ရီးယဲမက်ဒရစ် တိုက်စစ်မှူး စီရော်နယ်ဒို၏ နေအိမ် (ကမ္ဘာကျော်ပုဂ္ဂိုလ်တို့၏ နေအိမ်များ)

ရီးယဲမက်ဒရစ် တိုက်စစ်မှူး စီရော်နယ်ဒို၏ နေအိမ် (ကမ္ဘာကျော်ပုဂ္ဂိုလ်တို့၏ နေအိမ်များ) - Property News in Myanmar from iMyanmarHouse.com
8 Dec 2017 11:57 am တွင် တင်ခဲ့သည်
3162 ကြိမ် ကြည့်ရှု့ပြီး
ရီးယဲမက်ဒရစ် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုသည် ဘောလုံးအားကစားတွင်သာမက အိမ်ခြံမြေကဏ္ဍ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရာတွင်လည်း နာမည်ကျော်သူတစ်ဦးဖြစ်သည်။

၂၀၀၉ ခုနှစ်အတွင်း ပေါ်တူဂီတွင် ဟိုတယ်တစ်လုံး ဝယ်ယူခဲ့၏။ ယင်းနောက် လအနည်းငယ်အကြာတွင် စပိန်နိုင်ငံ၊ မက်ဒရစ်မြို့တွင် နေအိမ်တစ်လုံး ထပ်မံဝယ်ယူခဲ့ပြန်သည်။

ယင်းနောက် ၂၀၁၅ ခုနှစ်အတွင်း လစ်စဘွန်းမြို့လယ်ရှိ တိုက်ခန်းတစ်ခန်းကို ယူရို ၂ သန်းဖြင့် ထပ်မံဝယ်ယူလိုက်ပြန်သည်။

ထိုနောက်ပိုင်း တစ်ကမ္ဘာလုံးကို ရင်သပ်ရှုမောဖြစ်သွားစေသည့်ဖြစ်ရပ်မှာ စီရော်နယ်ဒိုက သူ၏အိမ်ခြံမြေအကျိုးဆောင် ဂျော့ခ်ျ မန်ဒက်စ်ကို ဂရိနိုင်ငံရှိ ကျွန်းတစ်ကျွန်းဝယ်ယူကာ မင်္ဂလာလက်ဖွဲ့အဖြစ် လက်ဆောင်ပေးလိုက်ခြင်း ဖြစ်သည်။

မက်ဒရစ်မြို့ရှိ နေအိမ်ကို စီရော်နယ်ဒိုက ဘီဘီစီသတင်းအဖွဲ့ကို ဖိတ်ခေါ်ကာ အသေးစိတ်လိုက်လံပြသခဲ့ဖူးသည်။မက်ဒရစ်နေအိမ်အတွင်းပိုင်းအပြင်အဆင်များမှာ ကမ္ဘာ့ဘောလုံးပရိသတ်အများစုအတွက် အိပ်မက်အတွင်းတွင်သာ အိပ်မက်ဖူးမည့် မြင်ကွင်းမျိုးဖြစ်လေသည်။

နေအိမ်တည်နေရာမှာ မက်ဒရစ်မြို့စွန်၊ လာဖင်ကာအမည်ရှိ မြို့ငယ်ကလေးတွင် ဖြစ်သည်။အဆိုပါဒေသတွင် နာမည်ကျော် ဘောလုံးကြယ်ပွင့်များဖြစ်သော ဂါရတ်ဘေးနှင့် ဇီဒန်းတို့လည်း နေထိုင်ကြသည်ဟု ဆိုသည်။

နာမည်အပြည့်အစုံမှာ ခရစ္စတီယာနို ရော်နယ်ဒို ဒေါ့ဆန်းတို့စ် အဗီရိုဖြစ်ပြီး ၁၉၈၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်တွင် မွေးဖွားသည်။

ပေါ်တူဂီဘောလုံးကြယ်ပွင့်ဖြစ်ပြီး စပိန်ကလပ် ရီးယဲမက်ဒရစ်နှင့် ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် တိုက်စစ်မှူးနေရာမှ ပါဝင်ကစားသူဖြစ်သည်။
ကမ္ဘာ့သမိုင်းတစ်လျှောက် အကောင်းဆုံးဘောလုံးသမားများတွင် တစ်ဦး အပါအဝင်ဖြစ်သည်ဟု သတ်မှတ်ခြင်းခံရပြီး လက်ရှိအားဖြင့် ကမ္ဘာပေါ်တွင် အကောင်းဆုံးကစားသမားဖြစ်သည်ဟုလည်း အများစုက သတ်မှတ်ကြသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ရီးယဲမက်ဒရစ် တိုက်စစ်မှူး စီရော်နယ်ဒို၏ နေအိမ် (ကမ္ဘာကျော်ပုဂ္ဂိုလ်တို့၏ နေအိမ်များ) - Property News in Myanmar from iMyanmarHouse.com
ရီးယဲမက်ဒရစ် တိုက်စစ်မှူး စီရော်နယ်ဒို၏ နေအိမ် (ကမ္ဘာကျော်ပုဂ္ဂိုလ်တို့၏ နေအိမ်များ) - Property News in Myanmar from iMyanmarHouse.com
ရီးယဲမက်ဒရစ် တိုက်စစ်မှူး စီရော်နယ်ဒို၏ နေအိမ် (ကမ္ဘာကျော်ပုဂ္ဂိုလ်တို့၏ နေအိမ်များ) - Property News in Myanmar from iMyanmarHouse.com
ရီးယဲမက်ဒရစ် တိုက်စစ်မှူး စီရော်နယ်ဒို၏ နေအိမ် (ကမ္ဘာကျော်ပုဂ္ဂိုလ်တို့၏ နေအိမ်များ) - Property News in Myanmar from iMyanmarHouse.com
ရီးယဲမက်ဒရစ် တိုက်စစ်မှူး စီရော်နယ်ဒို၏ နေအိမ် (ကမ္ဘာကျော်ပုဂ္ဂိုလ်တို့၏ နေအိမ်များ) - Property News in Myanmar from iMyanmarHouse.com
ရီးယဲမက်ဒရစ် တိုက်စစ်မှူး စီရော်နယ်ဒို၏ နေအိမ် (ကမ္ဘာကျော်ပုဂ္ဂိုလ်တို့၏ နေအိမ်များ) - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

Royal Theikdi Condo
Shwe Moe Kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service