ကျိုက်ထိုဟိုတယ် အခန်းသစ်များ MIC ခွင့်ပြုချက်ဖြင့် ဆောက်လုပ်နေခြင်းဟုဆို

ကျိုက်ထိုဟိုတယ် အခန်းသစ်များ MIC ခွင့်ပြုချက်ဖြင့် ဆောက်လုပ်နေခြင်းဟုဆို - Property News in Myanmar from iMyanmarHouse.com
7 Dec 2017 10:57 am တွင် တင်ခဲ့သည်
3782 ကြိမ် ကြည့်ရှု့ပြီး
ကျိုက်ထီးရိုးစေတီရှိ ကျိုက်ထိုဟိုတယ်သည် အခန်းသစ်များ ဆောက်နေခြင်းကြောင့်စသုံးလုံးကို စစ်ဆေးစေခဲ့ရာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ခွင့်ပြုချက်ဖြင့် ဆောက်လုပ်ကြောင်း စစ်ဆေး တွေ့ရှိရ၍ အခန်းများဆက်လက် ဆောက် လုပ်ခွင့်ပြုကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက ပြောသည်။

ကျိုက်ထီးရိုးစေတီ အနီး ရှိ ဟိုတယ်များ အခန်းအသစ် ဆောက်လုပ်ခြင်းကို တားမြစ်ထားပြီး ကျိုက်ထိုဟိုတယ်သည် အခန်းအသစ်များ ဆောက်လုပ်နေသ ဖြင့် ဥပဒေနှင့် ညီ၊ မညီ နိုဝင်ဘာ နောက်ဆုံးပတ်က အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန (စသုံးလုံး)ကို စစ်ဆေးစေခဲ့ကြောင်း ဒေါက်တာ အေးဇံက ဆိုသည်။

‘‘ကျိုက်ထိုဟိုတယ်က အ ခန်း ၁၀၀ ထပ်တိုးချဲ့ဆောက်နေ တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဘယ်လို အထောက်အထားနဲ့ ဆောက်နေ လဲဆိုတာ သိချင်လို့ စသုံးလုံးကို ဝင်မေးခိုင်းတာပါ။ သူတို့ဆီက ဆိုက်ပလန်ကို ကြည့်လိုက်တော့ MIC ခွင့်ပြုချက်နဲ့ ဆောက်နေ တော့ ဆောက်လုပ်တာကို ခွင့်ပြု လိုက်တယ်။ တခြားမှုခင်းပိုင်းကို စစ်ခိုင်းတာမဟုတ်ပါဘူး’’ဟု ဒေါက်တာအေးဇံက ပြောသည်။

စသုံးလုံးအဖွဲ့သည် ပြည် နယ်တွင်းရှိ အချို့သော ကိစ္စရပ် များကို သိရှိနိုင်သဖြင့် ၎င်းအဖွဲ့ ကို တာဝန်ပေး၍ စစ်ဆေးစေခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကျိုက်ထီးရိုးစေတီတော် အနီး ခွင့်ပြုချက်မရှိဘဲ အခန်းပို များ တည်ဆောက်သည့် ဟိုတယ် များကို ဟိုတယ်နှင့် ခရီးသွားလာ ရေးဝန်ကြီးဌာနက သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့် အညီတည်ဆဲဥပဒေလုပ်ထုံးလုပ် နည်းများအတိုင်း ဆောင်ရွက်မည် ဟု ၂၀၁၆ စက်တင်ဘာက သာ သနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။

စေတီတော်သို့ နှစ်စဉ်နှစ်တိုင်း ပြည်တွင်း၊ ပြည်ပဘုရားဖူးဧည့်သည် နှစ်သန်းကျော် လာရောက် လည်ပတ်လေ့ရှိပြီးဘုရားဖူးများ တည်းခိုရန် တောင်ပေါ်တွင် ရိုးရိုးလေးဟိုတယ်၊ ကျိုက်ထိုဟိုတယ်နှင့် Mountain Top ဟိုတယ်၊ ရသေ့တောင်တွင် Golden Rock ဟိုတယ်တို့ရှိသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

Shwe Moe Kaung
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service