မြန်မာကုမ္ပဏီများတွင် နိုင်ငံခြားသားလုပ်ငန်းရှင်များကို ၃၅ ရာခိုင်နှုန်းအထိ ရှယ်ယာပါ ၀င်ခွင့်ပြုခြင်းက နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုမြှင့်တင်ရေးနှင့် မတည် ရင်းနှီးငွေတိုးမြှင့်ရေး အထောက်အကူပြုကြောင်း စီးပွားရေးလုပ်ငန်းရှင်အချို့က ပြောသည်။
အသစ်ပြဋ္ဌာန်းသောကုမ္ပဏီ ဥပဒေနှင့်ဆက်စပ်၍ မြန်မာ ကုမ္ပဏီများတွင် နိုင်ငံခြားသား များ၏ ရှယ်ယာပါဝင်မှုအချိုးကို အများဆုံး ၃၅ ရာခိုင်နှုန်းအထိ ခွင့်ပြုရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောသည်။
‘‘ကုမ္ပဏီဥပဒေ အသစ်က အတော်ကောင်းပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဆွဲဆောင် ဖို့အတွက်ရည်ရွယ်ပြီးပြဋ္ဌာန်း ထားတာကို တွေ့ရတယ်’’ ဟု စီး ပွားရေးပညာရှင်ဦးဇော်ဖေ၀င်းက ပြောသည်။
မြန်မာနိုင်ငံသားပိုင်ကုမ္ပဏီ များတွင် ယခင်ကနိုင်ငံခြားသား ရှယ်ယာကို ၁ ရာခိုင်နှုန်းသာခွင့်ပြု ခဲ့ရာမှ ၃၅ ရာခိုင်နှုန်းအထိ တိုး မြှင့်ပေးခြင်းသည် နိုင်ငံခြားမှရင်း နှီးမတည်ငွေများစွာ ၀င်ရောက် လာနိုင်သည့် အခွင့်အရေးဖြစ် ကြောင်း မြန်မာနိုင်ငံကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များ အသင်းချုပ်ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောသည်။
‘‘နိုင်ငံခြားသားတွေရဲ့ ယုံ ကြည်မှုလည်းတက်လာမယ်။ သူ တို့က ဒါကိုစောင့်နေတာ’’ ဟု ကုမ္ပဏီဥပဒေအသစ်ပြဋ္ဌာန်းခြင်း နှင့် ရင်းနှီးမြှုပ်နှံမှုတွင် နိုင်ငံခြား သားပါဝင်မှုရှယ်ယာအချိုး တိုးမြှင့်ပေးမည့်အစီအစဉ်နှင့် ပတ်သက်၍ ဒေါက်တာမောင်မောင်လေးက ၎င်း၏အမြင်ကို ပြောသည်။
ထို့အပြင် ဒီချုပ်အစိုးရ၏ စီးပွားရေးကဏ္ဍနှင့်ပတ်သက်သော မူဝါဒတစ်ခုက နိုင်ငံသားစီးပွား ရေး၊ နိုင်ငံခြားသားစီးပွားရေးလုပ်ငန်းများဟု ခွဲခြားခြင်းမရှိဘဲ တန်း တူအခွင့်အရေးပေးမည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကျော်ဝင်း က ပြောကြားထားသည်။
မြန်မာကုမ္ပဏီများတွင် နိုင် ငံခြားသားလုပ်ငန်းရှင်များ ရှယ် ယာပါဝင်မှုတိုးမြှင့်ပေးခြင်းသည် စီးပွားရေး လုပ်ငန်းရှင်များကို ပြည်တွင်း၊ပြည်ပမခွဲခြားဘဲ တန်း တူအခွင့်အရေး ပေးလိုခြင်းဖြစ် ကြောင်း စီးပွားရေးလုပ်ငန်းရှင်အ ချို့က ပြောသည်။
နိုင်ငံခြားသားများ၏ ရှယ်ယာပါဝင်ခွင့် တိုးမြှင့်ပေးရာတွင် အကျိုးအမြတ်ခွဲဝေမှုအပိုင်းနှင့် ပတ်သက်၍ မျှမျှတတရှိရန်အစိုးရ က စနစ်တကျထိန်းကျောင်းခြင်း၊ သက်ဆိုင်ရာစီးပွားရေးလုပ်ငန်း များ စစ်ဆေးခြင်းတို့ ပြုလုပ် သင့်ကြောင်း
စီးပွားရေးနှင့်ဥပဒေ ဆိုင်ရာအကြံပေးဦးတင်သန်းဦး က ပြောသည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်ရာတွင် ဥပဒေအ ပိုင်းအပြင် တရားဥပဒေစိုးမိုးရေး၊ အဂတိလိုက်စားမှု လျှော့ချရေး၊ အခြေခံအဆောက်အအုံပိုင်းဖြစ် သော လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးစသည်တို့ အဆင်ပြေရေးဆောင်ရွက်ရန် လိုအပ်ကြောင်း ဦးဇော်ဖေ၀င်းက အကြုံပြုသည်။
Credit: 7Daydaily