ရန်ကုန်တိုင်း၌ ရင်းနှီးမြှုပ်နှံမည့်သူများ မြေယာဈေးနှုန်းသက်သာစွာဖြင့် လုပ်ကိုင်နိုင်ရန်တိုင်းအစိုးရ စီစဉ်ပေးမည်

ရန်ကုန်တိုင်း၌ ရင်းနှီးမြှုပ်နှံမည့်သူများ မြေယာဈေးနှုန်းသက်သာစွာဖြင့် လုပ်ကိုင်နိုင်ရန်တိုင်းအစိုးရ စီစဉ်ပေးမည် - Property News in Myanmar from iMyanmarHouse.com
8 Dec 2017 10:50 am တွင် တင်ခဲ့သည်
4371 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်တိုင်းအတွင်း ရင်းနှီးမြှုပ်နှံမည့် သူများ မြေယာဈေးနှုန်းသက်သာစွာဖြင့် ဆောင်ရွက်နိုင်ရန်နှင့် စက်မှုဇုန်များအတွင်း သုံးစွဲနေသည့် မြေအောက်ရေ၊ ရေဆိုးစနစ်များ စနစ်တကျဆောင်ရွက်နိုင်ရန် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က စီစဉ်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ International Business Center (IBC)၌ ဒီဇင်ဘာ ၆ ရက်က ကျင်းပသည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုး တိုးတက်ရေးဆွေးနွေးပွဲတွင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့လျှပ်စစ်၊ စက်မှုလက်မှု နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာ ကျော်က ပြောဆိုခဲ့ခြင်းဖြစ်သည်။

'' ကျွန်မတို့ဆီကိုလာပြီးဆွေးနွေးတဲ့ ရင်းနှီး မြှုပ်နှံသူတွေရဲ့ အဓိကပြောကြားတဲ့ကိစ္စကတော့ မြေဖြစ်ပါတယ်။ အိုဆာကာက SME အဖွဲ့တွေ လာရောက်ဆွေးနွေးခဲ့ပါတယ်။ သူတို့အနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ဖို့ မြေဈေး နှုန်းစုံစမ်းတဲ့အခါမှာ မြေဈေးက အင်မတန်ကြီး နေတာကြောင့် ရင်းနှီးမြှုပ်နှံဖို့ ခက်ခဲတဲ့အတွက် ကျွန်မတို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေနဲ့ တကယ့်ရင်းနှီးမြှုပ်နှံသူတွေ၊ တကယ် အလုပ်လုပ်မယ့်သူတွေကို အလွန်သက်သာတဲ့ ဈေးနှုန်းတွေနဲ့ လုပ်ကိုင်ခွင့်ရရှိအောင်ဘက် ပေါင်းစုံက စီစဉ်ဆောင်ရွက်နေပါတယ် '' ဟု ၎င်းက ပြောဆိုသည်။

မြန်မာနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် အတွက် ရင်းနှီးမြှုပ်နှံမှုဖွံ့ဖြိုးတိုးတက်ရန် အရေးကြီးသည့်အနေဖြင့်ပါဝင်ကာ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ရေ၊ မြေ၊ လျှပ်စစ်အစရှိသည်တို့ကို သုံးစွဲရခြင်းမရှိသော မည်သည့်လုပ်ငန်းမဆို လိုအပ်သည်များကို ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် စက်မှုဇုန်ပေါင်း ၂၉ ဇုန်ရှိကာ ယင်းစက်မှုဇုန်များ၏ မြေအောက် ရေထုတ်ယူသုံးစွဲမှုနှင့် ရေဆိုးစွန့်ပစ်မှုတို့ကို စနစ်တကျဖြစ်စေရန် ကြီးကြပ်ဆောင်ရွက်သွား မည်ဖြစ်ပြီး လှိုင်သာယာစက်မှုဇုန်အတွင်း လျှပ်စစ်မီးလုံလောက်စွာမရှိသော စက်ရုံအချို့ လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းရခြင်းကြောင့် လျှပ်စစ်မီးလုံလောက်စွာ ဖြန့်ဖြူးပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

''စက်မှုဇုန် ၂၉ ဇုန်မှာ ရေနဲ့ပတ်သက်ပြီး သုံးရေရယ်၊ ရေဆိုးစွန့်ပစ်မှုရယ် ဒါတွေအားလုံး ကစနစ်တကျမရှိဘူး။ စနစ်တကျမရှိဘူးဆိုတာ ရေကိုလည်း လိုအပ်ရင် အဝီစိတွင်းတူးလိုက်မှာ ပေါ့။ မြေအောက်ရေကို စည်းကမ်းမရှိသုံးနေကြ တာတွေ၊ နောက်တစ်ခုက အဲဒီလိုရေဆိုးစွန့်ပစ်မှု စနစ်မရှိတာတွေ ရေဆိုးသန့်စင်စက်ရုံမရှိဘူး။ စနစ်တွေအားလုံးကို ပြုပြင်ပြောင်းလဲပြီးတော့ ကျွန်မတို့အနေနဲ့ရေနဲ့ပတ်သက်တဲ့ ကိစ္စအဝဝကို ဝိုင်းပြီး ကြီးကြပ်ဖို့ စီစဉ်ဆောင်ရွက်လျက်ရှိပါ တယ် ''ဟု ဒေါ်နီလာကျော်က ပြောဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် လယ်ယာမြေများကို ဥပဒေပါပြာန်းချက်အတိုင်း အခြားနည်းလမ်းသုံးစွဲခွင့် ဆောင်ရွက်နိုင်ရန် အစီအစဉ်ရှိကာ လူပုဂ္ဂိုလ်တစ်ဦးချင်းစီအား အခြားနည်းလုပ်ကိုင်ခွင့်ပေးမည်ဆိုပါက လယ် သမားများ အကျိုးခံစားခွင့်ရှိမည်မဟုတ်ဘဲ ငွေကြေးချမ်းသာသူများကသာ အဆိုပါအခြား နည်းဖြင့် သုံးစွဲခွင့်ရရှိသွားနိုင်ကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာ နယ်နိမိတ်ပြင်ပရှိ မြို့နယ်များ၌ စက်မှုလက်မှု လုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများဆောင်ရွက် မည်ဆိုပါက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် လုပ်ကွက်များဖန်တီးပေးသွားမည် ဖြစ်ကြောင်း သိရသည်။

လယ်မြေဝယ်ယူ၍ အခြားနည်းလမ်းကျင့် သုံးကာ အကျိုးအမြတ်ရရန် မြေကစားမှုပြုလုပ် ခြင်းကိုခွင့်ပြုရန် အစီအစဉ်မရှိကြောင်း ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ်က သြဂုတ် ၂၈ရက် တွင်ကျင်းပသည့် နိုင်ငံတော်ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များပုံမှန် တွေ့ဆုံပွဲ၌ ပြောဆိုထားသည်။

Credit: The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...
တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း
TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း
တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ
တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။
လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
imyanmarmarket
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service