လယ်ယာမြေလုပ်ကိုင် ခွင့်ပြုလက်မှတ်ပုံစံ(၇) အမည် ပြောင်းလဲခြင်းများနှင့်လယ်ယာ မြေ အခြားနည်းသုံးစွဲခွင့်လျှောက်ထားခြင်းများကို အခွန်ကောက် ခံသင့်ကြောင်း တံတားဦးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမင်း မင်းနီက တိုင်းလွှတ်တော်တွင် ဆွေးနွေးသည်။
လယ်ယာမြေလုပ်ကိုင်ခွင့်ပုံစံ (၇)အမည်ပြောင်းခြင်းနှင့် အခြား သုံးစွဲခွင့်လျှောက်ထားမှုများတွင် မှတ်ပုံတင်ကြေးမှလွဲ၍ အခြားအ ခွန်အခများ နိုင်ငံတော်အနေဖြင့် ရရှိမှုမရှိသောကြောင့် ဝယ်ယူခွန် (သို့မဟုတ်)အမြတ်ခွန်ကောက်ခံ ရန် တင်ပြခြင်းဖြစ်ကြောင်း ဦးမင်းမင်းနီက ဒီဇင်ဘာ ၆ ရက်က ကျင်းပသော မန္တလေးတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးသည်။
‘‘လယ်ယာမြေလုပ်ပိုင်ခွင့် ကို အမည်ပြောင်းလဲသူတွေက စိုက်ပျိုးလုပ်ကိုင်တဲ့သူမဟုတ်ဘဲ တခြားဒေသက ငွေကြေးချမ်းသာ သူများသာ အများအားဖြင့် ရှိကြ ပါတယ်။ အမှန်တကယ် စိုက်ပျိုး လုပ်ကိုင်သူတွေဆို အခွန်ကောက် ရန် မသင့်တော်သော်လည်း တခြားနည်း သုံးစွဲခွင့်တင်ပြီး ပြန် လည်ရောင်းချတာ၊ တခြားလုပ် ငန်းတစ်ခုခု ပြုလုပ်ရန် ရည်ရွယ် သော ပုဂ္ဂိုလ်များကို အခွန် ကောက်ခံသင့်ကြောင်းပါ။ တောင်သူအချင်းချင်း ဝယ်ရောင်းကနေ တစ်ရွာတည်းနေ (သို့မဟုတ်) အနီးနားကျေးရွာတောင်သူတွေဖြစ်သောကြောင့် အထူး ခွဲခြားရန် ခက်ခဲမည် မဟုတ်ပါဘူး’’ဟု ၎င်းက ပြောသည်။
တောင်သူမဟုတ်သူများက လယ်ယာမြေလုပ်ကိုင်ခွင့်ပြုပုံစံ (၇)ရှိပြီးဖြစ်သော မြေယာများကို တောင်သူများထံမှ ဝယ်ယူကာ အမည်ပြောင်းလဲခြင်းနှင့် အခြား နည်းအသုံးပြုခွင့်လျှောက်ထား ခြင်းများရှိနေပြီး အခွန်ကောက်ခံ ခြင်းမရှိသောကြောင့် နိုင်ငံတော် ၏ဘဏ္ဍာငွေများစွာဆုံးရှုံးမည် ဖြစ်ကြောင်း ဦးမင်းမင်းနီက ပြောသည်။ ထို့ပြင် လယ်ယာမြေများ အခြားနည်းအသုံးပြုခွင့် လျှောက်ထားရယူမှုများကြောင့် ဒေသ၏ စိုက်ပျိုးရေးလုပ်ငန်းကျဆင်းလာ ကြောင်း ၎င်းက ဆိုသည်။
လယ်ယာမြေလုပ်ကိုင်ခွင့်ပြု လက်မှတ်ပုံစံ(၇) အမည်ပြောင်း လဲခြင်းများနှင့် လယ်ယာမြေအ ခြားနည်းသုံးစွဲခွင့် လျှောက်ထား ခြင်းများကို ဝယ်ယူခွန် (သို့မ ဟုတ်) အမြတ်ခွန်ကောက်ခံရန် တိကျသည့် နည်းဥပဒေမရှိသေးကြောင်း၊ ၂၀၁၂ လယ်ယာမြေ ဥပဒေကို ပြင်ဆင်သည့်ဥပဒေမူ ကြမ်းကို ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပြဋ္ဌာန်းပြီးမှသာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး
ဒေါက်တာစိုးသန်းက လွှတ်တော်တွင် ပြန်လည်ဖြေကြားသည်။
Credit: 7Daydaily