ပြည်လမ်းမကြီးနှင့် ဦးဝိစာရလမ်းတို့တွင် လမ်းဖြတ်ကူး ရန် မြေအောက်လူကူးလမ်းများ တည်ဆောက်ရန် ရန်ကုန်တိုင်းအစိုးရက စီစဉ်နေသည်။
ဗဟန်းမြို့နယ် ရွှေတိဂုံဘု ရား အနောက်ဘက်မုခ်အနီး၊ ပြည် လမ်း ကမာရွတ်မြို့နယ် ပညာရေးတက္ကသိုလ်အရှေ့နှင့် ပြည်လမ်း မရမ်းကုန်းမြို့နယ် ရှစ်မိုင်ခုံး တံတား အဆင်းနေရာတို့တွင် မြေအောက်လူကူးလမ်းများ တည်ဆောက်ရန် တင်ဒါတင်သွင်းနိုင် ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ဒီဇင်ဘာ ၇ ရက်တွင် ကြေညာချက် ထုတ်ပြန်သည်။
‘‘ရန်ကုန်မှာ တစ်ခါမှမ ဆောက်ရသေးဘူး။ အခုလိုမြေ အောက်လမ်းတွေ ပြီးရင် နိုင်ငံခြားမှာလို မြေအောက်ဈေးတွေလည်း ဆက်ပြီး လုပ်နိုင်အောင်ဖို့ပါ ’’ ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ လမ်းတံတားဌာန လက်ထောက်ဌာနမှူး ဦးကျင် အုန်းက ပြောသည်။
ယာဉ်တိုက်မှုများ လျော့ကျ စေရေး၊ လူအများလမ်းဖြတ်ကူး ရာတွင် ဘေးအန္တရာယ်ကင်းရှင်း စေရေး မြေအောက်လူကူးလမ်း များ တည်ဆောက်ခြင်းဖြစ်
ကြောင်း ၎င်းကပြောသည်။
ရန်ကုန်တိုင်း စည်ပင်သာ ယာရေးကော်မတီက ရန်ကုန်မြို့ရှိ ပြည်လမ်းအပါအဝင် အဓိကလမ်းမကြီးများတွင်လူကူးခုံးကျော်တံတား ၁၀ခု တည်ဆောက်ခဲ့ကြောင်း ဦးကျင်အုန်းက ပြော သည်။
ဦးသိန်းစိန်အစိုးရ သက်တမ်း ကုန်ဆုံးခါနီးတွင် ကမာရွတ်မြို့နယ် ပညာရေးတက္ကသိုလ်အနီး ၌ မြေအောက်လူကူးလမ်း စီမံကိန်းတစ်ခု အကောင်အထည် ဖော်ရန် စီစဉ်ခဲ့သည်။
အစိုးရ အပြောင်းအလဲ နောက်ပိုင်းတွင် ယင်းစီမံကိန်းကို အကောင်အထည်ဖော်နိုင်ခြင်း မရှိခဲ့ပေ။
Credit: 7Daydaily