ကမ္ဘာကျော် အင်္ဂလန်အဆိုတော် ဒေးဗစ်ဘိုဝီ၏ မန္တလေးအမည်ရှိ နေအိမ်ကြီးမှာ တောင်အမေရိကတိုက် ၊ ဗင်နီဇွဲလားနိုင်ငံ၏ အရှေ့မြောက်ဘက် ကမ်းလွန်ပင်လယ်ပြင်အတွင်းရှိ ကိုယ်ပိုင်ကျွန်းငယ်တစ်ကျွန်းပေါ်တွင် တည်ရှိသည်။
မတ်စ်တစ်အမည်ရှိ ကိုယ်ပိုင်ကျွန်းငယ်တစ်ခုပေါ်တွင် တည်ရှိခြင်းဖြစ်ပြီး အနောက်အင်ဒီးစ်ကျွန်းစုများတွင် ပါဝင်ကာ ရှေးယခင်က တံငါများနှင့် ဆိတ်များသာ ရှိခဲ့သည်။
နောက်ပိုင်းတွင်မူ နာမည်ကျော် အပန်းဖြေနေရာတစ်ခု ဖြစ်လာခဲ့သည်။
ကျွန်းအကျယ်အဝန်းမှာ ဧက ၁၄၀၀ ( ၂ ဒသမ ၂ စတုရန်းမိုင်) သာရှိသည်။
တစ်နှစ်ပတ်လုံး အခြေချနေထိုင်သူဦးရေမှာ ၅၀၀ ခန့်သာ ရှိ၏။
ကျွန်းပေါ်တွင် လုံးချင်းအိမ် ၁၀၀ နီးပါးခန့်ရှိပြီး အများစုမှာ Mustique Company မှတစ်ဆင့် အငှားချထားလေ့ရှိသည်။
အဆိုပါ နေအိမ်များအနက် ကမ္ဘာကျော်ပုဂ္ဂိုလ်များ၏ နေအိမ်များလည်း ပါဝင်ရာ မာဂရက်မင်းသမီး၊ တော်မီ ဟီးလ်ဖစ်ဂါ၊ ရှာနီယာတွိန်းနှင့် Rolling Stones အဖွဲ့ကြီး၏ ရှေ့ထွက်အဆိုတော် မစ်ဂျက်ဂါနှင့် Bryan Adams တို့၏ နေအိမ်များလည်း အပါအဝင်ဖြစ်သည်။
ဗြိတိန်ဘုရင်မကြီး အဲလစ်ဇဘက် II နှင့် ကိန်းဘရစ်မြို့စား ဝီလျံမင်းသားတို့သည်လည်း မစ်စ်တစ်ကျွန်းသို့ ၁၉၆၆၊ ၁၉၇၇ နှင့် ၁၉၈၅ တို့တွင် သီးသန့်သွားရောက်လည်ပတ်ခဲ့ဖူးသည်။
ယင်းကျွန်းပေါ်တွင် ဒေးဗစ်ဘိုဝီက မန္တလေးအမည်ရှိ နေအိမ်ကြီးတစ်လုံး ပိုင်ဆိုင်ခဲ့ဖူးပြီး ၁၉၉၄ ခုနှစ်တွင် စီးပွားရေးလုပ်ငန်းရှင်၊ ကဗျာဆရာ ဖီလစ်ဇ် ဒန်းနစ်စ်ထံ ကန်ဒေါ်လာ ၅ သန်းဖြင့် ရောင်းချခဲ့သည်။
၂၀၁၄ ခုနှစ် ၊ ဇွန်လတွင် ဖီလစ်ဇ် ဒန်းနစ်စ် ကွယ်လွန်သွားပြီးနောက် မန္တလေးနေအိမ်ကြီးကို ပေါင် ၁၄ သန်းဖြင့် စွန့်ဦးလုပ်ငန်းရှင် ဆိုင်မွန် ဒိုလန်ထံပြန်လည်ရောင်းချခဲ့ကြောင်း အိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြသည်။
ဗိသုကာပညာရှင် အာနီ ဟာဆဲ့လ်ဗစ်စ်က ဒီဇိုင်းရေးဆွဲပေးခဲ့ပြီး ဘာလီအခြေစိုက်ဒီဇိုင်နာ လင်ဒါဂါလန်ကလည်း အင်ဒိုနီးရှားထွက် အသုံးအဆောင်ပစ္စည်းများဖြင့် ထုံမွှမ်းပေးခဲ့ရာ မန္တလေးစံအိမ်ကြီးမှာ အင်ဒိုဟန်များ လွှမ်းနေခဲ့သည်။
နေအိမ်အပြင်ဘက်တွင် ညစာစား မဏ္ဍပ်၊ ဧည့်သည်များ ယာယီအပန်းဖြေနိုင်မည့် တဲတစ်လုံးပါဝင်ပြီး မျက်နှာကြက်ကို ဝါးဖြင့် ပြုလုပ်ထားသည်။
ခြံအကျယ်အဝန်းမှာ ၆ ဒသမ ၂ ဧကရှိပြီး ပန်းဥယျာဉ်များနှင့် ရေကန်တို့လည်း ပါဝင်သည်။နေအိမ်မှာ တောင်ကုန်းတစ်ခုထိပ်တွင် တည်ရှိပြီး နေအိမ်ဝန်းကျင်တွင် ရေတံခွန်များ တွေ့ရသည်။
နေအိမ်အတွင်း အိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း ၅ ခန်းပါဝင်ပြီး ငှားရမ်းနေထိုင်လိုသူများအနေဖြင့် ရက်သတ္တပတ်လျှင် ကန်ဒေါ်လာ ၄၀၀၀၀ ပေးရမည် ဖြစ်သည်။ သို့ရာတွင် ဈေးနှုန်းမှာ အမြဲတသမတ်တည်းမဟုတ်ဘဲ အချို့ကာလများတွင် ကန်ဒေါ်လာ ၃၀၀၀၀ ဖြင့် ငှားရမ်းသည်များလည်းရှိသည်။
ဒေးဗစ်ဘိုဝီ၏ မန္တလေးစံအိမ်ကြီးကို သီးသန့်ဝက်ဘ်ဆိုက်တစ်ခုလွှင့်တင်ထားရာ ငှားရမ်းနေထိုင်လိုသူများအနေဖြင့် mandalayestate.com တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။
ဖီလစ်ဇ် ဒန်းနစ်စ်က မန္တလေးစံအိမ်ကြီးတွင် နေထိုင်ရင်း ကဗျာတစ်ပုဒ်ရေးသားခဲ့ဖူးရာ အောက်ပါအတိုင်း ဖြစ်လေသည်။
(My Garden By The Sea)
Oh, would you like to come with me,
Down to my garden by the sea,
Far, far away in Caribee?
Where the sun beats down from a lazy sky
And hammerhead clouds go sailing by;
Where the tor…tois…es…plod…oh…so…slow,
And the humming birds flash to and fro
By the lily ponds and the waterfalls,
Where geckos bask on sun-baked walls
Under the giant shak-shak tree –
Here in my garden, by the sea
Where the fireflies wink like fairy lights
Beneath tall palms on velvet nights,
And the scent of the frangipani flowers
As tree-frogs whistle in the wee-wee hours,
And the hiss of the surf in a starlit glow
While sail boats rock in the bay below,
Rocking, rocking, silently –
Beneath my garden, by the sea.
Let’s run away, just you and me,
Down to my garden by the sea,
Far, far away in Caribbee!
(Written by Felix Dennis, previous owner of Mandalay)
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)