သေးစား၊ အလတ်စား ရိုးရာလုပ် ငန်းများကို ကူညီပံ့ပိုးမှုများပေးရန် အစိုးရတွင် ချေးငွေ အဆင်သင့် ဖြစ်နေပြီဟု စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီးဦးကျော်ဝင်းက ပြောသည်။

လယ်ယာကဏ္ဍအပါအဝင် အသေးစား၊ အလတ်စားလုပ်ငန်း များအတွက် ကျပ်ဘီလီယံ ၅၀၀ ထုတ်ချေးပေးရန် အစိုးရက စီစဉ် ထားသည်။ အဆိုပါ ချေးငွေအတွက် အတိုးနှုန်း တစ်နှစ်လျှင် ၈ ရာခိုင်နှုန်းခန့်ရှိမည်ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။

ယင်းသို့ ချေးငွေစတင်ထုတ် ပေးမည့်အချိန်ကို ပြည်ထောင်စု ဝန်ကြီးက မပြောကြားပေ။

ချေးငွေများပေးရာတွင် နိုင်ငံခြားမှ သွင်းကုန်အစားထိုးလုပ်ငန်း များ၊ ပြည်ပပို့ကုန်မြှင့်တင်နိုင်မည့် လုပ်ငန်းများကို ဦးစားပေးမည်ဟု အစိုးရက မူဝါဒချမှတ်သော်လည်း လက်ရှိအခြေအနေအရ ကျန်လုပ်ငန်းများကိုလည်း ချေးငွေပေးမည်ဟု၎င်းကဆိုသည်။

ယင်း အခြေအနေများကို ပြောင်းလဲရေး အသေးစား၊ အလတ်စားလုပ်ငန်းများကို ငွေကြေးအကူအညီထောက်ပံ့ရန် မြန်မာ့ စီးပွားရေးဘဏ်နှင့် မြန်မာ့လယ် ယာဖွံ့ဖြိုးရေးဘဏ်တွင်ငွေကြေး အဆင်သင့်ဖြစ်နေပြီဟု ဝန်ကြီးက ပြောကြားသည်။

မြန်မာနိုင်ငံရှိ အသေးစား၊ အလတ်စား လုပ်ငန်းများသည် နည်းပညာချို့တဲ့မှုကြောင့် ဈေး ကွက်ယှဉ်ပြိုင်မှုတွင် အားနည်း ချက်များစွာရှိသည့် အခြေအနေ ကို ဒီဇင်ဘာ ၁၀ ရက်က ပြုလုပ် သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ချုပ် (၂၆)ကြိမ်မြောက် အသင်း သားစုံညီအစည်းအဝေးတွင် ပြည် ထောင်စုဝန်ကြီးက ပြောကြား သည်။

‘‘ ကျွန်တော်တို့ ဝတ်နေကြ တဲ့ ပုဆိုးကိုတောင် ပြည်ပကနေ တင်သွင်းနေတယ်။ အဲဒီတော့ ကျွန်တော်တို့ ပုဆိုးရက်လုပ်တဲ့ ဝမ်းတွင်းလိုနေရာမျိုးတွေ၊ မိတ္ထီ လာလိုနေရာမျိုးတွေမှာ ကျွန်တော်တို့က စီးပွားရေးတွက်ခြေ ကိုက်အောင် ဆောင်ရွက်နိုင်တဲ့ နည်းပညာတွေ ချို့တဲ့နေတဲ့အခါကျတော့ ဒီဈေးကွက်ကိုယှဉ်ပြိုင် မှုက အားသာချက်၊ အားနည်း ချက်မှာ အားနည်းချက်က အလွန်များစွာရှိနေတယ်’’ဟု ဦးကျော် ဝင်းက ဆိုသည်။

ထို့အပြင် မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများ၏ ထုတ်ကုန် ပစ္စည်းများ ရောင်းချရန် ဈေးကွက်တစ်ခု ဖြစ်နေရခြင်းကို ပြောင်းလဲ ရန်လိုကြောင်း ပြောသည်။

‘‘ဒီနိုင်ငံမှာ ဘာတွေလိုနေ လဲဆိုတာကို အိမ်နီးချင်းနိုင်ငံတွေ က အမြဲစောင့်ကြည့်နေတယ်’’ဟု ဝန်ကြီးကပြောသည်။

ပြည်ပသွင်းကုန်များကို ပြည်တွင်း၌ အစားထိုးထုတ်လုပ်ရေး သည် ငွေကြေး၊ နည်းပညာအပြင် စီးပွားဖြစ် တွက်ခြေကိုက်လုပ်နိုင် ရန် အစိုးရ၏ ပံ့ပိုးကူညီမှုများစွာ လိုအပ်ကြောင်း စီးပွားရေးလုပ် ငန်းရှင်အချို့က ပြောသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

CarsDB Showroom Opening
Shwe Moe Kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service