မြေတန်ဖိုးသတ်မှတ်ချက် မြင့်မားမှုကြောင့် အစိုးရအနေနှင့် အခွန်ငွေနစ်နာ

မြေတန်ဖိုးသတ်မှတ်ချက် မြင့်မားမှုကြောင့် အစိုးရအနေနှင့် အခွန်ငွေနစ်နာ - Property News in Myanmar from iMyanmarHouse.com
7 Dec 2017 11:19 am တွင် တင်ခဲ့သည်
4293 ကြိမ် ကြည့်ရှု့ပြီး
မန္တလေးမြို့တော်အတွင်းရှိ မြေကွက်များအပါအဝင် အိမ်အရောင်းအဝယ် ပြုလုပ်ရာတွင် သတ်မှတ်ထားသော နှုန်းထားများ မြင့်မားနေ၍ အရောင်းဝယ် ပြုလုပ်နေသူများအနေနှင့် အခွန်ပေးဆောင်ခြင်းမပြုရသော နည်းလမ်းကို အသုံးပြုနေခြင်းကြောင့် နိုင်ငံတော်အစိုးရအနေနှင့် နစ်နာရကြောင်း ချမ်းမြသာစည်မြို့နယ် မဲဆန္ဒနယ်မြေအမှတ် (၁) မှ မန္တလေးတိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်က ပြောကြားသည်။

“၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ မြေဈေးနှုန်းထား သတ်မှတ်ချက်က လျော့သွားပါတယ်။ လျော့သွားတယ်ဆိုပေမယ့်လည်း အမှန်တကယ် ပေါက်ဈေးထက် များနေတဲ့အပြင် ပြည်ထောင်စုအစိုးရက သတ်မှတ်တဲ့ အခွန်ကောက်ခံမှုနှုန်းကလည်း မြင့်မားနေတဲ့အတွက် မြေအရောင်းအဝယ် လုပ်ကြတဲ့နေရာမှာ တရားဝင်စာချုပ်စာတမ်းနဲ့ မှတ်ပုံမတင်ကြတော့ဘူး။ အရပ်ကတိစာချုပ်နဲ့ပဲ အရောင်းအဝယ် လုပ်နေကြပါတယ်။ အဲ့ဒီမှာ မြေအရောင်းအဝယ်က ရတဲ့အခွန်နဲ့ စာချုပ်ရောင်းချရမှုက ရတဲ့အခွန်ငွေ နည်းသွားပါတယ်” ဟု ၎င်းကပြောဆိုသည်။

ဒုတိယအကြိမ်မြောက် မန္တလေးတိုင်းလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေးကို ဒီဇင်ဘာလ ၅ ရက်နေ့က စတင်ကျင်းပခဲ့ရာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် မြေအရောင်းအဝယ်အတွက် တန်ဖိုးနှုန်းထား သတ်မှတ်ချက်များကို ယခုထက်ပိုမို လျှော့ချပြင်ဆင်ပေးရန် အစီအစဉ်ရှိမရှိဟူသော မေးခွန်းရှင် ဦးတင်အောင်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ ခြင်းဖြစ်သည်။

ယခင်နှစ်များက ကျပ်သိန်းတစ်ထောင်တန်ဖိုးရှိ မြေကွက်အတွက် အခွန်ငွေသုံးရာခိုင်နှုန်းသာရှိခဲ့ပြီး ကျပ်သိန်း ၃၀ ခန့်သာ ပေးဆောင်ခဲ့ရသော်လည်း ယခုလက်ရှိတွင် မြေကွက်တန်ဖိုးကို၂၅ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိလျှော့ချခဲ့၍အခွန်ငွေ တိုးကောက်မှုကြောင့် ကျပ်သိန်း ၁၅၀ ခန့်အထိ ပေးဆောင်နေရကြောင်း၊ ယင်းသို့ အခွန်နှုန်းထား တိုးမြှင့်လိုက်ခြင်းကြောင့် မြေအရောင်းအဝယ် ပြုလုပ်သူများက အရောင်းအဝယ်စာချုပ်များကို တရားဝင်မှတ်ပုံတင်ခြင်း မပြုတော့ကြောင်း ၎င်းက လွှတ်တော်သို့ တင်ပြခဲ့သည်။

မန္တလေးမြို့တော်၌ ၂၀၁၅- ၂၀၁၆ ဘဏ္ဍာနှစ်တွင် အိမ်၊ ခြံ၊ မြေအရောင်းအဝယ်စာချုပ် ၁၆၀၃ ခု၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် စာချုပ် ၂၈၁၀ စောင်အထိ တရားဝင်စာချုပ်များဖြင့် မြေဝယ်သူများက မှတ်ပုံတင်ခဲ့ကြသော်လည်း ၂၀၁၇ ခုနှစ် နှစ်စမှ ယခုလအထိ တရားဝင် စာချုပ်ချုပ်ဆိုမှု ၆၂၁ ခုသာရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်က ထောက်ပြသည်။

လွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်၏ မေးမြန်းချက်များနှင့် ပတ်သက်၍ မန္တလေးတိုင်း အစိုးရအဖွဲ့စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူ က “ယခုနှစ်ရဲ့ အိမ်၊ ခြံ၊ မြေ စံနှုန်းသတ် မှတ်ချက်များ တိုးမြှင့်ထားခြင်းမရှိပါဘူး။ လျော့နည်းမှုသာရှိနေပါတယ်။ အိမ် ၊ ခြံ၊ မြေ ကာလတန်ဖိုး သတ်မှတ်ခြင်းဆိုတဲ့ နေရာမှာ တန်ဖိုးသတ်မှတ်ရတဲ့ကာလရဲ့ စံနှုန်းသတ်မှတ်ချက်အတိုင်း တန်ဖိုးသတ်မှတ်ရတာဖြစ်တဲ့အတွက် အခုလိုကွာဟ နေတယ်ဆိုတာ လွန်ခဲ့တဲ့ လေးငါးနှစ်က ဝယ်ယူခဲ့တဲ့ဈေးနှုန်းတွေနဲ့ ကွာဟနေတာ ဖြစ်ပါတယ်” ဟု ဖြေကြားခဲ့သည်။

မြေဝယ်သူများအနေနှင့် မြေပြင်တွင် လက်တွေ့ရောင်းချနေသည့် ပေါက်ဈေးထက် စာချုပ်ထဲတွင် ပိုမိုထည့်သွင်း ချုပ်ဆိုကြသည့်အတွက် အခွန်နှုန်းထား များပြားသွားခြင်းဖြစ်ကြောင်း၊ မြေပြင်တွင် ကျပ်သိန်း ၃၈၁၀ ဖြင့် အရောင်းအဝယ်ပြုလုပ်ခဲ့သော်လည်း စာချုပ်တွင် ကျပ်သိန်း ၄၅၀ဝ ဟု ချုပ်ဆိုထားသည့် အတွက် စာချုပ်ပါအတိုင်း အခွန်ကောက်ယူရခြင်းဖြစ်၍ မြေပြင်ပေါက်ဈေးထက် အခွန်ငွေများပြားသွားခြင်းဖြစ်ကြောင်း ဝန်ကြီးက ထပ်လောင်းပြောကြားသည်။

“ခုလက်ရှိ ဘတ်ဂျက်လမတိုင်ခင် လုပ်ထားတဲ့နှုန်းက သုံးဆယ်ရာခိုင်နှုန်းလောက်အထိ ဈေးကျသွားတယ်။ အပြင်မှာ သိန်းတစ်ရာလောက် ပေါက်တယ်ဆိုရင် အရောင်းအဝယ်က ၇၀ လောက်နဲ့ ပဲဖြစ်တော့တယ်။ ဈေးကွက်ကလည်း အရမ်းကိုအေးနေပါတယ်။

မဖြစ်မနေဝယ်ရမယ့်သူကပဲ မြေ ဝယ်တော့တယ်။ မြေဈေးက အရမ်းကိုကျသွားတယ်။ အစိုးရအပြောင်းအလဲမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်လာမယ်လို့ မျှော်မှန်းထားပေမယ့် ဝင်မလာတော့ တော်တော်ခက်သွားတယ်” ဟု ရွှေမန္တလေး အိမ်၊ ခြ၊ံမြေ အကျိုးတော်ဆောင်လုပ်ငန်းမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးနေလင်းအောင် က ပြောဆိုသည်။

လက်ရှိတွင် မြေဝယ်သူများအနေနှင့် အခွန်ဆောင်ခြင်းမရှိတော့ဘဲ ကိုယ်စားလှယ်လွှဲစာများဖြင့်သာ အရောင်းအဝယ် လုပ်နေကြပြီး အမည်ပေါက် လျှောက်ထားခြင်းမပြုတော့ကြောင်း၊ ကာလပေါက်ဈေးနှင့် အရောင်းအဝယ်ဖြစ်သည့်ဈေး ကွာခြားနေသော်လည်း အခွန်ဆောင်ရာတွင် ပေါက်ဈေးအတိုင်း ပေးဆောင်ရမည်ဖြစ်၍ ဝယ်သူများက အခွန်မဆောင်ကြခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

“မဖြစ်အနေ အမည်ပေါက် လုပ်ချင်တဲ့သူကတော့ အခွန်ဆောင်တယ်။ ရှောင်တဲ့လူက ပါဝါလွှဲတယ်။ အရပ်ကတိ တွေချုပ်တယ်။ လက်ရောက်ယူတယ်။ ဒီလိုနည်းတွေနဲ့ ရှောင်ကြတယ်။ အဲဒီလို ရှောင်တဲ့သူ ဘယ်လောက်ရှိလဲဆိုရင် လူတစ်ရာမှာ ၇၀ လောက်အထိ ရှိနေတယ်။ ကျွန်တော်တို့ အကျိုးဆောင်အဖွဲ့တွေအနေနဲ့ ဝယ်တဲ့သူတွေကို အခွန်ဆောင်ဖို့ တိုက်တွန်းချင်ပါတယ်။ အမည်ပေါက်မပြောင်းဘဲ ကိုယ်စားလှယ်လွှဲစာနဲ့ဆိုရင် အခွန်ရှောင်တာထက်ဆိုးတဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်” ဟု ဦးနေလင်းအောင်က ထပ်လောင်းပြောကြားသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...
တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ
ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ
လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။
လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း
TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
CarsDB Showroom Opening
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service